“တက္ကဆက်ကမ်းရိုးတန်းအနီး တိုက်ခတ်ခဲ့တဲ့ အပူပိုင်းဇုံမုန်တိုင်း ဘီတာ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“တက္ကဆက်ကမ်းရိုးတန်းအနီး တိုက်ခတ်ခဲ့တဲ့
အပူပိုင်းဇုံမုန်တိုင်း ဘီတာ”

22 September 2020 တက္ကဆက်

တနင်္လာနေ့ညနှောင်းပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ အပူပိုင်းဇုံမုန်တိုင်း ဘီတာကြောင့် တက္ကဆက် ပြည်နယ်အထက်ပိုင်းမှာ မြေပြိုမှုတွေဖြစ်ပေါ်
ခဲ့ပါတယ်။ပြင်းထန်စွာရွာသွန်းနေတဲ့မိုးကြောင့်
ပြည်နယ်ရဲ့အလယ်ပိုင်းနဲ့အထက်ပိုင်းမှာ
လည်း ထိခိုက်ခံစားရမှုတွေရှိလိမ့်မယ်လို့
ကြိုတင်တွက်ချက်ထားပါတယ်။

မုန်တိုင်းဟာ တက္ကဆက်ပြည်နယ်၊ပို့(တ်) ဘာလာဆာရဲ့အရှေ့တောင်ဘက်အရပ်
ကနေ အရှေ့ဘက်၁၀မိုင်ခန့်အကွာကစတင်
ဗဟိုပြုတိုက်ခတ်ခဲ့ပါတယ်။နံနက်၂နာရီအချိန်
မှာတနာရီမိုင်၄၀နှုန်းအထိဆက်လက်တိုက်ခတ်နေပါတယ်။

မုန်တိုင်းဘီတာကြောင့် တက္ကဆက်ပြည်နည်အလယ်ပိုင်းကမ်းရိုးတန်းကနေ အရှေ့တောင်ပိုင်း လူဆီယာနာပြည်နယ်တိုင်အောင်သောကြာနေ့အထိတောက်လျှောက်မိုးရေချိန်၁၅လက္မအထိရွာသွန်းနိုင်တယ်လို့အမျိုးသားဟာရီကိန်းစင်တာ(NHC)ကခန့်မှန်းတွက်ချက်ထားပါတယ်။

(Ref:www.foxnews.com)


Spread the love
  •  
  •  
  •  
  •  
  •  
  •