တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များ၏ ဓာတ်ခွဲနမူနာများ ရယူစစ်ဆေး။

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒုတိယအကြိမ်လွှတ်တော်များ၏ ၁၆ ကြိမ်မြောက် ပုံမှန် အစည်းအဝေး တက်ရောက်မည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအား COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးခြင်း၊ ဓာတ်ခွဲ စစ်ဆေးရန်အတွက် ဓာတ်ခွဲနမူနာ များရယူခြင်းများ ပြုလုပ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တို့ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

ထို့သို့ ဆောင်ရွက်ရာတွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၁၄ ဦး၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၆၁ ဦးတို့အပြင် ၎င်းတို့၏ အုပ်ချုပ်မှု အထောက်အကူပြု အဖွဲ့များဖြစ်သော ရုံးတာဝန် ၄ ဦး၊ စားရိပ်သာ တာဝန်ကျ ၂၆ ဦး၊ ယာဉ်မောင်း ၁၁ ဦးနှင့် ဆေးအကာအကွယ် တာဝန်ကျ ၃ ဦး၊ စုစုပေါင်း ၂၁၉ ဦး တို့၏ ဓာတ်ခွဲ နမူနာများကို ရယူကာ နေပြည်တော် တပ်မတော် ဆေးရုံကြီးရှိ Cobas 6800 ရောဂါ ရှာဖွေစက်ဖြင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ထို့အပြင် လွှတ်တော် အစည်းအဝေး တက်ရောက်ကြမည့် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း မေလ ၉ ရက် ထက် မစော၊ မေလ ၁၀ ရက်ထက် နောက်မကျဘဲ လာရောက်ရမည် ဖြစ်ပြီး ကျန်းမာရေး စစ်ဆေးမှုများ ခံယူရမည် ဖြစ်သည်။

ယခုလာမည့် လွှတ်တော် အစည်းအဝေးတွင် အစိုးရ၏ နောက်ဆက်တွဲ ဘက်ဂျက်များကို အတည်ပြု ပေးရန်နှင့် COVID-19 တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ဘဏ် ချေးငွေ ကိစ္စများ ဆွေးနွေး အတည်ပြုကြမည် ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •