တနင်္သာရီ မြစ်ကူးတံတားသစ် ဖွင့်လှစ် ၊ ပထမဆုံး ဖြတ်သန်းသည့် ကား(၁၆)စီးအား ဂုဏ်ပြုဆုငွေ သုံးသောင်းကျပ်စီပေးအပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တနင်္သာရီ မြစ်ကူးတံတားသစ် ဖွင့်လှစ် ၊ ပထမဆုံး ဖြတ်သန်းသည့် ကား(၁၆)စီးအား ဂုဏ်ပြုဆုငွေ သုံးသောင်းကျပ်စီပေးအပ်

ယနေ့ နံနက် ၁၀ နာရီ ၈ မိနစ်တိတိတွင် ခရီးသွားပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် တနင်္သာရီမြို့ နှစ်လမ်းသွားမြစ်ကူးတံတားသစ်အား ယာယီဖြတ်သန်းခွင့်ပြုလိုက်ပါပြီ။

ပထမဆုံး တံတားပေါ်ဖြတ်သန်းသည့် ခရီးသည်ယာဉ်နှင့်ကား(၁၆)စီးအား ဂုဏ်ပြုသောအားဖြင့် ဆုတော်ငွေ သုံးသောင်းကျပ်စီအား ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

တနင်္သာရီမြစ်ကူးတံတားသစ်ဟာ ယခုအစိုးရသစ်လက်ထက် ပထမဆုံးတည်ဆောက်ပြီးစီးခဲ့သော တနင်္သာရီမြို့နယ်အတွင်းမှ မြစ်ကူးတံတားသစ်တစ်စီးဖြစ်ကာ ဗောဓိကမ်း-ညောင်ပင်ကွင်း မြစ်ကူးတံတားသစ်ကိုလည်း ယခုအစိုးရသစ်တာဝန်ယူနေစဉ်ကာလအတွင်း အပြီးတည်ဆောက်သွားမှာဖြစ်ပါတယ်။

 

Credit – Aung Kyaw Hein
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တနင်္သာရီမြို့နယ်


Spread the love
  •  
  •  
  •  
  •  
  •  
  •