တည်ဆောက်နေသည့် ဧရာဝတီစင်တာ (မန္တလေး)သို့ တိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှုအားပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တည်ဆောက်လျက်ရှိသည့် ဧရာဝတီစင်တာ (မန္တလေး)သို့ တိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှုအားပေး

Covid-19 ကူးစက်ခံရသူများကို ထားရှိနိုင်ရန်အတွက် ဆောက်လုပ်လျက်ရှိသော ဧရာဝတီစင်တာ (မန္တလေး) တည်ဆောက်ရေး လုပ်ငန်းခွင်များသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် လာရောက်ကြည့်ရှု အားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို လမ်းညွှန်မှာကြားပေးခဲ့ပါသည်။

ထို့အတူ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကလည်း စည်ပင်သာယာရေးကိစ္စရပ်များ အစစအရာရာ အဆင်ပြေချောမွေ့စေရန်အတွက် လာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားပေးခဲ့ပါသည်။

ဧရာဝတီစင်တာ (မန္တလေး)တွင် HDU နှင့် Oxygen Therapy ကုတင်(၁၀၀) ပါဝင်သည့် ကုတင်(၃၀၀)ဆံ့ Covid-19 ကုသရေးဌာနနှင့် ရောဂါပိုးရှိမရှိ စစ်ဆေးပေးနိုင်မည့် Test & Care စင်တာတို့ ပါရှိမည်ဖြစ်ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •