တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အရင်းတည်ပြီး၊ (၂၀၂၀) အထွေထွေရွေးကောက်ပွဲ၌ ပြည်သူအများ၏ ငြင်းပယ်မူခံလိုက်ရသော နိုင်ငံရေးပါတီတစ်ချို့၏ လိုချင်တက်မက်မူနှင့် မဲဆန္ဒရှင်မိဘပြည်သူများအား နိုင်လို မင်းထက်ပြုလိုမူများ –

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား
အရင်းတည်ပြီး၊
(၂၀၂၀) အထွေထွေရွေးကောက်ပွဲ၌ ပြည်သူအများ၏ ငြင်းပယ်မူခံလိုက်ရသော နိုင်ငံရေးပါတီတစ်ချို့၏ လိုချင်တက်မက်မူနှင့်
မဲဆန္ဒရှင်မိဘပြည်သူများအား နိုင်လို မင်းထက်ပြုလိုမူများ –

ပထမဦးစွာ(၁၉၅၈) စက်တင်ဘာလ(၂၆) ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုမှပေးစာ(၈)ချက်မှ အချက်အချို့နှင့်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းမှ ပြန်ပေးစာအချက်(၈)ချက်မှ အချို့အချက်ကိုရေးသားတင်ပြပါမယ်၊

စာရေးလိုက်ပါသည် ဗိုလ်ချုပ်နေဝင်း၊
(၁) ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ်ဖြင့် အစိုးရအဖွဲ့သစ်တစ်ဖွဲ့ကို ဖွဲ့စည်းပြီးလျှင် (၁၉၅၉)ခု၊ဧပြီလမကုန်ခင်အတွင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီးကို ကျင်းပနိုင်အောင် လိုအပ်သည့်အစီအစဉ်များကိုဆောင်ရွက်ပေးရန် ဖဆပလ(သန့်ရှင်း) ဗဟိုကော်မတီက အထူးလိုလားလျက်ရှိပါသည်၊

(၂/.က.ခ.ဂ/၃) ….. ၊

(၄) ဗိုလ်ချုပ်နေဝင်းဦးစီး၍ ကျင်းပရမည့် အထွေထွေရွေးကောက်ပွဲကြီးကို လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲကြီးဖြစ်စေရန်အတွက် အမူထမ်း၊အရာထမ်းများအားလည်းကောင်း၊လက်နက်ကိုင်အဖွဲ့အစည်းများအားလည်းကောင်း၊ မိမိတို့၏တာဝန် ဝတ္တရားများကို ဆောင်ရွက်ခြင်းမှအပ နိုင်ငံရေးနယ်ပယ်အတွင်းသို့ ကျုးကျော်ဝင်ရောက်မူများ အလျင်း(အလျဉ်း) မရှိရလေအောင် အထူးထိန်းသိမ်းစောင့်ရှောက်ပေးစေလိုသည်၊
(၅/၆/၇/၈) ….. ၊
(ပုံ) ဦးနု
ဝန်ကြီးချုပ် ၊

လေးစားစွာအစီရင်ခံအပ်ပါသည်၊
ဝန်ကြီးချုပ်ခင်ဗျား
(၁) ကျွန်တော်သည်ဤမျှကြီးလေးသောတာဝန်ကြီးကိုထမ်းဆောင်ရန် များစွာ ဦးလေးပါသည်ခင်ဗျား၊
သို့သော် ဝန်ကြီးချုပ်၏ စေတနာကိုလေးစားပါသောကြောင့် ဝန်ကြီးချုပ်က လိုအပ်၍ ဤတာဝန်ကိုထမ်းဆောင်မှသင့်တော်မည်ဆိုလျှင် ကျွန်တော်အစွမ်းကုန်ကြိုးစား၍ နိုင်ငံတော်ကိုထိန်းသိမ်းပါမည်၊
သို့သော်ကျွန်တော်သည် တိုင်းပြည်အုပ်ချုပ်မူ တာဝန်ကြီးကို လုပ်ကိုင်ခဲ့ဖူးခြင်းလည်းမရှိ၊
လုပ်ကိုင်မည်ဟုလည်းမည်သည့်အခါကမျှ မရည်ရွယ်ခဲ့၊ လုပ်ရအံ့လည်း မည်သည့်အခါကမျှ မစဉ်းစားခဲ့ပါသဖြင့် ကျွန်တော်သည် ရိုးသားဖြူစင်စွာ ဤတာဝန်ကြီးကို ထမ်းဆောင်ရာတွင် ချို့ယွင်းချက်များရှိပါလျှင် ခွင့်လွှတ်နိုင်မည်ဟုယူဆပါသည်၊
(၂) ပြည်သူ့လွှတ်တော်က ကျွန်တော့်အား
ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ပါလျှင် (၁၉၅၉)ခု၊ ဧပြီလ မကုန်မီ လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ရန်အတွက် လိုအပ်သောအစီအစဉ်များကို အစွမ်းကုန်ဆောင်ရွက်ပေးပါမည်ဟု ကျွန်တော်ကတိပြုပါသည်၊
(၃) … ၊
(၄) အမူထမ်း၊ အရာထမ်းများနှင့်လက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေးနယ်နမိတ်အတွင်းသို့ ကျုးကျော်မူများကို ကျွန်တော်ကိုယ်တိုင်လည်း အထူးမလိုလားကြောင်းကို ဝန်ကြီးချုပ်ကိုယ်တိုင်သိပြီးဖြစ်ပါသည်၊
ထို့ကြောင့် ဤကျုးကျော်မူများမဖြစ်ပွားရလေအောင် ကျွန်တော် အထူးထိန်းသိမ်းစောင့်ရှောက်ပါမည်ဟူ၍ ကတိပြုပါသည်၊
(၅/၆/၇/၈)…..၊
(ပုံ) ဗိုလ်ချုပ်နေဝင်း

စာရေးသူသည် ပေးစာပါ အချက်အားလုံးကိုတော့ရေးသားတင်ပြမူမပြုတော့ပါဘူး၊
ထိုစဉ်ကာလက တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အနိုင်ရ ဖဆပလက ဦးနုဦးဆောင်သည့် သန့်ရှင်းနှင့် ၊
ဦးကျော်ငြိမ်း၊ဦးဘဆွေဦးဆောင်သည့် ၊
တည်မြဲ ဟူ၍ နှစ်ခြမ်းကွဲနေခြင်းကြောင့်
ပါလီမန်အတွင်း၊အပြင်တွင် နိုင်ငံရေးအကွဲအပြဲများရှိလာကာ၊တိုင်းပြည်ဖရိုဖရဲဖြစ်လာနေခြင်း၊
ဗမာပြည်ကွန်မြူနစ်အပါအဝင် လက်နက်ကိုင်ရောင်စုံသူပုန်သောင်းကျန်းသူများက နိုင်ငံအနှံ့တွင် လူပ်ရှားနေကြခြင်း၊
( စကားချပ် – ရောင်စုံသူပုန်သောင်းကျန်းသူဟုစာရေးသူ၏ ရေးသားမူအားတောင်းပန်အပ်ပါတယ်၊ဖဆပလ ခေတ်နိုင်ငံရေးအခြေအနေကိုရေးသားခဲ့မူ စကားလုံးသာဖြစ်ပါတယ်)၊

သုံးလပြည့်သည့်အခါတွင် ဦးကျော်ငြိမ်းမှ
ပါလီမန်တွင် ပုဒ်မ(၁၁၆) ကိုရုတ်သိမ်းရန်
အဆိုတင်၍ ဦးနေဝင်းဦးဆောင်သောအိမ်စောင့်အစိုးရက ဆက်လက်ရှိနေခဲ့ပါတယ်၊
ပုဒ်မ(၁၁၆) အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးသည် ၊
ခြောက်လမျှတဆက်တည်း ပါလီမန်အမတ်မဟုတ်လျှင် ၊ ထိုကာလအပိုင်းအခြား ကုန်ဆုံးသောအခါ ၊
အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်မှ ရပ်စဲရမည်။

ယနေ့ခေတ်ကာလသည် ဖဆပလခေတ်အခြေအနေ
ဖြစ်စဉ်၊အခင်းအကျင်းနှင့် နိုင်ငံရေးမတူတာကိုတော့အားလုံးသိနေကြပါလိမ့်မယ်၊
(၂၀၂၀)ခုနှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင်ကျင်းပခဲ့သောအထွေထွေရွေးကောက်ပွဲသည် ၊
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ၊
အခန်း(၁) အခြေခံမူများဖြစ်သည့်၊
ပုဒ်မ(၇) နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်၊
ပုဒ်မ(၂၁) (က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင်သတ်မှတ်ပြဌာန်းထားသည့် တန်းတူညီမျှ အခွင့်အရေး၊လွတ်လပ်မူအခွင့်အရေး၊တရားမျှတမူအခွင့်အရေးတို့ကိုခံစားခွင့်ရှိသည်၊
ပုဒ်မ(၃၈)(က) နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့်၊
ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်၊

၎င်းအခြေခံမူများနှင့်အညီ၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ အခန်း(၉) ၊
ရွေးကောက်တင်မြှောက်ခြင်း၊
ဥပဒေပြဌာန်းချက်များ၊ သတ်မှတ်၊ဆုံးဖြတ်ချက်များနှင့်အညီ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့တာဖြစ်ပြီး၊

နိုင်ငံတော်အခြေခံမူများ ၊
ပုဒ်မ(၄) နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝှမ်းလုံး၌တည်သည်၊
ဟူသော ဖွင့်ဆိုပြဌာန်းချက်အရ နိုင်ငံသားအများစုမှ သူတို့၏ လွတ်လွတ် လပ်လပ်
ဆုံးဖြတ်မူများဖြင့် စိတ်တိုင်းကျသည့် ဆန္ဒမဲပေးခဲ့ကြမူမှန်သမျှအား မည်သို့သော အချက်နှင့်မျှ ငြင်းဆန်၊ပယ်ဖျက်၊ပြုပြင် နိုင်ခွင့်မရှိပေ၊
ပြည်သူ၏ ဆန္ဒသည်သာ အဓိကဖြစ်ပါတယ်၊

ထို့ပြင် ပြည်သူများ၏ ဆန္ဒမဲပေးရွေးချယ်မူများကိုအကောင်အထည်ဖော်ရန်အတွက်၊
ဖွဲ့စည်းပုံအခြေခံဥပဒေတွင်၊
ပထမအဆင့်အဖြစ် ၊ အခန်း(၄) ၊
ဥပဒေပြုရေး၌ ထည့်သွင်းဖွင့်ဆို ပြဌာန်းချက်များဖြင့်အကောင်အထည်ဖော်ရန် ပြဌာန်း၊ဆုံးဖြတ်မူ အခွင့်အာဏာများပေးထားပြီးဖြစ်ပါတယ်၊

ပုဒ်မ(၁၂၃) ပြည်သူ့လွတ်တော်၏ သက်တမ်းတစ်ရပ် စတင်သောသော ပထမအကြိမ် ပုံမှန်အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း(၉၀) အတွင်းကျင်းပရမည်၊
ပုဒ်မ(၁၅၄)(က) အမျိုးသားလွှတ်တော်သက်တမ်း စတင်သည့်နေ့ရက်သည် ပြည်သူ့လွှတ်တော်သက်တမ်းစတင်သည့်နေ့ရက်ဖြစ်သည်၊
(ခ) အမျိုးသားလွှတ်တော်၏ ပထမ ပုံမှန်အစည်းအဝေးကို ယင်းလွှတ်တော်၏ သက်တမ်းစတင်သည့်နေ့မှ ခုနစ်ရက်အတွင်းကျင်းပရမည်၊
ပုဒ်မ(၇၈) ပြည်ထောင်စုလွှတ်တော်၏
ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမအစည်းအဝေးစတင်သည့် နေ့မှ (၁၅) ရက်အတွင်းကျင်းပရမည်၊
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို ပြည်ထောင်စုလွှတ်တော်နာယက ကခေါ်ယူကျင်းပရမည်။

နိုင်ငံတော်၏ အခြေခံမူများ၊
ပ်ုမ(၁၄) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့်ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများပါဝင်သည်၊
ဟူသောပြဌာန်းချက်အရ ပြည်သူ၊အမျိုးသား၊
တိုင်းဒေသကြီး၊ပြည်နယ်၊
လွှတ်တော်များရွေးကောက်ပွဲဥပဒေ၊ အခန်း(၈)၊ ပုဒ်မ(၃၁)နဲ့အညီ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြောင်း၊
ပြ်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံတော်ပြန်တမ်းမှာ ကြေညာထားပြီးဖြစ်ပါတယ်၊

ဖြစ်စဉ်အားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထားချက်အခွင့်အာဏာ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ ဥပဒေအရ တာဝန်ရှိသူများက ဆောင်ရွက်နေခြင်း၊ ဆောင်ရွက်ထားပြီးဖြစ်ပါတယ်၊

ဤသို့ ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ ပြဌာန်းထားသော ဥပဒေများနှင့်အညီ လုပ်ဆောင်ထားမူ၊ ဆောင်ရွက်နေမူများကို ၊
မဲရူံးနိုင်ငံရေးပါတီတစ်ချို့နဲ့အပေါင်းအပါအချို့က –
(က) တပ်မတော်တာဝန်ရှိသူကို တည်ပြီး၊ မဲစာရင်းအမှားများဆိုပြီး၊ ပြည်သူလူထုနဲ့ နိုင်ငံတစ်ကာမှ အထင်အမြင်လွဲမှားလာစေရန်လုပ်ဆောင်လာကြတာကို ရွေးကောက်ပွဲအပြီးမှာ ဆက်တိုက် တွေ့နေရပါတယ်၊
ထိုကဲ့သို့လုပ်ဆောင်မူက မအောင်မြင်ဘူးဆိုပါက –
(ခ) ပြည်သူ့လွှတ်တော်၏ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေး စတင်မည့် နေ့ရက်ကို အထွေထွေရွေးကောက်ပွဲကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း(၉၀) အတွင်းမကျင်းပ နိုင်စေရန် ထပ်မံကြိုးစားကြပြန်ပါတယ်၊
အကယ်၍ ရက်ပေါင်း(၉၀) ကျော် မှ လုပ်မယ့် တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထားချက် အခွင့်အာဏာရဲ့ စည်းအပြင်ကိုရောက်သွားစေနိုင်ပါတယ်၊
ဒုတိယအကြိမ်အထူးအစည်းအဝေးခေါ်ယူဘို့ လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံလက်မှတ်ထိုးတောင်းဆိုမူ နေ့ရက်ကို လေ့လာ ကြည့်ပါ၊
အကယ်၍ ထိုအထူးအစည်းအဝေးခေါ်ယူဘို့လုပ်ဆောင်မယ်ဆိုပါက လွှတ်တော်ကိုယ်စားလှယ်တွေကို(၁၅) ရက်ကြိုတင်အကြောင်းကြားရမယ်၊
Covid ပိုး ရှိ မရှိ စစ်ဆေးရမယ်၊
ဒါဆိုရင် သေချာပါတယ်၊ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးက ရက်ပေါင်း(၉၀) ကျော်သွားမှာပါ၊
ထိုအခါမှာတော့ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးက ဖွဲ့စည်းပုံပြဌာန်းချက်များနှင့်မညီတော့ပါဘူး ၊
ဤတွင် ဖွဲ့စည်းပုံ အကြပ်အတည်းကြောင့် ရွေးကောက်ပွဲသည်လည်းရေရာ သေချာမူမရှိတော့ပါဘဲ၊ အဟောသိကံဖြစ်သွားနိုင်မယ်၊
အဲလိုမှ မဖြစ်လာဘူးဆိုရင်၊
နောက်ဆုံးတစ်နည်းက ပထမတပ်မတော်သတင်းမှန်ပြန်ကြားရေးကနေ ထုတ်ပြန်၊ပြောဆိုမယ်၊ အာဏာသိမ်းရေး၊မသိမ်းရေးဆိုတဲ့ စကားရပ်ကို ပြည်သူလူထု ကြားအောင် နည်းလမ်းတစ်ခုနဲ့လုပ်မယ်၊
ဒုတိယအဆင့်က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ပြောကြာ၊ပြောဆိုမူနောက်ကနေ ကပ်ရက်လိုက်ပြီး၊တပ်မတော်တာဝန်ရှိသူက တပ်မတော်သားများအား ပြောကြားမူကနေတဆင့် ပြည်သူလူထုကို သိသာစေရန်ပြုမူပြောဆိုမယ်၊
ပြည်သူလူထုက ငြိမ်နေရင် (၁၉၅၈) အခြေအနေဆီကို ယခုအခြေအနေ ဖြစ်စဉ်က သွားကပ်လိုက်မှာပါ။
(၁၉၅၈)ဖြစ်စဉ်တွေနဲ့ အခြားအာဏာသိမ်းနိုင်ငံတွေရဲ့ ဖြစ်စဉ်တွေကိုလည်း Lobby လိုလို ဘာလိုလို တွေနဲ့ Debate လို၊ အင်တာဗျူးလိုလိုနဲ့ တိုင်းပြည်နဲ့ ပြည်သူအကျိုးကို မငဲ့ပါဘဲ၊
သူတို့တစ်ဦးခြင်းရဲ့ ကိုယ်ကျိုး စီးပွားကိုသာ ကြည့်နေကြတဲ့သူတွေကလည်း ရှိနေလျက်တွေ့နေကြရမှာပါ။
သို့ပေမယ်လို့ ပြည်သူ ပြည်သား၊တိုင်းရင်းသား၊နိုင်ငံသားများနဲ့အတူ နယ်ပယ်အသီးသီး၊တိုင်းရင်းသားပါတီများ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက၊တတိယအကြိမ် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပမည့်နေ့ရက်ကို အထိအပါးမခံကြပါဘူး၊
ထို့အပြင် နိုင်ငံတော်အာဏာနှင့်တိုင်းပြည်အနာဂတ်အရေးများကိုလည်း အထိအပါးမခံကြတာကိုတွေ့ရပါတယ်။
၎င်းအပြင် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတစ်ကာအသိုက်အဝန်းကလည်း လက်ခံ အားပေးမူ လုံးဝမရှိပါပေ၊
သို့ပါသောကြောင့် တိုင်းချစ်ပြည်ချစ်စိတ် ကြီးမား ကျယ်ပြန့်သူ ၊ လူပုဂ္ဂိုလ်၊အစုအဖွဲ့အားလုံး၏ ညီညွတ်သော စုပေါင်းအင်အားသည်သာ မိမိတို့နိုင်ငံအတွက် ပိုမိုကောင်းမွန်မည့် လက်ရှိပစ္စုပန်နှင့် အနာဂတ် ပုံရိပ်များသာဖြစ်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ထုတ်ပြန်ချက်(၅) ချက်သည်သဘောထားပျော့ပြောင်းလိုမူ အငွေ့ အသက်ပါလာသည်ဟုမြင်ပါသောကြောင့် ကြိုဆိုလိုက်ပါကြောင်းရေးသားတင်ပြရင်းဖြင့် ၊
ဆောင်းပါးကို အဆုံးသတ်လိုက်ပါရစေ။

အလေးထားစွာဖြင့် . ကိုသိန်းဌေး ပဲခူး၊
…….. (၃၀.၁.၂၀၂၁)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •