ဇွဲကပင်တောင်ပေါ်မှာပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူ မိန်းကလေးအလောင်းကို ရှာဖွေတွေ.ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဇွဲကပင်တောင်မှ တက္ကသိုလ်ကျောင်းသူကောင်မလေးရဲ့
အလောင်းကို ရှာဖွေတွေ့ရှိပါပြီ။

ကောင်မလေးအား ကျောက်တောင်တစ်နေရာတွင် Drone နဲ့ ရှာဖွေတွေ့ရှိခဲ့တာပါ။


သော့တွေ့ရှိသောနေရာမှ အနက်ပေ ၃၀၀ တွင်တွေ့ရှိတာဖြစ်ပါတယ်။

 

အမည် – ဇာခြည်မြင့်မြတ်
အသက် – ၂၀
ယခုနေထိုင်ဆဲလိပ်စာ-ဘားအံမြို့-အမှတ်(၆)ရပ်ကွက်၊ပြည်ထောင်စု ဘုရားကုန်းလမ်းအဆောင်။

ကြာသပတေးနေ့(၂၅.၆.၂၀၂၀)
—————-
မေးမြန်းချက်များအရ အဆိုပါကောင်မလေးသည် ကြာသပတေးနေ့လည်တွင် သူငယ်ချင်းဖြစ်သူနဲ့မုန့်စားပြီးအပြန်တွင် ညနေ ခန့်မှန်း ၃နာရီနောက်ပိုင်းတွင် ဇွဲကပင်တောင်ပေါ်သို့ တစ်ဦးထဲတောင်ပေါ်သို့တက်ရောက်သွားကြောင်းသိရှိရပါသည်။

ယခုလက်ရှိသူမနေထိုင်သောအဆောင်အိမ်ကလဲ အချိန်အတိုင်းအတာတစ်ခုထိ ပြန်မလာသေးတာကြောင့် စိတ်ပူကာဖုန်းဆက်သော်လည်းမရသဖြင့် လိုက်လံရှာဖွေခဲ့ကြပါတယ်။ညပိုင်းရောက်တော့ တောင်ပေါ်တက်သွားကြောင်းသတင်းရရှိသည်နှင့် ညပိုင်းဇွဲကပင်တောင်ပေါ်တက်ဖို့ မအိရွှေစင်ဖြိုးမှ ကျွန်တော့်ကိုလဲအကူအညီတောင်းခဲ့ပါသည်။ ညတွင်းချင်းကျွန်တော်အပါအဝင် ကိုတိုးနှင့်လူမှုကူညီရေးအသင်းမာဃမှ တစ်ကိုယ်တော်နောင်နှင့် ရှိုင်းသူရ တို့နှင့် ၄ဦးအပါအဝင် ည ၁၂:၃၀ အချိန် ကူညီဖို့အတွက်သွားရောက်ပေးခဲ့ကြပါတယ်။

ရောက်တဲ့အချိန် ကညည့်နက်နေတော့ မနက်မှာ ဝိုင်းဝန်းကုညီဆောင်ရွက်ပေးဖို့ ဘားအံမီးသတ်တပ်ဖွဲ့ကို ည ၃နာရီလောက်သွားရောက်အကြောင်းကြားပေးခဲ့ပါတယ်။မီးသတ်တပ်ဖွဲ့ဝင်များကလဲ မနက် ၅နာရီ အလင်းရောင်စတင်ထွက်ရှိချိန်၌ အင်တိုက်အားတိုက် ရှာဖွေမှုပြုလုပ်ပေးခဲ့ပါတယ်။

သောကြာနေ့(၂၆.၆.၂၀၂၀)
————
မီးသတ်တပ်ဖွဲ့များ သောကြာနေ့ မနက် ၅နာရီဝန်းကျင်မှစတင်၍ရှာဖွေမှုများပြုလုပ်ရာ .တောင်ခြေတွင်ဆိုင်ကယ်နှင့် တောင်ပေါ်တွင်ချွတ်ထားခဲ့သောဖိနပ်ကိုသာတွေ့ရှိပြီး အခြားသောထူးခြားမှုများမတွေ့ရှိတာကြောင့် မွန်းလွဲ ၂:၃၀ခန့်တွင်တောင်ခြေသို့ပြန်ဆင်းလာခဲ့ကြပါတယ်။ ထိုစဉ်တောင်ပေါ်မှ ဆင်းလာသော ဒေသခံနှစ်ဦးထံမှ ဇွဲကပင်တောင် တောင်အစွန်းကျောက်ကြားအတွင်း ဆိုင်ကယ်သော့ကောက်ရထားလို့ အလှူခံဌာနမှာ လာအပ်ကြပါတယ်။လာအပ်တဲ့သော့နဲ့ ပျောက်ဆုံးနေသောကောင်မလေးရဲ့ဆိုင်ကယ်ကို ဖွင့်ကြည့်တော့ဖွင့်လို့ရတာကြောင့် ဟုတ်မှန်ကြောင်းအတည်ပြုလိုက်ပါတယ်။

 

Credit – Sayar Lone


Spread the love
  •  
  •  
  •  
  •  
  •  
  •