တတိယမြောက် ကမ္ဘာ့အရှားပါးဆုံး တန်ဇန်နိုက်ကျောက်တစ်လုံးထပ်တွေ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

💎 #ကံကောင်းရင်းထပ်ကောင်းနေတဲ့ Saniniu Laizer တစ်ယောက် #တတိယအကြိမ်မြောက်အကြီးဆုံးအရှားဆုံးတန်ဇန်နိုက်ကျောက်တစ်လုံးထပ်တွေ့ပြန်ပြီ။

💎 Tanzanite တန်ဇန်နိုက်ဟာ 🇹🇿 တန်ဇန်းနီးယားနိုင်ငံမြောက်ပိုင်းမှာပဲ တွေ့ရတဲ့ #ရှားပါးကျောက်မျက်ရတနာတစ်မျိုးပါ။

တွေ့တဲ့နေရာလေးကလည်း ၄.၃ မိုင်ရှည်ပြီး ၁.၂ မိုင်ပဲကျယ်တဲ့နေရာလေးကပဲ ထွက်တာပါ။

Saniniu Laizer ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက #ကမ္ဘာ့အကြီးဆုံး တန်ဇန်နိုက်ကျောက် နှစ်လုံးကိုတူးဖော်တွေ့ရှိပြီး နေ့ချင်းညချင်း သန်းကြွယ်သူဌေးကြီးဖြစ်လာခဲ့ပါတယ်။

အဲ့ဒီကမ္ဘာ့အကြီးဆုံး တန်ဇန်နိုက်ကျောက်နှစ်လုံးဟာ ၂၀.၃၄ ပေါင်နဲ့ ၁၁.၂၆ ပေါင် အသီးသီးလေးပါတယ်။

အခုထပ်တွေ့တဲ့ တန်ဇန်နိုက်ဟာ ၁၄ ပေါင်လေးပြီး ခရမ်းပြာရောင်ရှိပါတယ်။

တန်ဇန်နိုက်ဟာ အရောင်ပြောင်းကျောက်မျိုးဖြစ်ပါလိမ့်မယ်။ အပြာ၊ ခရမ်း၊ နီညိုရင့်အရောင်တွေကို ခရစ်စတယ်အနေအထားပုံမူတည်ပြီးပြောင်းပါတယ်။

အလင်းရောင်အမျိုးမျိုးအောက်မှာလည်း အရောင်ပြောင်းတယ်လို့ဆိုပါတယ်။

Blue zoisite လို့ခေါ်ပေမယ့် Tifdany & Co., က tanzanite လို့ နာမည်ပြောင်းပေးခဲ့ပြီး ရှားပါးတဲ့ကျောက်ကို လက်ဝါးကြီးအုပ်ဖို့ ကြံခဲ့တယ်လို့ဆိုပါတယ်။

Blue zoisite ကို tanzanite တန်ဇန်နိုက်လို့ နာမည်ပြောင်းပေးတာက blue suicide လို့ အသံထွက်ဆင်နေလို့ မရောင်းရမှာစိုးလို့ပါတဲ့။

အဲ့ဒီကျောက်ဟာ ဒေါ်လာ ၂ သန်းလောက်တန်ပါတယ်။ အရင်တွေ့ခဲ့တဲ့ တန်ဇန်နိုက် ၂ လုံးတုန်းက တန်ဇန်းနီးယားအစိုးရကနေ သူ့ကို ဒေါ်လာ ၃.၃၅ သန်း ချီးမြှင့်ခဲ့ပါတယ်။

အခုလို တတိယတန်ဇန်နိုက်ကျောက်မျက်တစ်လုံးထပ်ရခဲ့တဲ့ ဖိုးကံကောင်း Laizer ကတော့ သူ့ရဲ့ Lifestyle ပုံစံကိုမပြောင်းပါဘူးတဲ့။

သူမွေးထားတဲ့ 🐂 နွား ၂၀၀၀ ကိုဆက်မွေးထားမယ်တဲ့။

ရရှိတဲ့ငွေကို ကျောင်းတစ်ကျောင်းနဲ့ ကျန်းမာရေးအဆောက်အဦးတစ်ခုဆောက်မယ်ပြောပါတယ်။

ဖိုးကံကောင်း Laizer ဟာ အသက် ၅၂ နှစ်ရှိပြီး #သားသမီးအယောက် ၃၀ နဲ့ နေထိုင်လျှက်ရှိနေပါကြောင်း။

“ကံထမ်းလာတာကိုမမြင်ရ၊ လှံထမ်းလာတာကိုသာမြင်ရ၏” တဲ့။

“စိတ်မလျော့နဲ့ နေ့ချင်းညချင်းထကံကောင်းရင်ကောင်းမှာ ဘယ်သူပြောနိုင်တုန်း။”

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
6-Aug-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •