တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈၊ ပြဌာန်းထားသော တည်ဆဲဥပဒေများအား၊ သက်ရောက်ကျုးလွန်လိုက်သည့် တပ်မတော်ခေါင်းဆောင်အချို့နှင့် နိုင်ငံရေးပါတီများ၏ အခြေအနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈၊
ပြဌာန်းထားသော တည်ဆဲဥပဒေများအား၊ သက်ရောက်ကျုးလွန်လိုက်သည့် တပ်မတော်ခေါင်းဆောင်အချို့နှင့် နိုင်ငံရေးပါတီများ၏ အခြေအနေ –

နိုင်ငံတော်သည်စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ
စနစ်ကို ကျင့်သုံးသည်၊
(ဖွဲ့စည်းပုံအခြေခံဥပဒေ၊ပုဒ်မ(၇)၊နိုင်ငံတော်၏အခြေခံမူ)

နိုင်ငံသားတိုင်းသည်ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်၊
(ဖွဲ့စည်းပုံ၊ပုဒ်မ (၃၈)(က)၊နိုင်ငံတော်၏အခြေခံမူ)၊

အခန်း(၉) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ၊ဥပဒေပြဌာန်းချက်များနှင့်အညီ ကျင်းပခဲ့သည့် (၂၀၂၀) ပြည့်နှစ်၊နိုဝင်ဘာလ(၈) ရက်နေ့တွင်၊
မိမိတို့တိုင်းရင်းသား မိဘ ပြည်သူ ပြည်သားများမှ ဥပဒေနှင့်အညီဆန္ဒမဲပေးခဲ့ကြပါတယ်၊
သို့ကြောင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်၊
(နိုင်ငံတော်၏အခြေခံမူ၊ ပုဒ်မ(၄) ) ၊
ဟူသော တည်ဆဲဖွဲ့စည်းပုံအခွင့်အာဏာင့်အညီ ဆန္ဒမဲပေး ဆောင်ရွက်ခဲ့ပါတယ်၊

လွှတ်တော်များ၏ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးများကိုလည်း၊
တည်ဆဲဖွဲ့စည်းပုံ၊ပုဒ်မ(၁၂၃)၊
ပုဒ္မ(၁၅၄)(က)(ခ)၊ ပုဒ်မ၊
ပုဒ္မ(၇၈) ပုဒ်မ၊
ပုဒ္မ(၁၇၁)(က)(ခ) ၊ ပုဒ်မ၊
တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြဌာန်းချက်များနှင့်အညီ ကျင်းပရန် ဆောင်ရွက်ခဲ့တာကို မိမိတို့တိုင်းသူပြည်သားများနဲ့အတူ၊
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်များ၊လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှလည်းသိနေကြပါတယ်၊

နေပြည်တော်စည်ပင်ဝင်း၌ (၄.၂.၂၀၂၁)နေ့ရက်တွင် ကျင်းပပြုလုပ်သည့် လွှတ်တော် တတိယအကြိမ် ပထမပုံမှန် အစည်းအဝေး၊ ဂတိသစ္စာပြုလက်မှတ်ထိုးမူသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈၊
ပုဒ်မ(၁၂၃)ဖွင့်ဆိုပြဌာန်းချက်နှင့်အညီ အထွေထွေရွေးကောက်ပွဲကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း(၉၀) အတွင်း၊
ကျင်းပ ဆောင်ရွက်ခြင်းဖြစ်ပါသောကြောင့်မိမိတို့နိုင်ငံတွင်တရားဝင် (Legitimacy ) ဖြစ်သွားပါပြီ၊

သို့ကြောင့်ပင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတဦးဝင်းမြင်အပါအဝင် အစိုးရအဖွဲ့အဝင်များ အဓမ္မဖမ်းဆီးခံရပြီး၊အရေးပေါ်အခြေခအနေကြေညာထားခြင်းအပေါ် မိမိတို့အလွန်စိုးရိမ်ပူပန်ကြောင်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက တညီတညွတ်တည်း သဘောတူဆုံးဖြတ်ကြပြီး၊
ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ချက်ချင်း လွှတ်ပေးရန်လည်း၊ကြာသပတေးနေ့(4.2.2021) နေ့ရက်တွင်တိုက်တွန်းလိုက်ပါတယ်၊
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းမူကို ဆက်လက်ပံ့ပိုးကူညီရန်လိုအပ်သည်၊
ဟု လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက အလေးထားဖော်ပြထားပါတယ်၊
တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးများ၊အခြေခံအခွင့်အရေးများကို ပြည့်ဝစွာလေးစားရေး၊ အကြမ်းဖက်မူရှောင်ရှားရေး၊ ဒီမိုကရေစီလုပ်ငန်းစဉ်နှင့် မဏ္ဍိုင်အဖွဲ့အစည်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ကြောင်း၊
မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားများနှင့်အညီ ပြန်လည်သင့်မြတ်ရေးနှင့် ဆွေးနွေးညှိနိူင်းရေးဖော်ဆောင်ရန်၊
အရပ်ဖက်အဖွဲ့အစည်းများ၊ဂျာနယ်လစ်များ၊သတင်းမီဒီယာများအပေါ်ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်ပါကြောင်း၊
ကုလသမဂ္ဂအကူအညီပေးရေးလေကြောင်းခရီးစဉ်များကို ပြန်ဖွင့်ခြင်း၊
လိုအပ်နေသူများသို့ လူသားချင်းစာနာထောက်ထားမုအကူအညီပေးရေးအတွက်၊
စသည်တို့ကို ထုတ်ပြန်တောင်းဆိုခဲ့တာကိုတွေ့ကြရမှာပါ၊
ထို့အပြင် တပ်မတော်၏ အာဏာသိမ်းမူ မအောမြင်ဖြစ်ရေးသေချာစေရန် နိုင်ငံတကာမှ အဓိကအရေးယူဆောင်ရွက်မည့် နိုင်ငံများအားစုစည်းရန်ဆောင်ရွက်မည်ဖြစ်ကြောင်း၊
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
အန်တိုနီယိုဂူတာရက်ဇ် က ဖေဖေါ်ဝါရီ(၃) ရက်နေ့မှာ ပြောကြားလိုက်တာကိုလည်းတွေ့ကြရမှာ ဖြစ်ပါတယ်၊
ရွေးကောက်ပွဲကို ပုံမှန်ဘဲ ကျင်းပခဲ့တယ်လို့ယုံကြည်တဲ့ရွေးကောက်ပွဲဖြစ်ပြီး၊
ရွေးကောက်ပွဲပြီးတဲ့နောက်မှာ အခုလိုဖြစ်ခဲ့တာလုံးဝလက်မခံနိုင်စရာပါ၊
အသွင်ကူးပြောင်းရေးကာလမှာ အများကြီးကြာပြီးတဲ့နောက်မှာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းပြန်လှန်ဖို့က လုံးဝကို လက်မခံနိုင်စရာပါ၊
လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က The Washington Post သတင်းဌာနနဲ့အွန်လိုက်းတွေ့ဆုံမူတစ်ရပ်မှာပြောကြားခဲ့သည်ကိုလည်း အားလုံးမှ သိပြီးဖြစ်ကြပါလိမ့်မယ်၊

သို့ပါ၍ မြန်မာနိုင်ငံ၏ လက်ရှိအခင်းအကျင်းဖြစ်တဲ့ ပြည်သူမှ ကိုယ်စားပြုရွေးချယ်ထားသော ဥပဒေပြုကိုယ်စားလှယ်များက တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နှင့်အညီ ကျင်းပမည့် တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးများကို တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နှင့်ညီညွတ်မူမရှိပါဘဲ၊
ပျက်ပြားစေရန်ပြုမူ လုပ်ဆောင်ခြင်း၊
ရွေးချယ်ခံအစိုးရခေါင်းဆောင်များအား ဥပဒေမယ့် ဖမ်းဆီးထိန်းသိမ်းမူပြုခြင်း၊
တို့သည် တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်အားလုံးကို သက်ရောက် လွှမ်းမိုးမူပြုပြီး၊
တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နှင့် ပြဌာန်းထားသည့် တည်ဆဲဥပဒေများကိုပါ ချိုးဖောက်နေမူသာဖြစ်ပါတယ်၊

တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပမည့် တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးကျင်းပမည့်အစီအစဉ်အား နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန်ဆောင်ရွက်ခြင်းဖြစ်ပြီး၊တိုင်းရင်းသားစည်းလုံးညီညွတ်မူကို ပျက်ပြားစေပါသည်၊
ဟူသော ထုတ်ပြန်မူသည် တည်ဆဲဖွဲ့စည်းပုံအခြေပခ ၂၀၀၈ ကိုကျော်လွန်ဆန့်ကျင်မူဖြစ်သည့်အပြင်၊
၎င်းကို ထုတ်ပြန်လိုက်သည့် ယာယီသမ္မတဆိုသည့် စကားလုံးစု၏ အနက်အဓိပ္ပါယ် ဖွင့်ဆို ထုတ်ပြန် ကြေညာမူသည်ပင်လျှင် တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ၏ ဖွင့်ဆိုပြဌာန်းချက်၊ ဥပဒေပါပြဌာန်းချက် ပုဒ်မ(၇၁)နှင့် ပုဒ်မ(၇၂)(၇၃) တို့အားဆန့်ကျင်ဖောက်ဖျက်မူပင်ဖြစ်နေပါပြီ၊

တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကိုကျော်လွန်၊ဖောက်ဖျက်၍ နိုင်ငံတော်အာဏာကို သိမ်းလိုက်သည့်၊
တပ်မတော်၏ ဦးစီးခေါင်းဆောင်မူဖြင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ခန့်ထားခြင်းခံထားရသော အဖွဲ့များ၏ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များထံမှ ရရှိခဲ့သည့် မဲဆန္ဒအရေအတွက်များကို မဲဆန္ဒရှင် မိဘပြည်သူများနှင့်ကုလသမဂ္ဂ၊လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းများထံသို့ ရေးသားအသိပေးတင်ပြပါရစေ၊

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ်တာဝန်ပေးခံရသူများ၏ ရရှိမဲအရေအတွက်ကိုဖော်ပြ အသိပေးပါရစေ၊
(၁) ဦးသိန်းညွန့်(အမျိုးသားဒီမိုကရေစီသစ်ပါတီ)၊
သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ် –
ဒေါက်တာကျော်စွာဦး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD) ၊
မဲဆန္ဒရှင်များ၏ ထောက်ခံမဲပေါင်း (၁၁၂၆၀၄) မဲ၊ (၈၈•၉၉)% ၊
ဦးသိန်းညွန့် မှ ရရှိသည့်မဲအရေအတွက် (၅၇၈၁)မဲ ၊ (၄•၅၇)% ၊
NLD ကိုယ်စားလှယ်နှင့် ကွာဟမူမဲအရေအတွက်ပေါင်း (၁၀၆၈၂၃)၊

(၂) ဖဒိုမန်းငြိမ်းမောင် (ကရင်ပြ
ည်သူ့ပါတီ)၊
ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် –
ဦးညွန့်သိန်း( NLD)
မဲဆန္ဒရှင်များ၏ထောက်ခံမဲပေါင်း (၉၀၄၆၅)မဲ၊ (၅၈•၀၁) % ၊
ဖဒိုမန်းငြိမ်းမောင် မှရရှိသည့် မဲအရေအတွက်
(၁၃၇၇၅) မဲ၊ (၈•၈၃) % ၊
NLD ကိုယ်စားလှယ်နှင့်ကွာဟမဲပေါင်း (၇၆၆၉၀) မဲ၊

(၃) ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ) (NDF)
တစ်ချို့က ရာဂဏန်းမျှမဲ၊
တစ်ချို့က နှစ်ထောင်မကျော်သော တစ်ထောင်ကျော်ရရှိမဲ၊
ဝင်ပြိုင်သည့် မဲဆန္ဒနယ်အားလုံးတွင်ရှုံးပါတယ်၊

(၄) ဦးစောဒီနီယယ် (ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ)(KySDP)၊
ဖားဆောင်းမြို့နယ်၊အမှတ်(၂) ပြည်နယ်လွှတ်တော် –
စောစတိုင်လို (NLD)
မဲဆန္ဒရှင်များ၏ ထောက်ခံမဲပေါင်း (၃၀၈၂)မဲ၊ (၆၀•၁၉) % ၊
ဦးစောဒယ်နီယယ် ရရှိသည့် မဲအရေအတွက် (၈၉၄)မဲ၊ (၁၇•၄၃) % ၊
NLD ကိုယ်စားလှယ်နှင့်ကွာဟမဲ (၂၁၈၈)မဲ၊
(၄.၂.၂၀၂၁) နေ့တွင် ၎င်းအား KySDP ပါတီဝင်အဖြစ်မှထုတ်ပယ်လိုက်သည်ဟု သိကြရပါတယ်၊

ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ အချို့၏ မဲရရှိမူ –
ဦးဝဏ္ဏမောင်လွင်၊
ဇမ္ဗူသီရိ ပြည်သူ့လွတ်တော်မဲဆန္ဒနယ် –
ဦးကျော်ထွေး (NLD)
မဲဆန္ဒရှင်များ၏ ထောက်ခံမူမဲပေါင်း (၄၆၆၄၀) မဲ၊ (၆၇•၃၅) % ၊
ဦးဝဏ္ဏမောင်လွင်(ပြည်ခိုင်ဖြိုးပါတီ)
ရရှိသည့်မဲအရေအတွက် (၁၈၂၂၄) မဲ၊ (၂၆•၃၂) % ၊
NLD ကိုယ်စားလှယ်နှင့်ကွာဟမဲပေါင်း (၂၈၄၁၆) မဲ၊

ဒေါက်တာသက်သက်ခိုင်၊
မရန်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် –
ဒေါက်တာမေဝင်းမြင့်(NLD)
မဲဆန္ဒရှင်များ၏ ထောက်ခံမဲပေါင်း (၉၁၀၉၆)မဲ၊ (၈၃•၀၈) % ၊
ဒေါက်တာသက်သက်ခိုင်(PPP)
ရရှိသည့်ထောက်ခံမဲ (၇၇၁၂)မဲ၊ (၇•၀၃) % ၊
NLD ကိုယ်စားလှယ်နှင့်ကွာဟမူမဲပေါင်း (၈၃၃၈၄)မဲ၊

အထက်ပါ မဲအရေအတွက်များကြည့်ခြင်းဖြင့် မိမိတို့မြန်နိုင်ငံမှ မဲဆန္ဒရှင် မိဘပြည်သူအများစု၏ အမှန်တကယ် အခြေအနေ စိတ်ဓာတ်များကို ခိုင်ခိုင်မာမာ သိနေ မြင်နေကြရမှာ ဖြစ်ပါတယ်၊

ယခုအခါတွင် မိမိတို့အဝိုင်း အဝန်းတွေထဲမှ
မဲဆန္ဒရှင်များမှ ထောက်ခံမဲပေးမူ အရေအတွက် ရာဂဏန်း(သုံးရာမကျော်)၊
ထောင်ဂဏန်း(သုံးထောင်မကျော်)၊
အုပ်စုများမှ လည်း မိမိတို့နိုင်ငံအတွက် ဒီမိုကရေစီအရေးရှင်သန်၍ ပြန်လည်တိုးတက် ဖြစ်ထွန်းလာစေရန်အတွက် နိုင်ငံရေးအသိ၊
နိုင်ငံရေးသတိ၊ နိုင်ငံရေးသတ္တိ၊နိုင်ငံရေးသုံးသပ် ဆင်ချင်နိူင်မူများဖြင့် အရပ်ရပ်သော မိမိတို့ နိုင်ငံသားအားလုံးနှင့်အတူ ရပ်တည်နိုင်ကြပါစေကြောင်း၊
မိမိတို့နိုင်ငံသားများထံသို့ မိမိတို့ပြည်သူအများစုက ထောက်ခံဆန္ဒမဲပေးထားသည့် ရလဒ်များကို မိမိတို့လက်ဝယ် ပြန်လည်ရရှိ၊ရောက်ရှိလာပါစေကြောင်းနှင့်
မိမိတို့ပြည်သူအများက ထောက်ခံရွေးချယ်ထားပါသော ၊
နိုင်ငံတော်သမ္မဦးဝင်းမြင့်၊
လူထုခေါင်းဆောင်၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊
ကိုမြအေး၊ ကိုမင်းသွေးသစ်နှင့်အတူ နိုင်ငံရေးတာဝန်ရှိသူအားလုံးကို ပြန်လည်လွှတ်ပေးကာ၊
မိမိတို့နိုင်ငံအကျိုးအတွက် ညှိနိူင်း စွမ်းဆောင်နိုင်ကြပါစေရန် အတွက် တိုက်တွန်းလိုက်ပါတယ်။

အလေးထားစွာဖြင့် ကိုသိန်းဌေး ၈၈ ပဲခူး၊
……….(၅.၂.၂၀၂၁)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •