ညီညာဝိုင်းဖို့ လိုပါတယ် (ထိန်လင်း)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ညီညာဝိုင်းဖို့ လိုပါတယ်
—————————–
စတီးလ် အကြော်အိုးလေးတစ်လုံး။
နှစ်ပေါင်းများစွာ သုံးလာတော့ ဆီငွေ့တွေ မှိုင်းတွေကြောင့် အရောင်က ပြောင်လက်လက် မရှိတော့။ အသစ်တုန်းကတော့ အမြဲပြောင်လက်နေအောင် တိုက်ချွတ်ဆေးကြောခဲ့တာပေါ့။ အချိန်ကြာလာတော့ ပေကျံနေတာကို သန့်စင်အောင်ဆေးကြောပြီး သုံးနေပေမယ့် အပြင်ဘက်က တဖြည်းဖြည်း အရောင်ပြောင်းခဲ့ပါပြီ။ သုံးလို့ရပေမယ့် အမြင်မလှတော့ပါ။

အသစ်တုန်းက သာမန် ပန်းကန်ဆေးဖတ်နဲ့ဆေးကြောရုံနဲ့ အတွင်းရောအပြင်ပါ ပြောင်လက်သွားပေမယ့် ကြာလာတဲ့အခါ အပြင်ဘက်က ပေကျံပြီး ပြောင်းလာတဲ့ အစွန်းအထင်းတွေကို ပန်းကန်ဆေးဖတ်နဲ့ တိုက်လည်း မပြောင်တော့ပါဘူး။ ဒီတော့ ကိုယ်တွေကလည်း သိပ်ဂရုမစိုက်တော့ဘူးပေါ့။ အဲဒီလို ဂရုမစိုက်လေ ညစ်ထေးမှုက ပိုလာလေနဲ့ အောက်ခြေမှာ ချိုးတက်လာတဲ့အထိပါပဲ။

ဒီနေ့တော့ ဒီအိုးကို ပြောင်လက်အောင် နည်းနည်းကြိုးစားဦးမှပဲဆိုပြီး စတီးမျှင် အိုးတိုက်ဖတ်မှာ ဆပ်ပြာရည်ဆွတ်ပြီး တိုက်ကြည့်ပါတယ်။ မရ။ ဒီတော့ နည်းနည်း အားစိုက်ပြီး ဖိတိုက်လိုက်တယ်။ ခပ်ပါးပါး ဆီငွေ့နဲ့ မီးမြှိုက်ခံထားရတဲ့ နေရာတချို့ ပြောင်လက်လာတယ်။ အချိန်နည်းနည်း ကြိုးစားတိုက်ချွတ်လိုက်တော့ တော်တော်လေး ပြောင်လက်လာပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ပေကျံထားတဲ့အရာဆိုတော့ နောက်ထပ် နောက်ထပ် ဆက်ပြီး တိုက်ချွတ်ဆေးကြောရဦးမယ်။ ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ ကျန်တဲ့သူတွေပါ ဝိုင်းဝန်း တိုက်ချွတ်လိုက်ရင်တော့ မြန်မြန် ပြောင်လက်လာပေလိမ့်မယ်။

မြန်မာ့နိုင်ငံရေးကလည်း ဒီအကြော်အိုးလေးလိုပါပဲ။ ပြည်သူလူထုရဲ့ အခြေခံရပိုင်ခွင့်ဆိုတာ မွေးရာပါအခွင့်အရေးတွေပါ။ အကြော်အိုးလေးရဲ့ ပေကျံမှုအောက်မှာ တောက်ပြောင်တဲ့အလွှာရှိသလို ဖိနှိပ်မှု ပိတ်ဆို့မှုတွေအောက်မှာ မူလအခွင့်အရေးတွေ ရှိပါတယ်။ ဒါတွေပြန်ရအောင် ကြိုးပမ်းရပါမယ်။ ဆုံးရှုံးခဲ့ရတာ နှစ်ပေါင်းများစွာကြာပြီဆိုတော့ အလွယ်တကူ မြန်မြန်ဆန်ဆန် ပြန်မရနိုင်ပါ။ ဇွဲရှိဖို့ အားမလျှော့ဖို့ လိုပါတယ်။

နှစ်ပေါင်းများစွာ နေရာယူထားတဲ့ မတရားမှုတွေကို တော်လှန်တဲ့အခါ တစ်ယောက်တည်း တစ်ဖွဲ့တည်း အားနဲ့ မရပါဘူး။ တဝက်တပျက်မှာ ရပ်လိုက်လို့လည်း မဖြစ်ပါဘူး။ “ညဥ့်ပိုနက်လေ အရုဏ်နဲ့နီးလေ” ဆိုပေမယ့် လူတွေကြိုးပမ်းရတဲ့ တော်လှန်ရေးများက လောကသဘာဝ နိယာမတရားတွေလို ပုံသေသတ်မှတ်ထားလို့ မရပါဘူး။ တိုင်းပြည်အနာဂတ် တောက်ပဖို့ဆိုရင် အားလုံးက ဝိုင်းဝန်းကြိုးပမ်းမှ ဖြစ်မှာပါ။ အကြောက်တရားတွေ၊ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုတွေ၊ မတရားမှုတွေ ပြည့်နှက်နေတဲ့ စနစ်ဆိုးတစ်ခုကို ပျောက်အောင်လုပ်ဖို့က ပိုခက်ပါတယ်။ အထူးသဖြင့် မိုက်ကန်းတဲ့ အာဏာရှင်တွေထက် ကောက်ကျစ်တဲ့အာဏာရှင်ကို ဖြုတ်ချရတာ ပိုခက်ပါတယ်။

ကျနော်တို့ မမီလိုက်တဲ့ မျိုးဆက်တွေဟာ ​ကိုလိုနီစနစ်အောက်က တိုင်းပြည်ကို လွတ်မြောက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ အများစုက တိုင်းပြည်လွတ်လပ်ရေးရတဲ့အချိန်မှာ သက်ရှိထင်ရှားမရှိတော့ပါဘူး။ လွတ်လပ်ရေးရပြီး ၁၀ နှစ်ကတည်းက စစ်တပ်အောက် တိုင်းပြည်ရောက်ခဲ့တာကလည်း အခုထိပါပဲ။ ဒီလိုပြောတာကို မကြိုက်ရင်၊ လက်မခံရင် စစ်တပ်က မြန်မာပြည် နိုင်ငံရေးဦးဆောင်မှုက ထွက်ပြီး အစိုးရအောက်မှာ နေလိုက်ပါ။ မတရားအုပ်ချုပ်မှုက လွတ်မြောက်ဖို့ စတင်ပေါ်ပေါက်လာတဲ့ တပ်မတော်က တိုင်းပြည်လွတ်မြောက်မှုအတွက် အဟန့်အတားဖြစ်နေရတာကတော့ ရှက်စရာပါ။

ကျနော်ကတော့ အိုးတိုက်ဖတ် ခပ်ကြမ်းကြမ်းနဲ့ ညစ်ပေနေတဲ့အိုးကို မပြောင်မချင်း တိုက်နေဦးမှာပါ။ ညစ်ပေနေတဲ့ အိုးကလေးကို လူမြင်သူမြင်ကောင်းအောင် လုပ်ရပါမယ်။ လူများများ ဝိုင်းပြီး တိုက်ချွတ်လိုက်ရင်တော့ မြန်မြန်တောက်ပြောင်လာမှာပါ။ ညီညီညာညာ ဝိုင်းဖို့တော့ လိုပါတယ်။ မဟုတ်ရင် စောစော အမှိုက်ပုံကို ရောက်သွားပါလိမ့်မယ်။ ကိုယ့်လက်ထက်မှာ တတ်နိုင်သလောက် ထိန်းသိမ်းမှဖြစ်မယ်လေ။ ကိုယ်မရှိတော့ရင်တောင် တခြားသူက အမြတ်တနိုး တန်ဖိုးထားနိုင်အောင်ပေါ့။ ။

#ထိန်လင်း
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၃ ရက်

ညီညာဝိုင်းဖို့ လိုပါတယ်
—————————–
စတီးလ် အကြော်အိုးလေးတစ်လုံး။
နှစ်ပေါင်းများစွာ သုံးလာတော့ ဆီငွေ့တွေ မှိုင်းတွေကြောင့် အရောင်က ပြောင်လက်လက် မရှိတော့။ အသစ်တုန်းကတော့ အမြဲပြောင်လက်နေအောင် တိုက်ချွတ်ဆေးကြောခဲ့တာပေါ့။ အချိန်ကြာလာတော့ ပေကျံနေတာကို သန့်စင်အောင်ဆေးကြောပြီး သုံးနေပေမယ့် အပြင်ဘက်က တဖြည်းဖြည်း အရောင်ပြောင်းခဲ့ပါပြီ။ သုံးလို့ရပေမယ့် အမြင်မလှတော့ပါ။

အသစ်တုန်းက သာမန် ပန်းကန်ဆေးဖတ်နဲ့ဆေးကြောရုံနဲ့ အတွင်းရောအပြင်ပါ ပြောင်လက်သွားပေမယ့် ကြာလာတဲ့အခါ အပြင်ဘက်က ပေကျံပြီး ပြောင်းလာတဲ့ အစွန်းအထင်းတွေကို ပန်းကန်ဆေးဖတ်နဲ့ တိုက်လည်း မပြောင်တော့ပါဘူး။ ဒီတော့ ကိုယ်တွေကလည်း သိပ်ဂရုမစိုက်တော့ဘူးပေါ့။ အဲဒီလို ဂရုမစိုက်လေ ညစ်ထေးမှုက ပိုလာလေနဲ့ အောက်ခြေမှာ ချိုးတက်လာတဲ့အထိပါပဲ။

ဒီနေ့တော့ ဒီအိုးကို ပြောင်လက်အောင် နည်းနည်းကြိုးစားဦးမှပဲဆိုပြီး စတီးမျှင် အိုးတိုက်ဖတ်မှာ ဆပ်ပြာရည်ဆွတ်ပြီး တိုက်ကြည့်ပါတယ်။ မရ။ ဒီတော့ နည်းနည်း အားစိုက်ပြီး ဖိတိုက်လိုက်တယ်။ ခပ်ပါးပါး ဆီငွေ့နဲ့ မီးမြှိုက်ခံထားရတဲ့ နေရာတချို့ ပြောင်လက်လာတယ်။ အချိန်နည်းနည်း ကြိုးစားတိုက်ချွတ်လိုက်တော့ တော်တော်လေး ပြောင်လက်လာပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ပေကျံထားတဲ့အရာဆိုတော့ နောက်ထပ် နောက်ထပ် ဆက်ပြီး တိုက်ချွတ်ဆေးကြောရဦးမယ်။ ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ ကျန်တဲ့သူတွေပါ ဝိုင်းဝန်း တိုက်ချွတ်လိုက်ရင်တော့ မြန်မြန် ပြောင်လက်လာပေလိမ့်မယ်။

မြန်မာ့နိုင်ငံရေးကလည်း ဒီအကြော်အိုးလေးလိုပါပဲ။ ပြည်သူလူထုရဲ့ အခြေခံရပိုင်ခွင့်ဆိုတာ မွေးရာပါအခွင့်အရေးတွေပါ။ အကြော်အိုးလေးရဲ့ ပေကျံမှုအောက်မှာ တောက်ပြောင်တဲ့အလွှာရှိသလို ဖိနှိပ်မှု ပိတ်ဆို့မှုတွေအောက်မှာ မူလအခွင့်အရေးတွေ ရှိပါတယ်။ ဒါတွေပြန်ရအောင် ကြိုးပမ်းရပါမယ်။ ဆုံးရှုံးခဲ့ရတာ နှစ်ပေါင်းများစွာကြာပြီဆိုတော့ အလွယ်တကူ မြန်မြန်ဆန်ဆန် ပြန်မရနိုင်ပါ။ ဇွဲရှိဖို့ အားမလျှော့ဖို့ လိုပါတယ်။

နှစ်ပေါင်းများစွာ နေရာယူထားတဲ့ မတရားမှုတွေကို တော်လှန်တဲ့အခါ တစ်ယောက်တည်း တစ်ဖွဲ့တည်း အားနဲ့ မရပါဘူး။ တဝက်တပျက်မှာ ရပ်လိုက်လို့လည်း မဖြစ်ပါဘူး။ “ညဉ့်ပိုနက်လေ အရုဏ်နဲ့နီးလေ” ဆိုပေမယ့် လူတွေကြိုးပမ်းရတဲ့ တော်လှန်ရေးများက လောကသဘာဝ နိယာမတရားတွေလို ပုံသေသတ်မှတ်ထားလို့ မရပါဘူး။ တိုင်းပြည်အနာဂတ် တောက်ပဖို့ဆိုရင် အားလုံးက ဝိုင်းဝန်းကြိုးပမ်းမှ ဖြစ်မှာပါ။ အကြောက်တရားတွေ၊ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုတွေ၊ မတရားမှုတွေ ပြည့်နှက်နေတဲ့ စနစ်ဆိုးတစ်ခုကို ပျောက်အောင်လုပ်ဖို့က ပိုခက်ပါတယ်။ အထူးသဖြင့် မိုက်ကန်းတဲ့ အာဏာရှင်တွေထက် ကောက်ကျစ်တဲ့အာဏာရှင်ကို ဖြုတ်ချရတာ ပိုခက်ပါတယ်။

ကျနော်တို့ မမီလိုက်တဲ့ မျိုးဆက်တွေဟာ ကိုလိုနီစနစ်အောက်က တိုင်းပြည်ကို လွတ်မြောက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ အများစုက တိုင်းပြည်လွတ်လပ်ရေးရတဲ့အချိန်မှာ သက်ရှိထင်ရှားမရှိတော့ပါဘူး။ လွတ်လပ်ရေးရပြီး ၁၀ နှစ်ကတည်းက စစ်တပ်အောက် တိုင်းပြည်ရောက်ခဲ့တာကလည်း အခုထိပါပဲ။ ဒီလိုပြောတာကို မကြိုက်ရင်၊ လက်မခံရင် စစ်တပ်က မြန်မာပြည် နိုင်ငံရေးဦးဆောင်မှုက ထွက်ပြီး အစိုးရအောက်မှာ နေလိုက်ပါ။ မတရားအုပ်ချုပ်မှုက လွတ်မြောက်ဖို့ စတင်ပေါ်ပေါက်လာတဲ့ တပ်မတော်က တိုင်းပြည်လွတ်မြောက်မှုအတွက် အဟန့်အတားဖြစ်နေရတာကတော့ ရှက်စရာပါ။