အဂတိလိုက်စားမှု လေးမှုနဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အမှု သုံးခု အတွက် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံရန် တနင်္သာရီတိုင်းဒေသကြီး တရားရုံးက အမိန့် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒေါ်လဲ့လဲ့မော် ကိုလာဘ်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ GGS ကုမ္ပဏီက ထိပ်တန်းအရာရှိနှစ်ဦးကိုလည်း ထောင်ဒဏ် ဆယ်နှစ်စီ ချမှတ်လိုက်ပါတယ်။
အမှုလေးမှုကို တစ်မှု ထောင် ဆယ်နှစ်စီနဲ့ အနှစ်လေးဆယ်ချမှတ်ရာမှာ GGS ကုမဏီနဲ့ ပတ်သက်တဲ့ အမှုနှစ်မှု ဖြစ်တဲ့ တတိယအမှုနဲ.စတုတ္ထအမှုတို.ကို တစ်ပေါင်းတည်း ကျခံစေဖို့ အမိန့်ချလိုက်တဲ့အတွက် စုစုပေါင်း အနှစ် သုံးဆယ် ကျခံရမှာဖြစ်ပါတယ်။
ပထမ အမှုက လမ်းဦးစီးသို့ ဘဏ္ဍာငွေ တစ်လုံးတစ်ခဲတည်းချပေးမှုနှင့် ခြံစည်းရိုးကာရံမှု၊ ဒုတိယ အမှုက လေယာဉ်ကွင်း ခြုံရှင်းသည့် အမှု နှင့် တတိယ အမှုက GGS သဘာဝဓာတ်ငွေ့ အကြွေး ကိစ္စဖြစ်ပြီး စတုတ္ထအမှုက ဒေါက်တာလဲ့လဲ့မော် မိသားစုပိုင် အိမ်နဲ့မြေကို GGS ကုမ္ပဏီကို ရောင်းချတဲ့အမှုတို့ ဖြစ်ပါတယ်။