တပ်မတော်သားနှစ်ဦး အိုင်စီစီတွင် ဖေါ်ကောင်လုပ်မည် ဟုဆိုသည့်ကိစ္စ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တပ်မတော်သား နှစ်ဦး အိုင်စီစီတွင်
ဖေါ်ကောင်လုပ်မည်ဟုဆို
•••••••••••••••••••••••••••••••

ခြေလျင်တပ်ရင်း တခုစီ မှ တပ်သား မျိုးဝင်းထွန်း(အသက် ၃၃) နှင့် တပ်သား ဇော်နိုင်ထွန်း (အသက် ၃၀) နှစ်ဦးသည် ဩဂုတ်လ လယ်တွင်
ဘင်္ဂလားဒေ့ရှ် နယ်ခြားသို့ ရောက်ရှိလာပြီး ၎င်းတို့အား အကာအကွယ် ပေးရန် တောင်းဆိုလာသည်
အတွက် ဘင်္ဂလားဒေ့ရှ် မှ ထိန်းသိမ်းလိုက်ပြီးအိုင်စီစီသို့ အကြောင်းကြားခဲ့‌ ကြောင်း၊ ယခုအခါ ၎င်းတို့ နှစ်ဦးစလုံး ဘင်္ဂလားဒေ့ရှ် တွင်
မရှိကြတော့ဟု Fortify Rights (FR)က ဆို
ကြောင်း ဝါရှင်တန် ပို့စ် သတင်းစာတွင်
ဖေါ်ပြထားသည်။

၎င်းတို့၏ ပမာဏထွက် ဆိုချက် ဗီဒီယိုအား တပ်မှ ထွက်ပြေးလာပြီးနောက် ထိန်းသိမ်းထားစဉ်အတွင်း AA မှ ဇူလိုင်လအတွင်းက ရိုက်ယူခဲ့ခြင်း ဖြစ်သည်ဟု FR က ဆိုပြန်သည်။

၎င်းတို့နှစ်ယောက် က သီးခြားစီ ထွက်ဆိုကြ
ရာတွင် သတ်မှတ်ထားသော ဧရိယာများ
အတွင်း မြင်သမျှ ကြားသမျှကို ပြစ်ဖို့နှင့်
“ရိုဟင်ဂျာ” ဆိုသူများအား သတ်ပြစ်ရန် ဆို
သည့် အထက် အရာရှိကြီးများ၏ အမိန့်အရ
လုပ်ခဲ့ရကြောင်း ပြောခဲ့သည်ဟု FR ၏ ကြေ
ငြာချက်တွင် ပါရှိခဲ့သည်၊ ထို့အပြင် လူများ
အစုလိုက် အပြုံလိုက် မြုပ်နှံထားသည့် နေရာ
များကိုလည်း အတိအကျ ထုတ်‌ဖေါ်ပြောဆိုခဲ့ကြသည်ဟု လည်း ပါရှိသည်။

၎င်းတို့နှင့် အတူ ကျုးလွန်ခဲ့သူ ၁၉ ဦး နှင့် အထက်အရာရှိကြီး ၆ ဦး တို့၏ အမည်များကို ထုတ်ဖေါ်ခဲ့ကြသည်။

၎င်းတို့၏ ဒေသအတွင်း ကျုးလွန်ခဲ့မှုများနှင့်
ပတ်သက်၍ ထွက်ဆိုချက်များသည် ထိုအချိန်က ကုလသမဂ္ဂ၏ လွတ်လပ်သော အချက်အလက် ရှာဖွေးရေး အဖွဲ့မှ စုဆောင်းရရှိထားသော တပ်ရင်းတပ်မများ၏ စစ်ဆင်ရေး လှုပ်ရှားမှုများနှင့် ကိုက်ညီမှု ရှိနေ၍ ယုံကြည်ရဖွယ် ရှိသည်ဟု FR က ဆိုသည်။

၎င်းတို့အား အိုင်စီစီ တွင် ရုံးတင်စစ်ဆေး
မည် ဖြစ်ပြီး လောလောဆယ်တွင် သက်သေ
များ အဖြစ် အကာအကွယ် ပေးထားသည်ဟု
ဆိုပြန်သည်။ အိုင်စီစီ မှ ၎င်းတို့ ကျူးလွန်သော အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး သက်သေ အဖြစ်ထားရှိကာ ပါဝင်သူများကို ဆက်လက်ဖေါ်ထုတ်သွားမည်ဟု ဆိုသည်။၊

လက်ရှိ သတင်းရေးသားသည့် အေပီ နှင့် ရိုက်တာ သတင်းဌာနများကမူ ယခု အချိန်အထိ ဗီဒီယိုကို မကြည့်ရသေးသည့်အပြင့် FR ၏ ပြောဆိုချက်ကို လည်း အတည်ပြုပေး နိုင်မည့် အခြား သတင်းအရင်းအမြစ် လည်း မရှိသေးဟု ဆိုကြောင်း ဝါရှင်တန် ပို့စ် သတင်းစာတွင် ရေးသားထားသည်။

နယူးယောက်တိုင်းမ် သတင်းစာတွင် မူ အဆိုပါ တပ်သား နှစ်ဦး၏ ဓါတ်ပုံများကို ဖေါ်
ပြထားပြန်သည်။ အဆိုပါ တပ်သားနှစ်ဦး၏
အစစ်ခံချက်များသည် မြန်မာတပ်မတော်မှ
ကျူးလွန်ခဲ့သော ပြစ်မှုများကို ပထမဆုံး
အကြိမ် လူသိရှင်ကြား ထုတ်ဖေါ်ဝန်ခံလိုက်
ခြင်း ပင် ဖြစ်၍ အမှုလိုက် ရှေ့နေများအတွက် လွန်စွာ အဖိုးမဖြတ်နိုင်သော ထွက်
ချက်များ ဖြစ်လာနိုင်ဖွယ် ရှိနေသည်ဟုဆို
သည်။

၎င်းတို့နှစ်ဦးအား တနင်္လာနေ့က အိုင်စီစီ ရုံး
စိုက်ရာ ဟိဂ် မြို့သို့ ခေါ်ဆောင်လာခဲ့သည်ဟု
နယူးယောက်တိုင်းမ်တွင် ဆက်လက်ရေးသား
ထားသည်။ သို့သော် မည်သို့မည်ပုံ ခေါ်ဆောင်
လာသည်ကိုကား သဲသဲကွဲကွဲ မသိရသေးပေ။

၎င်းတို့ နှစ်ဦးသည် ခြေမြန်တပ်မ ၃၅၃ နှင့်
၅၆၅ မှ ဖြစ်မည်ဟု ယုံကြည်ရသည်။

လက်ရှိ စစ်ဥပဒေဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆို
ချက်များအရ အမိန့်ပေးသူ အထက်အရာရှိ
အားလုံးတွင် တာဝန်ရှိနေသည်။ အိုင်စီစီသည်
မည်သည့်အခါမျှ အောက်ခြေ စစ်သားများ
အား ဖမ်းဆီး တရားစွဲဆိုခြင်းမျိုး မရှိပဲ
အဆင့်အမြင့်ဆုံး တာဝန်ရှိသူများကိုသာ
ရုံးတင် စစ်ဆေး ခဲ့သည့် အစဉ်အလာသာ ရှိ
ပေသည်။

အယ်ဂျာဇီယား သတင်းအရ ၎င်းတို့နှစ်ဦးသည် မိမိတို့ထံတွင် မရှိဟု အိုင်စီစီ ပြောခွင့်ရ ပုဂ္ဂိုလ် ဖာဒီ အယ်လ် အဗ္ဗဒါလားက ငြင်းဆိုသွားခဲ့သည်ဟု သိရပြန်သည်။

သို့သော် အိုင်စီစီ ၏ ထုတ်ပြန်သော ကြေငြာ
ချက်ထဲတွင် မိမိတို့ရုံး အနေဖြင့် လက်ရှိ စုံစမ်း
စစ်ဆေးနေသော အမှုများနှင့် စပ်လျင်း၍
မီဒီယာများ၏ ခန့်မှန်းပြောဆိုချက်များ အပေါ် လူသိရှင်ကြား ဝေဖန်ပြောဆိုလိမ့်မည်
မဟုတ်ဟု ပါရှိခဲ့ပြန်သည်။

အဆိုပါ သတင်းသာ အမှန်ဖြစ်ပါက ကျုးလွန်သူ အဆင့်မြင့် ပုဂ္ဂိုလ်များကို မျက်ကွယ်တွင်
တရားစီရင်နိုင်ရေး အတွက် ဧရာမ တွန်းအား
ကြီး ဖြစ်လာဖွယ်ရှိသည်ဟု အိုင်စီစီ တရားရုံးနှင့် နီးစပ်သော ဥပဒေပညာရှင်များက မှတ်
ချက်ချခဲ့ကြသည်။

အိုင်စီစီသည် ပြစ်မှု ကျုးလွန်သူများကို ရုံးတင် တရားစွဲဆိုနိုင်ရေး အတွက် စတင်စုံ
စမ်းရန် အမှုလိုက် ရှေ့နေများအား ၂၀၁၉ နိူဝင်ဘာ ၁၄ ရက်တွင် တရားဝင် အခွင့်အာဏာ
ပေးခဲ့ပြီးလည်း ဖြစ်သည်။

မြန်မာအစိုးရမှ ဦးဆောင် ဖွဲ့စည်းပေးခဲ့သော
ဖိလစ်ပိုင် ဝါရင့်သံတမန်ဦးဆောင်သည့်
ICoE မှ သမ္မတကြီး ဦးဝင်းမြင့်ထံ ၂၀၂၀ ဇန်နဝါရီ ၂၀ ရက်တွင် အစီရင်ခံ
စာ တင်သွင်းခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အကြမ်းဖက်မှုများ ကျုးလွန်သည်ဟု ယုံ
ကြည်ရလောက်သည့် အကြောင်းများ ရှိနေ
သော်လည်း သက်သေအထောက်အထား ရှာ
မတွေ့ခဲ့ရဟု ပါရှိခဲ့သည်။

ဖေ့စ်ဘုတ်သည်လည်း နိုင်ငံတကာ ဖိအားပေး
မှုများ အဆမတန် မြင့်တက်လာနေသဖြင့်
၎င်းတို့တွင် ရှိခဲ့သည့် မြန်မာစစ်တပ်၏ စာမျက်နှာများ၊ အကောင့်များကို ကုလ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့သို့
လွှဲပြောင်းပေးခဲ့ပြီ ဖြစ်ကြောင်း ဩဂုတ်လ
၂၅ ရက်နေ့က ထုတ်ဖေါ်ပြောဆိုခဲ့သည်။

.

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်မှ မိမိ မလုပ်
ရဲတာ ဘာမှ မရှိဟု ပြောဆိုခဲ့သည်ဟူသော
သတင်းများလည်း မကြာသေးမီက ထွက်ပေါ်လာခဲ့ပြန်သည်။

မြန်မာဖက်မှ အဆိုပါ သတင်းအပေါ် အတည်ပြုချက် ‌မပေးသေးသော်လည်းကမ္ဘာသတင်းစာမျက်နှာများတွင် အကြီးအကျယ် ဖေါ်ပြလျက် ရှိနေကြပြီ ဖြစ်သည်။

ယခု ကိစ္စသည် အိုင်စီဂျေ ကဲ့သို့ နိုင်ငံအား
လူမျိုးတုံး သတ်ဖြတ်သည်ဟု နာမည်ပျက်
စာရင်းသွင်းရန် တရားရုံးတင်သည့် အမှုမျိုး
မဟုတ်ပဲ လူပုဂ္ဂိုလ် တဦးချင်းစီ အပေါ်
တရားစွဲဆို အရေးယူသွားမည့် အမှုမျိုး ဖြစ်နေပေသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •