တနင်္သါရီတိုင်း ဒေသကြီး လောင်းလုံးမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တနင်္သါရီတိုင်း ဒေသကြီး လောင်းလုံးမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီး

တနင်္သါရီတိုင်း ဒေသကြီး၊ လောင်းလုံးမြို့တွင် ကိုဗစ်-၁၉ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေပြည်သူများ၏ မိသားစုဝင် ငွေများလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများ ကုစားပေးနိုင်ရန်နှင့် ကျေးရွာ (၁၁) ရွာရှိ မိသားစုဝင်များ ဝင်ငွေရရှိစေရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိရာ ယခုအခါ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လုပ်ငန်းများရာနှုန်းပြည့် နီးပါးပြီးစီသွားပြီလို့ သိရပါတယ်။

ယခုအခါ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်သောကြောင့် အဆိုပါကျေးရွာများရှိလုပ်ငန်းဆောင်ရွက် ပြီးစီးမှုများကို တနင်္သါရီတိုင်း ဒေသကြီးအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီ ဦးမြင့်စန်း နှင့် တာဝန်ရှိသူတွေက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

အဲဒီ  လုပ်ငန်းများလုပ်ဆောင်ရာတွင် ကျေးရွာပြည်သူများ၏ လုပ်အားကို အသုံးပြုသောကြောင့် ပြည်သူများလည်း မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိတယ်လို့
သိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •