တပ်မတော်(ရေ)မှ တိုက်ခိုက်ရေးရေငုပ်သင်္ဘော – မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ်ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းပြုလုပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တပ်မတော်(ရေ)မှ တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ်- မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ်ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း(Fleet Exercise-2020) (လေ့ကျင့် ခန်း-ဗန္ဓုလ) လေ့ကျင့်ဆောင်ရွက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
==============
နေပြည်တော်၊ အောက်တိုဘာ – ၁၅

တပ်မတော်အနေဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို လုံခြုံစွာကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကာကွယ်ရေးစွမ်းရည်ထက်မြက်မြင့်မားစေရန် တပ်မတော်(ကြည်း၊ ရေ၊ လေ)လေ့ကျင့်ခန်းများကို အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။

ယနေ့တွင် မြန်မာ့ရေပိုင်နက်ပင်လယ်ပြင်၌ တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ်- မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) (လေ့ကျင့်ခန်း-ဗန္ဓုလ)ကိုဆောင်ရွက်ကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တပ်မတော်(ရေ)ဝတ်စုံအား ဂုဏ်ပြုဝတ်ဆင်၍ လေ့ကျင့်ခန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။http://dsinfo.org/node/570


Spread the love
  •  
  •  
  •  
  •  
  •  
  •