တန့်ယန်းတွင် နန်ဟော်ချောင်းရေမြင့်တက်လာမှုကြောင့် ရပ်ကွက် ၃ ခု ရေကြီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တန့်ယန်းတွင် နန်ဟော်ချောင်းရေမြင့်တက်လာမှုကြောင့် ရပ်ကွက် ၃ ခု ရေကြီး

၂၀.၈.၂၀၂၀ ရက်နေ့၊ ၀၅ ၃၀ အချိန်၊ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး နန်ဟော်ချောင်းရေမြင့်တက်လာမှုကြောင့် ရပ်ကွက်(၁)၊ ရပ်ကွက်(၆)နှင့် ရပ်ကွက်(၁၀)များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေပါတယ်။

 

တန့်ယန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ရပ်ကွက်(၁)ရှိ အိမ်ထောင်စု(၃၅)စုအား ရေဘေးလွတ်ရာ ပန်းသေးခန်းမသို့လည်းကောင်း၊ ရပ်ကွက်(၆)ရှိအိမ် ထောင်စု(၁၁၇)စုအား ဝိန်းလောင်းဘုန်းတော်ကြီးကျောင်းသို့လည်း ကောင်း၊ ရပ်ကွက်(၁၀)ရှိ အိမ်ထောင်စု(၅၀)စုအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့လည်းကောင်း ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေ တယ်လို့ သိရပါတယ်။

 

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •