တခြားဒေသမှ တောင်ကြီးသို့ လာပါက ခိုင်လုံသည့် ခရီးသွားထောက်ခံချက် ယူဆောင်လာရမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တခြားဒေသမှ တောင်ကြီးသို့ လာပါက ခိုင်လုံသည့် ခရီးသွားထောက်ခံချက် ယူဆောင်လာရမည်

တောင်ကြီး၊ စက်တင်ဘာလ(၅)
COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု တစ်နေ့ထက်တစ်နေ့ ပိုများလာသည့်အတွက်ကြောင့် ရောဂါကာကွယ် ကုသထိန်းချုပ်နိုင်စေရန် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်လေးလုံးကျေးရွာမှာ ပြီးခဲ့သသည့် ဩဂုတ်လ(၂၄)ရက် မှနေ့စပြီး စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။
ပြည်ပမှ တရားမဝင် လာရောက်သည့် ပုဂ္ဂိုလ်များနှင့် Stay at home သတ်မှတ်ထားသည့် ဒေသမှ ဝင်ရောက်လာသည့် ပုဂ္ဂိုလ်များ ဂိတ်ကိုဖြတ်သန်းဆောင်ရွက်သည့်အခါမှာ ကျန်းမာရေးဆိုင်ရာ သံသယရှိသည့် ပုဂ္ဂိုလ်များကို စစ်ဆေးဆောင်ရွက်ဖို့နှင့် ခရီးသွားရာဇဝင် မှတ်တမ်းတင်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီးဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။

 

“မြို့ဝင်မြို့ထွက်ဂိတ်ကို လာရောက်တဲ့အခါမှာ လာရောက်တဲ့ ပုဂ္ဂိုလ်တွေက မိမိတို့ရဲ့ အခြေအနေမှန်ကို မပြောဘူး၊ Contact Person ရဲ့ ရာဇဝင်လိုက်တဲ့အခါမှာ မှားယွင်းတဲ့ သတင်းအချက်အလက် ရရှိထားတာ ဖြစ်တဲ့အတွက် အချိန်တိုတိုအတွင်းမှာ ထိန်းချုပ်ဖို့ရန်အတွက် အားနည်းတဲ့အပိုင်း စစ်ဆေးတွေ့ရှိရပါတယ်၊ ဒေသခံပြည် သူ တွေကို အဓိကပြောချင်တာက တောင်ကြီးမြို့နယ်အတွင်းကို ဝင်ရောက်လာမယ်ဆိုရင် မဖြစ်မနေ ခရီးသွားထောက်ခံစာယူလာပေးဖို့နဲ့ ဂိတ်ကစစ်ဆေးဆောင်ရွက်တဲ့ နေရာမှာလည်း မိမိအခြေအနေ၊ အချက်အလက်နဲ့ ဖုန်းနံပါတ်တွေကို မှန်ကန်စွာပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် က စက်တင်ဘာလ (၅)ရက်မှာ NRC ကို ပြောပါသည်။

 

ရခိုင်ပြည်နယ်အပါအဝင် Stay at home သတ်မှတ်ထားသည့် ဒေသမှ ဝင်ရောက်လာသူများ၊ ပြည်ပကနေ Quarantine မဝင်ရသေးဘဲ ရောက်ရှိလာသူများကို တောင်ကြီးမြို့နယ်အတွင်း သတ်မှတ်ထားသည့် Quarantine Center များမှာ(၂၁)ရက် မဖြစ်မနေ Quarantine ဝင်ရမှာဖြစ်ကြောင်းသိရပါသည်။ ကျန်ဒေသက ဝင်ရောက်လာသူများအနေဖြင့် တိကျခိုင်လုံသည့် ခရီးသွားထောက်ခံစာ ယူဆောင်လာရမှာဖြစ်သည်ဟု သိရပါသည်။

သြဂုတ်လ(၂၈)ရက်မှ စက်တင်ဘာလ(၄)ရက်နေ့အထိ မြဝတီနယ်စပ်ဝင်ပေါက်၊ ကျိုင်းတုံ/ မိုင်းလား နယ်စပ်ဝင်ပေါက်၊ တာချီလိတ်/မိုင်းယု နယ်စပ်ဝင်ပေါက်များမှ ပြန်လည်ဝင်ရောက်လာသည့် တိုင်းဒေသကြီး/ ပြည်နယ်များအသီးသီးမှ ပြည်ပပြန် ပြည်သူ(၁၁၂၉၀)ဦးအား တောင်ကြီးမြို့ရှိ TBC/ ကားလေးကွင်းမှာ လက်ခံဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ပြည်သူများထဲမှ(၉၄၉၀)ဦးအား သက်ဆိုင်ရာ မြို့နယ်အသီးသီးသို့ ရှမ်းပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါသည်။

 

မြဝတီနယ်စပ်ဝင်ပေါက်မှ ပြန်လည်ဝင်ရောက်လာသည့် ရှမ်းပြည်နယ်မှ ပြည်ပပြန် ပြည်သူ (၁၆၉၂)ဦးအား အမှတ်(၁)တည်းခိုရေးစခန်း၊ မိုးကုတ်ဝိပဿနာ၊ ကမ္ဘောဇဗိမ္မာန်၊ ကွန်ပျုတာတက္ကသိုလ်နှင့် တောင်ကြီးတက္ကသိုလ် Quarantine Center များမှာ ကျန်းမာရေးအခြေအနေ စောင့်ကြည့်ပြီး ဆေးစစ်ချက် (Negative) အဖြေထွက်ပါက သက်ဆိုင်ရာမြို့နယ် အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးလျက်ရှိကြောင်း ဦးဖြိုးမင်းထိုက် ထံမှသိရှိရပါသည်။

#တောင်ကြီးသတင်းဌာနခွဲ
#MRTV


Spread the love
  •  
  •  
  •  
  •  
  •  
  •