တန်ဆောင်တိုင်ကာလတွင် ဒေသခံများက ပုဂံညောင်ဦးရှေးဟောင်းဇုန်ရှိ ဘုရားများ ကိုဆီမီးပူဇော်ကြ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တန်ဆောင်တိုင် ရုံးပိတ်ရက်တွင် ဒေသခံများက ပုဂံညောင်ဦးရှေးဟောင်းဇုန်ရှိ ဘုရားများ ကိုဆီမီးပူဇော်ကြ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီပုထိုးများအား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၂၈ရက်၊ ၁၃၈၂ ခုနှစ်၊တန်ဆောင် မုန်းလဆန်း ၁၄ရက်နေ့ည ၆နာရီခွဲမှစတင်ကာ ပုဂံ-ညောင်ဦးဒေသခံများက ဆီမီး ပူဇော်ခဲ့ကြကြောင်း ဦးအောင်ခိုင်(ဒေသခံ)ထံက သိရသည်။

ထိုသို့ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီ၊ပုထိုးများကို ဆီမီး ပူဇော်ကြရာ ဓမ္မရံကြီးဘုရားအပြင်ဘက်တွင် ဆီမီး ၂၅၀၀ ဆီမီးပူဇော်ခဲ့ကြပြီး ၊ ဘုရားနီ၊ အင်ကြင်းဂူ၊ အလိုတော်ပြည့် ၊ စိုးမင်းကြီးအုတ်ကျောင်းပတ်ဝန်းကျင်ဘုရားများ ၊ အပ္ပာယ်ရတနာပတ်ဝန်းကျင်ရှိဘုရားများ၊ ရွှေဆံတော်ပတ်ဝန်းကျင်ရှိဘုရားများ၊ အနော်ရ ထာလမ်းမကြီး ဘေးဘက်ဝဲ/ယာဘုရားများကို ထိခိုက်မှုမရှိစေပဲ၊ဒေသခံများက တန် ဆောင်မုန်းလပြည့်နေ့ အကြိုပူဇော်ခဲ့ကြကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဂေါပကအဖွဲ့ရှိသော ဘုရား ၁၉ဆူဖြစ်သည့် ရွှေစည်းခုံဘုရား၊အလိုတော် ပြည့်၊ အာနန္ဒာ ၊ သဗ္ဗညု၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊ မဟာဗောဓိ၊ ထီးလိုမင်းလို၊ လောက နန္ဒာ၊ ရွှေဆံတော်၊ ဓမ္မရာဇက၊ မနုဟာ၊ မြစေတီ၊ တုရင်တောင်၊ ငှက်ပစ်တောင်၊ ဓမ္မရံကြီး ၊ စူဠာမဏိ၊ ကျောက်ဂူဉမင်၊ ပြဿကြီး ဘုရားများအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအ တွင်း မုဒ်ဦးအဝင်ဝများမှ ပိတ်ထားခဲ့ကာ ဒေသခံများမှ ဘုရားကြီးများအပြင်ဘက်မှ ဆီမီးပူဇော်ခဲ့ကြောင်းသိရပြီး ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ဘုရား၊စေတီ၊ ပုထိုး ၃၈၀၀ကျော် ရှိကြောင်း သိရကာ တန်ဆောင်မုန်းလပြည့်နေ့တွင်လည်း ဆီမီးဆက်လက်ပူဇော်ကြမည် ဖြစ်ကြောင်း သိရသည်။

ကိုထိန်၊KPD
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •