တနင်္သာရီမြို့နယ်တွင် ရှားပါးကြံ့သူတော်(အမ)တစ်ကောင်ဖမ်းမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

တနင်္သာရီမြို့နယ် အမှတ်(၉)ဒေသတွင် ရှားပါးကြံ့သူတော်(အမ)တစ်ကောင်ဖမ်းမိ

တနင်္သာရီ နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ်၊ မောတောင်မြို့ အမှတ်(၉)ကျေးရွာအုပ်စု၊ အမှတ် (၉) ကျေးရွာ၏ အရှေ့မြောက်ဘက် (၂) မိုင်ခန့်အကွာရှိ ဒေသအခေါ် ရုပ်သေချောင်းရှိ ဦးအောင်မိုးစိုး (ခ) ဦးအောင်အောင် အမှတ်(၉)ကျေးရွာနေသူ၏ တောင်ယာ ဥယျာဉ်ခြံ၌ နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ရှားပါးတိရစ္ဆာန် တစ်မျိုးဖြစ်သော ကြံ့သူတော် (အမ) တစ်ကောင်ကို ဖမ်းမိရရှိ ထားကြောင်း သတင်းအရ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က တနင်္သာရီမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သီဟဇော် နှင့် သစ်တောဝန်ထမ်း (၅)ဦး၊ မောတောင်နယ်မြေ ရဲစခန်းမှ ရဲတပ်ကြပ်ရှိန်လင်းဦးတို့အဖွဲက သွားရောက်ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့စစ်ဆေးကြည့်ရှုရာတွင် ၎င်းကြံ့သူတော်သည် အလျား(၆)ပေ(၆)လက်မ၊ လုံးပတ်(၆)ပေ၊ အမြင့်(၃)ပေ(၇)လက်မ အရွယ်ရှိ ကြံ့သူတော်(အမ)တစ်ကောင်ဖြစ်ပြီး ညွှတ်ကိုင်းမိပြီး ညာဘက်လက်တွင် ထိခိုက်ဒဏ်ရာရရှိထား၍ လမ်းမလျှောက်နိုင်ဖြစ်နေသဖြင့် ဆေးဝါးကုသမှုများ ပြုစုဆောင်ရွက်ပေးထားကြောင်း၊ ထို့အပြင်အဆိုပါကြံ့သူတော်(အမ)အား မြို့နယ် သစ်တောဦးစီးဌာနမှ ယနေ့တွင် တနင်္သာရီမြို့နယ်သစ်တောဦးစီးဌာနရုံးသို့ ၎င်းတို့ ဌာန အစီအစဉ်ဖြင့် သယ်ဆောင်သွားမည်ဖြစ်ပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဖြင့်  ဆက်လက်ကုသပေးမည်ဖြစ်ကာ ပြန်လည်သက်သာကောင်းမွန်လာပါက သက်ဆိုင်ရာသို့ ပို့ဆောင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •