တပ်ပြင်နေ တပ်မတော်သားမိသားစုဝင်များ မဲစာရင်း သွားရောက်ကြည့်ရှုစစ်ဆေးနိုင်ရေး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က နှိုးဆော်ထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တပ်ပြင်နေ တပ်မတော်သားမိသားစုဝင်များ မဲဆန္ဒရှင်စာရင်း သွားရောက်ကြည့်ရှုစစ်ဆေးနိုင်ရေး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ကနှိုးဆော်ထား

====================================

နေပြည်တော်၊ ဩဂုတ် – ၈

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင် စာရင်းများကို ၂၅-၇-၂၀၂၀ ရက်နေ့မှ ၇-၈-၂၀၂၀ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထားကြေငြာခဲ့ပြီး ယခု ၈-၈-၂၀၂၀ ရက်နေ့မှ ၁၄-၈-၂၀၂၀ ရက်နေ့အထိ ၇ ရက်ထပ်မံတိုးမြှင့်ကပ်ထားကြေငြာသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာခဲ့ပါသည်။

၂။ တပ်မတော်ဌာနချုပ်၊ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးရှိ တပ်တွင်းနေ တပ်မိသားစုဝင်များ၏ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာထားမှုကို တပ်မတော်သားများ၊ မိသားစုဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။ အလားတူ တပ်ပြင်နေတပ်မတော်သားမိသားစုဝင်များအနေဖြင့်လည်း မဲဆန္ဒရှင်စာရင်းသွားရောက်ကြည့်ရှုခြင်း၊ စစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာနေရာအလိုက် ပြုလုပ်သွားနိုင်ရေး အသိပေးနှိုးဆော်အပ်ပါသည်။

Source- တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
Website တွင် ဖတ်ရှုရန်—http://www.dsinfo.org/node/261


Spread the love
  •  
  •  
  •  
  •  
  •  
  •