” တပါတ်အတွင်း လူနာများစတင် လက်ခံနိုင်တော့မည့် Fortune Covid Centre “

Spread the love
  •  
  •  
  •  
  •  
  •  
  •  

” တပါတ်အတွင်း လူနာများစတင် လက်ခံနိုင်တော့မည့် Fortune Covid Centre “

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်မှု ဖြင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် ခုတင် ၅၅၀ ပါဝင်သည့် Fortune Covid Centre ကို သာကေတမြို့နယ် ၊Fortune Plaza ရှိ Myanmar Expo ခန်းမကြီးတွင် စတင်တည်ဆောက် လျက်ရှိပါတယ်။

 

အဲဒီ ကိုဗစ်-၁၉ ကူးစက်လူနာ ၅၅၀ အထိလက်ခံကုသပေးမည့် Fortune Covid Centre တည်ဆောက်ရေးအတွက် Excellent Fortune Foundation ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်း ကငွေကျပ်သိန်း ၁၀၀၀ မတည်လှူဒါန်း ထားပါတယ်။

အဲဒီ ကိုဗစ်-၁၉ ကုသရေးစင်တာကို ၁၀ ရက်အတွင်း ပြီးစီးနိုင်ရန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ ဖြင့် စနစ်တကျ စီမံချက်ရေးဆွဲကာ ဆောင်ရွက်လျက် ရှိပြီး လိုအပ်ပါက ကားပါကင်နေရာတွေမှာ ယာယီအဆောင် များတိုးချဲ့ကာ ခုတင်- ၁၀၀၀ အထိ ထားရှိသွားရန် လျာထားဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။

 


Fortune Covid Centre မှာ တက်ရောက်ကုသမှုခံယူသူများအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားများရရှိစေရန်အတွက်နဲ့ တက်ရောက်ကုသမှုခံယူနေစဉ်အတွင်း ပျော်ရွှင်မှုများရရှိစေနိုင်ရန်အတွက် အစားအသောက်များ၊ snacks များ၊ အခြေခံဆေးဝါးများအပြည့်အစုံ ထည့်သွင်းပေးမှာဖြစ်တဲ့အပြင် စာကြည့်တိုက်၊ ကိုယ်လက် ကျန်းမာရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ရန် အထောက် အကူပြု ပစ္စည်းများ၊ Free WiFi စသည်များကို ထားရှိပေးသွားမှာဖြစ်ပါတယ်။

ယခု စင်တာတွင် အရေးပေါ်လူနာများကို ကုသပေးနိုင်ရန်အတွက် High-Dependency Unit: HDU ၁၆ ခုတင် တစ်ပါတည်း ထည့်သွင်းတည်ဆောက်လျက် ရှိကြောင်းသိရပါတယ်။ ဒါ့အပြင် Medical Staff – 50ဦးနဲ့ We Love Yangon မှ Volunteer – 150ဦးတို့ အတွက်လည်း သီးသန့် အဆောက်အအုံများ တစ်ပါတည်း ပါဝင်မည်ဖြစ်ပါတယ်။

 


စင်တာ၏ ဘယ်ညာ နှစ်ဖက်တွင် ကျား/မ သီးသန့် ရေချိုးခန်း/အိမ်သာများထားရှိပေးထားပြီးဆေးဝါးပစ္စည်းများထားရှိရန်စတိုနှင့် အထွေထွေသုံးပစ္စည်းများထားရှိရန်အတွက်စတိုတို့ကိုလည်း သီးသန့်စီထားရှိမှာဖြစ်ပါတယ်။

စေတနာရှင်ပြည်သူများမှ ပံ့ပိုးကူညီလှူဒါန်းနိုင်ရန်အတွက် အလှူခံဌာနကိုလည်း ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး လူနာများ အတွက် မိသားစုများမှာပေးပို့ပေးမည့်ပစ္စည်းများလက်ခံရန်အတွက် ပစ္စည်းလက်ခံဌာနကိုလည်း ဖွင့်လှစ်ပေးထားမယ်လို့သိရပါတယ်။

 


ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါအား အမြန်ဆုံး ထိန်းချုပ် သွားနိုင်ရန် စေတနာရှင် အလှူရှင်များနှင့် ပူးပေါင်းကာ နေ့စဉ်တိုးပွားလာသော ကိုဗစ်-၁၉ အတည်ပြုလူနာများအား ထားရှိကုသမှုပေးရန် နေရာသစ် ကန့်သတ်စောင့်ကြည့်ရေး စခန်းများ ဖော်ဆောင်ပေးလျက်ရှိပါတယ်။

#YangonNation

 


Spread the love
  •  
  •  
  •  
  •  
  •  
  •