တပ်မတော်သားတွေနဲ့ မိသားစုတွေကို COVID-19 ကြောင့် တပ်ပြင်ထွက်ခွင့်ပိတ်ပင်ထားပေမယ့် ရွေးကောက်ပွဲ မှာအပြင်ထွက် မဲပေးခွင့်ပြုမယ်
တပ်မတော်သားတွေနဲ့ မိသားစုတွေကို COVID-19 ကြောင့် တပ်ပြင်ထွက်ခွင့်ပိတ်ပင်ထားပေမယ့် ရွေးကောက်ပွဲနေ့ မှာတော့ ကြိုတင်မဲပေးစရာမလိုပဲ အပြင်ထွက် မဲပေးခွင့်ပြုမယ်လို့ ပြောပါတယ်။
ဒီကနေ့ နေ့လည် နာရီက ပြုလုပ်ခဲ့တဲ့ တပ်မတော် သတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလို ပြောကြားခဲ့တာပါ။
ဒါ့အပြင် ရွေးကောက်ပွဲနီးချိန်မှ အချို့ဒေသတွေမှာ တပ်အင်အားတွေ ပြောင်းရွှေ့တယ်ဆိုတာကိလည်း ငြင်းဆို
သွားပါတယ်။