ညွန့်ပေါင်းဖြစ်ဖို့ လိုသေးလို့လား (ထွန်းဇော်ဌေး)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ညွန့်ပေါင်းဖြစ်ဖို့ လိုသေးလို့လား

ကိုဗစ်၁၉မတိုင်မီကာလက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေခဲ့တာက ‘ညွန့်ပေါင်း’အစိုးဖြစ်ဖို့လိုတယ် ဆိုတဲ့ လှိုင်းပါ။ ဒီလှိုင်းထဲကို အချို့သောစစ်အာဏာဆန့်ကျင်သမားတွေတောင် သံယောင်လိုက်ကြတာကိုတွေ့ရ သေးရဲ့။ သတင်းသမားအချို့လည်း ဒီအကြောင်းပြောနေကြလို့ “ညွန့်ပေါင်းအစိုးရလိုသေးလို့လား”လို့မေးခဲ့ဖူး တယ်။ ဒီအကြောင်းပြောတော့ ၁၉၉၀ပြည့်နှစ်က ရွေးကောက်ပွဲအကြောင်းပြေးမြင်မိတယ်။

၁၉၉၀ပြည်နှစ် ကာလတွေတုန်းက ပြည်သူအားလုံးဟာ အပြတ်အသတ်နိုင်ရေးကိုဘဲ အားသွန်မျှော်လင့်ခဲ့ကြ တာ။ မျှော် လင့်ခဲ့တဲ့အတိုင်း NLD ဟာ အနိုင်ရခဲ့ပါတယ်။ အဲ့ဒီကာတွေမှာ “အာဏာလွှဲမလားမလွှဲဘူးလား” ဆိုတဲ့ အမေးဟာ လူထုကြားမှာ တွင်တွင်ကျယ်ကြီး အငြင်းပွားမှုဖြစ်ခဲ့ကြတယ်။ လူငယ်တွေကြားထဲသာမက ဝါရင့်နိုင်ငံ ရေးသမားကြီးတွေကြားထဲမှာပါ ငြင်ခုံဆွေးနွေစရာတွေဖြစ်လာခဲ့တယ်။ အဲ့ဒီတုန်းကဖြစ်ခဲ့ဘူးတာလေးကို သား ကြီးမောင်ဇေယျက သူ့ရဲ့ “ပြေးပြေးလွှားလျွားသတင်းသမား” ဆိုတဲ့စာအုပ်ထဲမှာရေးထားတာက

NLD ကမဲအပြတ်အသတ်နိုင်တဲ့အကြောင်းဝမ်းသာအယ်လဲ သူ့အဖေကိုပြောပြတော့ သူအဖေက “မင်းတို့အဒီ လောက် အပြတ်အသတ်နိုင်ရင်တော့ ဗိုလ်နေဝင်းက ဘယ်အာဏာအပ်တော့မလဲကွာ။ ဘယ်လွှတ်တော်ခေါ်ပါ့မ လဲ” လို့ပြောသတဲ့။ သူ့အဖေဆိုတာက လင်းယုန်မောင်မောင်ပါ။ ဒို့ဗမာအစည်းအရုံးခေတ်က အမည်က သခင်ရွှေ။ လွတ်လပ်ရေးရတဲ့၁၉၄၈-၄၉မှာထောင်ကျခဲ့တယ်.ထောင်ကလွတ်တော့ ရိုးမမှာတောခိုခဲ့တာပေါ့။ ၁၉၅၅ရောက် တော့ ထောင်ထပ်ကျပြန်ရော။ ထောင်ကလွတ်တော့ ဆရာဗန်းမော်တင်အောင်ရဲ့“လင်းယုန်ဂျာနယ်မှာ ဝင်ရောက် လုပ်ကိုင်ရာက လင်းယုန်မောင်မောင်ကလောင်နဲ့စာတွေရေးခဲ့တာ။

ထားတော့ ကျနော်ပြောမှာသူ့အကြောင်းမဟုတ်။ ရှေ့ကအကြောင်းပြန်ဆက်ရရင် တကယ်လည်းဆရာ လင်း ယုန်မောင်မောင်ပြောခဲ့တဲ့အတိုင်း တပ်ကအာဏာမအပ်ခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေမရေးဆွဲမီမှာ အမျိုးသား ညီလာခံကိုလည်းကိုလည်း သူတို့စိတ်ကြိုက်ကျင်းပခဲ့တယ်။ ဒီအကြောင်းတွေက လူထုသိပြီးသားမို့အရှည်မပြော တော့ဘူး။ ညီလာခံကျင်ပနေစဲကာလမှာလည်း ညီလာခံကိုလက်မခံတဲ့ လူမျိုးစုအဖွဲ့တွေ၊ ညီလာခံကိုယ်စားလှယ် တွေ၊ကျောင်းသားပြည်သူတွေကို ဥပဒေတရပ်ထုတ်ပြန်ပြီး ဖမ်းဆီခဲ့တယ်။
ပြီးတော့မှ စစ်အာဏာရှင်စိတ်ကြိုက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်းခဲ့ပြန်တယ်။ အဲ့ဒီတုန်းကလည်း ၂၀၀၇ ရွှေဝါရောင်အရေးအတော်ပုံလို့နာမည်ကြီးခဲ့တဲ့ ရဟန်းရှင်လူပြည်သူအပေါင်းက အုံကြွတော်လှန်လက်မခံ ကြောင်း မြန်မာတနိုင်ငံလုံးက ပြသခဲ့ကြတယ်။ ၂၀၀၈ အခြေခံဥပဒေအတည်ပြုတော့ မြန်မာတနိုင်လုံး “နာဂစ်” သဘာဝ ဘေးအန္တရာယ်နဲ့ရင်ဆိုင်နေရပြီး သောကရောက်နေချိန်မို့ လူထုဆန္ဒခံယူပွဲမကျင်းပဖို့ ကမ္ဘာတခုလုံးက တောင်းပန် ခဲ့ကြတဲ့ကြားကဘဲ “ပြည်သူအခက် တို့အချက်”လုပ်ခဲ့ကြတယ်။ ဒါကြောင့်လည်း ၂၀၀၈ဖွဲ့ စည်းပုံကို ‘အပုတ်ချိန်’ ကိုယူပြီးအတည်ပြုခဲ့တာကြောင့် ‘နာဂစ်’ဖွဲ့စည်းပုံအခြေခံဥပဒေ’ရယ်လို့ ပြည်သူလူထုက ပျက် ရယ်ပြုခေါ်ဆိုခဲ့ကြတယ်။

အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ထွက်လာတော့ အများစုကစစ်အာဏာရှင်အငွေ့အသက်ရှိနေတဲ့အတွက် လက် မခံခဲ့ကြသလို အချို့ကတော့ ကိုလိုနီခေတ်ကလိုဘဲ‘၉၁ဌာနအုပ်ချုပ်ရေး’ပါကွာလို့ဆိုကြတယ်။ အချို့နိုင်ငံရေးလေ့ လာသူတွေကတော့ နာဂစ်ခြေ/ဥဟာ “ညွန့်ပေါင်းခြေ/ဥဖြစ်တဲ့အတွက် ညွန့်ပေါင်းအစိုးရဘဲဖြစ်မှာပါ”လို့ သုံးသပ် ခဲ့ကြတယ်။ ၁၉၉၀ပြည့်ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ NLDကိုအာဏာမလွှဲရခြင်းရဲ့အဓိအကြောင်းခံဟာ ဒါကြောင့်ပဲ ဖြစ်တယ်။ ၂၀၀၈ခြေ/ဥနဲ့ အာဏာသုံးရပ်ကို အခိုင်အမာယူပြီးမှ ၂၀၁၀မှာရွေးကောက်ပွဲလုပ်ပေးခဲ့တာ။ အဲ့ဒီတုန်း ကကြွေးကြော်သံက “လူမပြောင်းဘူး။ မူပြောင်းမယ်”လို့ဟစ်ခဲ့တာအားလုံးအသိလဲလေ။ မူကပြောင်းစရာမှမလို တော့တာ ခြေ/ဥနဲ့မူချပြီးသာပဲ။ လူကလည်း သူတို့လူတွေပဲမဟုတ်လား။
အဲ့ဒီ‘နာဂစ်’ဖွဲ့စည်း ပုံအခြေခံဥပဒေအရ စစ်တပ်ကအမည်စာရင်းတင်သွင်းခွင့်ရတဲ့ ဝန်ကြီးဌာဟာ(၃)ခုရှိတယ်။ ကာကွယ်ရေး၊ပြည်ထဲရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဌာနတို့ပေါ့။ နိုင်ငံအတွက်တကယ့်အချက်အချာကျတာတွေကို ယူထားတယ်။ ဒါအပြင် အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်နဲ့တိုင်းဒေသကြီးလွှတ်တော်တို့မှာလည်း လူထု ဆန္ဒမပါပဲ တပ်ကိုယ်စားလှယ်အဖြစ် (၂၅)ရာနှုန်း ဝင်ရောက်နေရာယူထားသေးတယ်။ ဒီတော့ ဖွဲ့စည်ပုံအခြေခံဥပ ဒေကိုယ်နှိုက်က “ညွန့်ပေါင်းဖွဲ့စည်းပုံ”ဖြစ်နေသလို အစိုးရဟာလည်း ဖွဲ့စည်းပုံအရ “ညွန့်ပေါင်းအစိုးရ”ဘဲ ဖြစ်ခဲ့ရ တော့တာပေါ့။ ဒါဘာဆန်းလိုလဲ။ အစကတည်းက ညွန့်ပေါင်းအစိုးရဖြစ်ခဲ့ပြီးသားပါ။

သေသေချာချာသတိထားကြည့်ရင် ၂၀၀၈ ကအတည်ပြုခဲ့တဲ့အခြေခံဥပဒေကို အမည်ပေးထားတာကိုက “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ”လို့ပဲ ထိပ်စည်းတပ်ထားတာကိုတွေ့ရမှာပါ။ ၁၉၄၇ ဥပဒေမှာတော့ “ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ”လို့ အမည်တပ်ခဲ့ပါ တယ်။ ၂၀၀၈ခြေ/ဥမှာ “အုပ်ချုပ်ပုံ”ဆိုတဲ့ စကားရပ်ချန်ထားခဲ့တာဟာ ဘယ်သူ့လက်အောက်မှာ “အုပ်ချုပ်ပုံ” ရှိနေလို့ ချန်ထားခဲ့တာလဲ။
အရေးပါတဲ့ ‘အုပ်ချုပ်ပုံ’မှန်သမျှ တပ်ရဲ့အောက်မှာဘဲရှိနေတာပါ။ အရပ်ဘက်အစိုးရဟာ လက်လှမ်းမမှီခဲ့ပါဘူး။ ကိုပါကြီးအသတ်ခံရမှု၊ ဦးကိုနီအသတ်ခံရမှု၊ ဝရမ်းပြေးဖမ်းမမိခြင်း၊ဗစ်တိုးရီးယာလေးရဲ့ တရာခံမပေါ်တဲ့အဖြစ်၊ တရားမျှတခြင်းကင်မဲ့မှုတို့ဟာ ပြည်ထဲရေးရဲ့‘အုပ်ချုပ်ပုံ’လစ်ဟာမှုဘဲ မဟုတ်ပါလား။

၂၀၀၈ခြေ/ဥဟာ အရပ်ဘက်၊တပ်ဘက် ညွန့်ပေါင်းဖွဲ့စည်းပုံလိုဖြစ်နေပေမယ့် အရေးပါတဲ့ ‘အုပ်ချုပ်ပုံ’ဟာ ကာ/ချုပ် ရဲ့လုပ်ပိုင်ခွင့်အောက်မှာရှိနေတာအားလုံအသိ။ သွားလေသူဦးကိုနီကလည်း ဒါကိုထောက်ပြခဲ့တယ်။ ၉၁ဌာနအုပ်ချုပ်ရေးထက်တောင်ဆိုးတဲ့ ခြေ/ဥပါ။၂၅% လို့ဆိုပေမယ့် ၅၀% နီးပါးနဲ့ဖွဲ့စည်းထားတဲ့ ‘ညွန့်ပေါင်း’ လို့တောင် ခေါ်နိုင်ပါတယ်။ ဒီကြားထဲ ဗိုလ်သိန်းစိန်ဆင်းကာနီး ခံတပ်အဖြစ်ထားခဲ့တဲ့ အမြဲတန်းအတွင်းဝန်ဆိုတဲ့ ‘မိုးကျဒလန်’တွေကလည်းရှိသေးတယ်။

ဒီလိုအနေအထားကြားထဲမှာ ဖွဲ့စည်းအုပ်ခုပ်ပုံအခြေခံဥပဒေကို ပြင်ဖို့မကျိုးစားပဲ ညွန့်ပေါင်းအော်နေတဲ့သူတွေ ရဲ့စေတနာက သံသယဖြစ်စရာပါ။ အစထဲက‘ညွန့်ပေါင်းဖွဲ့စည်းပုံနဲ့ညွန့်ပေါင်းအစိုးရ’ဖြစ်နေခဲ့တာကို ထပ်ပြီးညွန့် ပေါင်းကိုတောင်းဆိုနေတာရဲ့ရည်ရွယ်ချက်က ဘာကိုများရည်ရွယ်နေပါလိမ့်။ မေးကြည့်ချင်တယ်။ ‘ညွန့်ပေါင်းဖြစ်ဖို့ လိုသေးလို့လား’

ထွန်းဇော်ဌေး


Spread the love
  •  
  •  
  •  
  •  
  •  
  •