၁၃.၁၀.၂၀၂၀ ရက်နေ့၊ ၀၉ ၂၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ် (၂) ရပ်ကွက်၊ ဆန်တန်းရပ်၊ နေအိမ်အတွင်းရှိ ကုက္ကိုပင်သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လဲကျကာ နေအိမ်ပေါ်သို့ ပိမိခဲ့ ပါတယ်။
အခင်းဖြစ်ပွားရာသို့ ညောင်ဦးခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့သိရပါတယ်။
Source – MFSD