တပ်မတော်နှင့်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တပ်မတော်နှင့်ကာကွယ်ရေးဦးစီးချုပ်၊
နိုင်ငံတော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် –

ယခုဆောင်းပါးသည် မည်သူတစ်ဦးတစ်ယောက်ကိုမှရည်ညွှန်းခြင်းမဟုတ်ပါဘဲ မိမိတို့နိုင်ငံ၏ အရေးအရာအချို့အား စာရေးသူ၏ အမြင်ကိုသာရေးခြင်းဖြစ်ပါတယ်ဆိုသည်ကိုပထအဦးစွာ အသိပေးအပ်ပါတယ်၊
နိုင်ငံတစ်ခု၏ နိုင်ငံရေးမှာ ပြည်သူများကိုကျော်ပြီး၊ရှေ့တန်းမှ နေရာယူထားမူကို
မည်သည့်နိုင်ငံနှင့်နိုင်ငံသားများကမှ လက်မခံလိုတော့ပါဘူး၊
ဆိုတဲ့ညွန်းဆိုမူများက ကမ္ဘာ့နိုင်ငံများတွင်စိမ့်ဝင်လာနေပါတယ်၊
အာဆီယံဒေသအတွင်းထိုင်းနိုင်ငံ၏လတ်တလောဖြစ်နေသည့် ဖြစ်စဉ်ကို ကြည့်ပါ၊
တွေ့နေကြရပါလိမ့်မယ်၊
ထို့ပြင် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ပြောဆိုမူများက အနှစ်သာရရှိဘို့လိုအပ်ပါတယ်၊
အမေရိကန်နိုင်ငံ၏ သမ္မတရွေးချယ်ပွဲ၏ တာဝန်အရှိဆုံး ကာယကံရှင်နှစ်ဦး၏ ပြောရေးဆိုမူများကို ကြည့်လိုက်ကြပါ၊
တွေ့မြင်ကြရပါလိမ့်မယ်၊

ယနေ့မိမိတို့နိုင်င၏ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲလာပေးကြသူ မဲဆန္ဒရှင် ပြည်သူတစ်ဦးခြင်း၏ အရည်အသွေးက ဒီမိုကရေစီ အသွေးအသားများဖြစ်ပါတယ်၊
ရွေးကောက်ပွဲကော်မရှင်ကမဲပေးရွေးချယ်တာမဟုတ်ပါဘဲ၊ မဲဆန္ဒရှင် ပြည်သူတစ်ဦးခြင်းကသာ ရွေးကောက်ပွဲရလဒ်ကိုဆုံးဖြတ်ပေးသွား ကြတာသာဖြစ်ပါတယ်၊
ရွေးကောက်ပွဲကိုတရားမျှတမူမရှိဘူးလို့ပြောနေရုံလောက်နဲ့ ရွေးကောက်ပွဲအခြေအနေတွေက ပြောင်းလဲသွားမှာမဟုတ်ပါဘူး၊
အကယ်၍ တရားစွဲလိုပါက တိကျတဲ့စွပ်စွဲချက်၊အထောက်အထားတွေလိုအပ်ပါတယ်၊
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်တွေအများကြီးရှိနေပါတယ်၊
မိမိတို့ထင်တာကို ရွေးကောက်ပွဲဝင်ပြိုင်ကြသောပါတီအချို့က ဥပဒေစည်းကမ်းမဲ့ပြောနေမူများကို ဟိုနားမှာပြောလိုက်၊ဒီနားမှာပြောလိုက် ပြုမူမှူများသည် နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများစွာကို မငြိမ် မသက်ဖြစ်လာစေရန် အနှောင့်အယှက်ပေးလိုမူသက်သက်ဖြစ်နေပါတယ်၊

နိုင်ငံတစ်ခု၏ လုံခြုံမူအတွက် အဓိကကျပြီး၊
ကာကွယ်မူပေးရသည့်၊
နိုင်ငံမှာ Institutionlise အတည်တကျဖွဲ့စည်းသတ်မှတ် ပြဌာန်းထားသည့် တပ်မတော်က တည်ဆဲဖွဲ့စည်းပုံအရသော်လည်းကောင်း၊
တည်ဆဲဥပဒေများအရသော်လည်းကောင်း၊
ဥပဒေအရ လုပ်ပိုင်ခွင့်၊အခွင့်အာဏာအပြည့်ရှိနေကြသည့် နိုင်ငံတော် အဆင့်အဖွဲ့အစည်းများကို လိုက်ခုနေတာက လက်ရှိတည်ဆဲဖွဲ့စည်းပုံနှင့်တကွ ပြဌာန်းထားသည့် တည်ဆဲဥပဒေများနှင့်မညီတဲ့အပြင် အနှောင့်အယှက်၊အဟန့်အတားတစ်ခုလုပ်နေသလိုမျိုးသက်ရောက်နေပါတယ်၊
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်လိုက်တဲ့ အပြုအမူ၊ဆောင်ရွက်မူက
တည်ဆဲဖွဲ့စည်းပုံနှင့်ညီညွတ်မူမရှိပါဘူး၊
မလိုအပ်ပါဘဲ တိုင်းပြည်ကို ဂယက်ထစေပြီး၊
မိမိတို့ချစ်တဲ့ တပ်မတော်၏ ဂုဏ်အင်္ဂ ါနှင့် ဂုဏ်သိက္ခာကိုလည်းထိခိုက်စေနိုင်တဲ့အပြင်၊
ပြည်သူလူထု၏ ယုံကြည်မူများကိုလည်း ကျဆင်းသွားစေနိုင်တဲ့ သဘောတွေ့နေရပါတယ်၊
ဒါကို တပ်မတော်မှ အထူးသတိထား၊
သတိပြုစေဘို့လိုမယ်လို့ မြင်ပါတယ်၊

တစ်လက်စထဲ (၂၀၂၀) နိုဝင်ဘာလဆန်းပိုင်းမှာ
ဂျပန် အဆာဟိရှင်ဘွန်းသတင်းစာမှ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အားအင်တာဗျူးမူတစ်ခုတွင် ဗိုလ်ချုပ်မှူးကြီးကို လာမယ့်နှစ်မှာ အနားယူတတော့မှာလား၊
နိုင်ငံရေးရည်မှန်းချက်က ဘာလဲ၊
ဟူသောမေးခွန်းအား တိတိကျကျ ဖြေမသွားခဲ့ပါဘူး၊
တပ်မတော်သားတစ်ယောက်အနေနဲ့ဘဲဖြစ်ဖြစ်၊ သူ့အနေနဲ့ဘဲဖြစ်ဖြစ်၊ ဥပဒေအရဆောင်ရွက်သွားမှာဖြစ်တယ်လို့ဖြေဆိုခဲ့ပါတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့ နိုင်ငံသားအခွင့်အရေးနဲ့အညီ နိုင်ငံတော်အခြေအနေပေါ်မူတည်ပြီးလုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့ဆိုပါတယ်၊

(၂၀၂၀) ဧပြီလမှာ အသက်(၆၅) နှစ်ပြည့်ပြီဖစ်တဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အသက်သည် နိုင်ငံ့ဝန်ထမ်းဥပဒေအရသော်လည်းကောင်း၊
ကာကွယ်ရေးကောင်စီကပြဌာန်းထားသည့် ကန့်သတ်မူအသက်ကိုကျော်လွန်သွားနိုင်တယ်လို့ သတ်မှတ်ရပါမယ်၊
တပ်မတော်မှာ ဗိုလ်မှူးချုပ်ဆိုရင်(၇) နစ်၊
ဗိုလ်ချုပ်ဆိုရင်(၆) နှစ်၊
ဒုတိယဗိုလ်ချုပ်ကြီးနဲ့ ဗိုလ်ချုပ်ကြီးဆိုရင်(၅) နှစ်၊
ဆိုသောနှစ်အကန်ဲအသတ်အတွင်းရာထူးတိုးရမှဖြစ်ပြီး၊ အကယ်၍ မတိုးပါက တပ်မတော်အရန်အင်အားကိုအပို့ခံရမှာဖြစ်ပါတယ်၊
အခုဆိုလျှင် တပ်ချုပ်ရာထူးကိုယူထားသည်မှာ(၁၀) နှစ်သက်တမ်းအထိရှိသွားကာ၊
အသက်ကလည်း(၆၅) နှစ်ဖြစ်သွားပါပြီ၊
တပ်ချုပ်ရာထူးကိုထပ်တိုးလိုက်မယ်ဆိုပါက
ရာထူးမတက်ပဲ အရန်အင်အားကိုရောက်သွား ကြတဲ့သူတွေက အဘယ်ကဲ့သို့သော သဘောထားများရှိသွားနိုင်မှာလဲ ဆိုတာကိုလည်း
စဉ်းစား သုံးသပ်ဘို့လိုမယ်ထင်ပါတယ်၊
(၂၀၁၁) ဇန်နဝါရီ(၂၁) ရက်နေ့မှာ ပြဌာန်းလိုက်တဲ့ အရန်တပ်ဖွဲ့ဥပဒေအရ အငြိမ်းစားယူ ပြီးတဲ့ တပ်မတော်သားများအနေနဲ့ အငြိမ်းစားယူပြီး(၅)နှစ်အတွင်း၊တပ်မတော်ကလိုအပ်ပါက စစ်မူပြန်ထမ်းဆောင်ခွင့်ရှိတယ်လို့လည်းဆိုထားပါတယ်၊

(၂၀၂၁)ဧပြီလမှာ(၆၅) နှစ်ပြည့်ပြီဖြစ်တဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို၊
နောက်ထပ် ထပ်လုပ်နိုင်ပါသေးတယ်၊
ဆိုတဲ့ ရေလာမြောင်းပေး အပြောအဆိုများကို
နိုင်ငံရေးလေ့လာသုံးသပ်သူများဆိုပြီး၊
ပြောဆိုနေကြပြန်ပါပြီ၊
တစ်ခါ ထိလွယ်၊ရှလွယ်ကာလလို့လည်းပြောလို့ရတယ်၊ အဲဒီလိုအခြေအနေမျိုးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပြောင်းအလဲကို သာမန်အားဖြင့်မလုပ်ဖူး လို့လည်းသုံးသပ်တယ် လို့ပြောပြန်ပါတယ်၊
(၂၀၀၈) ဖွဲ့စည်းပုံမှာ တပ်မတော်ရေးရာကိစ္စတွေအားလုံးကို တပ်မတော်ကစီမံဆောင်ရွက်ခွင့်ရှိတယ်လို့ ပြဌာန်းထားသလို၊
ကကန(ကောင်စီ) အမိန့်ဆိုပြီး တပ်မတော်ရေးရာတွေကို စီမံခန့်ခွဲခွင့်ရှိလို့ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်က သူဆန္ဒရှိရင် သူ့ဘာသာသူ သက်တမ်းတိုးနေလို့ရတယ်လို့ စည်းမဲ့ကမ်းမဲ့ အထောက်အထားမဲ့စွာ သွေးထိုးပြောဆိုမူတွေကို နိုင်ငံရေးလေ့လာသုံးသပ်သူဟု ဆိုသူများက မီဒီယာများမှာပြောဆိုလာကြပြန်ပါတယ်၊
ကာကွယ်ရေးဌာနကောင်စီ အမိန့်ညွန်ကြားချက်နဲ့တင် သက်တမ်းတိုးလို့ရတယ်၊
သူမထွက်ဘူးဆိုရင် တပ်ချုပ်လုပ်မယ့်လူတစ်ယောက်ပဲ နစ်နာမယ်၊
ကျန်တဲ့သူတွေကို သူ့ဟာနဲ့သူသင့်တင့်လျောက်ပတ်တဲ့ နေရာချထားပေးမယ်ဆိုရင်
အောက်အငယ်တွေကို ထိန်းလို့ရတယ်၊
လို့စည်းမဲ့ဘောင်မဲ့ ပြောဆိုနေကြပြန်ပါတယ်၊
တပ်မတော်ဆိုတာ စစ်စည်းကမ်းများနဲ့အတူ စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်၊
သူ့သက်တမ်းအလိုက်နေရာချထားမူများရှိရပါတယ်၊ရှိလည်းရှိနေပါတယ်၊
နိုင်ငံတစ်ခုမှာ နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့အကြီးအမှူးက လိုအပ်တာထက် ပိုပြီးတာဝန်ထမ်းဆောင်မူအချိန်ကာလရှည်ကြာလာတဲ့အလျောက် သက်ဆိုင်ရာ တပ်ဖွဲ့နှင့်နိုင်ငံနဲ့နိုင်ငံသားပြည်သူများအပါအဝင် ရွေးကောက်ပွဲမှ ပြည်သူအများ၏ မဲပေးထောက်ခံမူဖြင့်တက်လာသည့် ရွေးချယ်ခံအစိုးရများကိုလည်းထီမထင် ခြိမ်းခြောက်တဲ့အသွင်များ ရှိလာတတ်ပါတယ်၊
နိုင်ငံတော်၏ Institutionlise လက်နက်ကိုင်အဖွဲ့အစည်းကို ကိုင်တွယ်ထားသော စစ်အာဏာရှင် တစ်မျိုးဖြစ်လာနိုင်ပါတယ်၊
အဖွဲ့အစည်းနဲ့တိုင်းပြည်လည်းနစ်နာလာနိုင်ပါတယ်၊
၎င်းနိုင်ငံရေးလေ့လာသုံးသပ်သူများ၏ လွယ်လင့်တကူ ဖြေကြားပြောဆိုမူများကြောင့် ဘယ်ကိုဦးတည်စေပါလည်းဆိုရင်
နိုင်ငံတော်၏ Institutionlise ဖြစ်တဲ့ တပ်မတော်ခေါင်းဆောင်ကို သွေးထိုးပင့်ကော်၊မြှောက်ပင့်လိုက်တဲ့ပြောဆို မူတွေလို့မြင်ပါတယ်၊
လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်၏ အရပ်ရပ်သော အာဏာများကို သိမ်းပိုက်ထားသော၊ ဆိုလိုတာက အာဏာသိမ်းတပ်မတော်၏ ခေါင်းဆောင်မဟုတ်ပါဘူး၊
ဖွဲစည်းပုံအခြေခံဥပဒေနဲ့အညီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကိုထမ်းဆောင်နေရသူသာဖြစ်ပါတယ်၊

နောက်တစ်ခုက ဘာလာပြန်သလဲဆိုဆိုတော့၊
အစိုးရဘက်နဲ့ညှိနိူင်းဆောင်ရွက်လို့ရရင်၊
စစ်ကော်မရှင်ဥက္ကဌ၊သို့မဟုတ်
နိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာအတိ်ုင်ပင်ခံပုဂ္ဂိုလ် ဆိုတာမျိုးလည်းဖြစ်လာနိုင်တယ် လို့ နှပ်ကြောင်းပေး ပြောဆိုနေကြပြန်ပါတယ်၊
တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ၎င်းရာထူးနေရာကိုဖွင့်ဆိုသတ်မှတ်ထားတာမရှိသလို၊ဤကဲ့သို့သောရာထူးနေရာသည် အကယ်၍လိုအပ်သည်ဟု သမ္မတက ဆုံးဖြတ်ပါမှသာလျှင် ရှိနိုင်မှာဖြစ်ပါတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ၏တပ်ပိုင်းဆိုင်ရာပြဌာန်းမူများ၌လည်းမပါရှိပါ၊သဘောတရားကဲ့သို့သောစကားရပ်လည်းမပါရှိသလို၊
ပုဒ်မ(၂၀၁) အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဖွဲ့စည်းခြင်း၊
ဟူသည့် အပြီးအစီး ပြဌာန်းထားချက်သာပါရှိပါတယ်၊
သူတို့ပြောနေတဲ့ စစ်ကော်မရှင်ဥက္ကဌ၊
တို့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ဘာတို့၊ညာတို့ဆိုတာက၊
လိုအပ်တယ်လို့သမ္မတကယူဆပြီး၊
လွှတ်တော်သို့အကြောင်းကြားစာပို့မှသာပြည်ထောင်စုလွှတ်တော်မှ အဆုံးအဖြတ် အတည်ပြုပေးရမှာဖြစ်ပါတယ်၊
သမ္မတ၏ အကြံပေးဖွဲ့စည်းခြင်းနှင့်သဘောတရားမတူပါ၊
ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ
ပုဒ်မ(၂၃)(က)အရ နိုင်ငံတော်သမ္မတသည်လိုအပ်သည့်အကြံဉာဏ်များရယူနိုင်ရေးအတွက် အကြံပေးအဖွဲ့ကိုသင့်လျော်သည့်ဦးရေဖြင့်ဖွဲ့စည်းနိုင်သည်၊
လို့ပြဌာန်းထားပါတယ်၊

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူဟု
မိမိကိုယ်ကို မိမိကင်ပွန်းတပ်နေကြသူများဟာ
သူတို့လိုသလိုနဲ့ အထင်တွေကို လေပန်း ဒါန်းစီးပြောနေကြလိုဖြစ်နေတာကိုတွေ့ရပါတယ်၊
မိမိတို့နိုင်ငံ၏ဖြစ်စဉ်များမှာ သူတို့ပြောသမျှတွေက အလွဲကြီးလွဲလာနေတာကို ပြည်သူအများက သိနေကြပါပြီ၊
စာရေးသူ၏ ယူဆမူအမြင်ကတော့၊
နိုင်ငံရေးလေ့လာသုံးသပ်သူဆိုတာက
နိုင်ငံကိုအကျိုးပြုစေတာကို ဇောင်းပေးပြီး၊
နိုင်ငံအတွက်ဝေဝါးကာ အကျိုးမယ့်စေနိုင်သော အခြေအနေများ ဖြစ်ပေါ်လာအောင်၊
မဖြစ်နိုင်တဲ့ မြှောက်ပင့် သွေးထိုးမူများနှင့် တိုင်းပြည်နဲ့ တိုင်းသူပြည်သားများအားမကောင်းသော ဝန်ပိနိုင်စေမူများကို ရှောင်ရှားကြဘို့လိုအပ်မယ်လို့ထင်ပါတယ်၊

တစ်ဖြေးဖြေးနဲ့ မိမိတို့တိုင်းပြည်ကို နိုင်ငံရေးအရ အနှောင့်အယှက်ပြုနေသူများသဖွယ် ဖြစ်လာနေကြတာကိုလည်းတွေ့နေကြရပါတယ်၊ံ
သို့ပါသောကြောင့် စာရေးသူမှ ဤဆောင်းပါးအား အဆုံးသတ်ရေးသားတင်ပြလိုမူသည်
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ
ထုတ်ပြန်ချက်တွင်ပါဝင်သော ပြည်ထောင်စုကော်မရှင်သည် နိုင်ငံတော်သမ္မတအားတာဝန်ခံရမည့်သဘောရှိကြောင်းဟု ဖွင့်ဆိုမူသည်
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီပါကြောင်း၊
နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်အနည်းဆုံးငါးဦးကိုခန့်အပ်တာဝန်ပေးနိုင်ပါရန် ပြည်ထောင်လွှတ်တော်သို့အမည်စာရင်းသာတင်သွင်းရပြီး၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်
ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေများဖြင့်
သီးခြားလွတ်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအဖြစ် ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဆုံးဖြတ်အတည်ပြုထားသောကြောင့်ဖြစ်ပါတယ်၊

ကော်မရှင်အပေါ်လိုအပ်ပါက သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ကန့်ကွက်လွှာတင်သွင်းသွားမည်ဖြစ်ကြောင်း၊ ထုတ်ပြန်မူသည်
လွတ်လပ်တရားမျှတပြီး၊ပုဂ္ဂိုလ်ရေးလုံခြုံဖြင့်ဆန္ဒမဲများပေးခဲ့ကြအရပ်ရပ်သော ဝန်ထမ်းများနှင့်ပြည်သူ ပြည်သားများအပါအဝင်၊
သီးခြားလွတ်လပ်သောအဖွဲ့အစည်းဖြစ်သည့် ရွေးကောက်ပွဲကော်မရှင်အား ခြိမ်းခြောက်မူအသွင်ကိုဆောင်နေပါကြောင်း၊
တိုင်းပြည်တည်ငြိမ်မူနှင့် ဥပဒေစိုးမိုးမူကိုလည်းထိခိုက်လာ နိုင်ပါစေပါကြောင်း၊
ရေးသားလိုက်ရပါတယ်၊

အလေးထားစွာဖြင့်. ကိုသိန်းဌေး ပဲခူး၊
……….(၁.၁၂.၂၀၂၀)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •