တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယကြည်းတပ်ဦးစီးချုပ် General MM Naravane အားလက်ခံတွေ့ဆုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယကြည်းတပ်ဦးစီးချုပ် General MM Naravane အားလက်ခံတွေ့ဆုံ
================
နေပြည်တော်၊ အောက်တိုဘာ – ၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယ ကြည်းတပ်ဦးစီးချုပ် General MM Naravane, PVSM, AVSM, SM, VSM, ADC အား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖုန်းမြတ် တို့တက်ရောက်ကြပြီး အိန္ဒိယကြည်းတပ်ဦးစီးချုပ် General MM Naravane နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Saurabh Kumar ၊ အိန္ဒိယစစ်သံမှူး Colonel Ketan Arun Mohite နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

သတင်းအပြည့်အစုံသို့–http://dsinfo.org/node/519


Spread the love
  •  
  •  
  •  
  •  
  •  
  •