တပ်ကုန်းမြို့တွင် ဦးခေါင်းနှစ်လုံးပါသည့် ယောက်ျားလေးတစ်ဦးအသက်ရှင်လျက် မွေးဖွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့တွင် ဦးခေါင်းနှစ်လုံးပါသည့် ယောက်ျားလေးတစ်ဦးအသက်ရှင်လျက် မွေးဖွား
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

တပ်ကုန်း စက်တင်ဘာ ၁၇

နေပြည်တော် တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအုပ်စု၊ ရွေးစုကျေးရွာနေ ဦးသိန်းထိုက်၏ဇနီး မအေးစန္ဒာမြင့်၊ အသက်(၂၉)နှစ်မှာ ကလေး မီးဖွားရန်အတွက် တပ်ကုန်းမြို့ ခုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင် တက်ရောက်လျက်ရှိရာ (၁၆-၉-၂၀၂၀)ရက်နေ့ ည (၈) နာရီအချိန်၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်း ကြီးကြပ်၍ လက်ထောက်ဆရာဝန် ဒေါက်တာမင်းထက်မောင်မောင် (သားဖွားနှင့်မီးယပ်) အဖွဲ့မှ အရေးပေါ်ခွဲစိတ် မွေးဖွားပေးခဲ့ရာ ဦးခေါင်းနှစ်လုံးပါသည့် ကလေးငယ် (ယောက်ျားလေး) တစ်ဦး အသက်ရှင်လျက် မွေးဖွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးအား တပ်ကုန်းမြို့နယ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ ကလေးအထူးကုဆရာဝန်မှ လိုအပ်သည်များ လုပ်ဆောင်ပေးပြီး၊ နေပြည်တော်ခုတင် (၅၀၀) ကလေးအထူးကုဆေးရုံသို့ ဆက်လက်လွှဲပြောင်း ပေးပို့ခဲ့ကြောင်း သိရသည်။

Ref; တင်စိုးလွင်
နေပြည်တော်ကောင်စီနယ်မြေ
အမြို့မြို့အနယ်နယ်သတင်းများ


Spread the love
  •  
  •  
  •  
  •  
  •  
  •