ညောင်ဦး၊ ဒါန်းရွာမှာ ​လေးကောင်ဂျင်ဝိုင်းဖမ်းမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လေးကောင်ဂျင် လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ဒါန်းကျေးရွာအုပ်စု၊ ဒါန်းကျေးရွာအနီး တောထဲ၌ လေးကောင်ဂျင် လောင်း ကစားပြုလုပ်နေကြောင်းသတင်းအရ စဉ့်ကူနယ်မြေရဲစခန်းမှ ရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်က သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လောင်းကစား ပြုလုပ်နေသူများဖြစ်သော ဇော်ထွန်း ၄၆ နှစ်၊ ဒါန်းကျေးရွာ၊ မြင့်နိုင် ၄၄ နှစ်၊ ဒါန်းကျေးရွာ၊ မျိုးသက် ၄၆ နှစ်၊ အနောက်ပိုင်းရပ်ကွက်၊ ဆိပ်ဖြူမြို့၊ မကွေးတိုင်းဒေသကြီးနေသူတို့အား လေးကောင်ဂျင်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ မြန်မာငွေစက္ကူ ရောရာ ၂၀၆၈၅၀၀ ကျပ်၊ ဆိုင်ကယ်မျိုးစုံ(၁၂)စီး၊ suzuki မော်တော်ယာဉ်(၁)စီး၊ လက်ကိုင်ဖုန်းမျိုးစုံ (၆)လုံးတို့နှင့်အတူတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စဉ့်ကူနယ်မြေရဲစခန်း(ပ)၅၄/၂၀၂၀၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MP
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •