တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ ပျံသန်းအလေးပြု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် (၇၃)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့ အခမ်းအနားတက်ရောက်
========================================

ယနေ့နံနက် ၉ နာရီခွဲတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေတပ် စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်သော (၇၃)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် လေယာဉ်/ရဟတ်ယာဉ်များ သရုပ်ပြပျံသန်းခြင်းအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော် တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ စစ်ဦးစီး အရာရှိချုပ်(လေ)၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ် အသီးသီးမှ ဌာနချုပ်မှူးများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ (၇၃)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကျင်းပရာ စစ်ရေးပြတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ်(လေ) အား အလေးပြုခြင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် စစ်ရေးပြတပ်ခွဲများက နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြု ခြင်းဆောင်ရွက်ပြီးနောက် ကာကွယ်ရေးဦးစီးချုပ်(လေ)က (၇၃)နှစ်မြောက် တပ်မတော် (လေ) နှစ်ပတ်လည်နေ့မိန့်ခွန်း ပြောကြားခဲ့သည်။

ထို့နောက် (၇၃)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ ပျံသန်းအလေးပြုခြင်းနှင့် ကျွမ်းထိုး သရုပ်ပြပျံသန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

http://dsinfo.org/node/746


Spread the love
  •  
  •  
  •  
  •  
  •  
  •