တပ်မတော်အစိုးရကာလမှ လက်ရှိ NLD အစိုးရကာလအထိ နိုင်ငံတော်၏ ပြင်ပကြွေးမြီများ အခြေအနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပထမလွှတ်တော်မတိုင်မီကာလ (တပ်မတော်အစိုးရကာလ)
ပထမလွှတ်တော်ကာလ (၂၀၁၀ ဦးသိန်းစိန် အစိုးရ ကာလ)
ယခု ဒုတိယ လွှတ်တော်ကာလ (၂၀၁၅ NLD အစိုးရကာလ)
များ၏ ပြင်ပကြွေးမြီများ အခြေအနေ

ပြင်ပကြွေးမြီစာရင်း (30.9.2019)

ပထမလွှတ်တော်မတိုင်မှီကာလ = (၆•၃၇၆) ဘီလီယံ ဒေါ်လာ ။
(တပ်မတော်အစိုးရခတ်ကာလ)

ပထမလွှတ်တော်ကာလ = (၃•၂၀၅)
ဘီလီယံ ဒေါ်လာ ။
(၂၀၁၀ ရွေးချယ်ခံအစိုးရကာလ/ဦးသိန်းစိန်)

ဒုတိယလွှတ်တော်ကာလ = (ဝ•၄၂၂)ဘီလီယံ။(၄၄၂ ) သန်း ဒေါ်လာ။
(၂၀၁၅ ရွေးချယ်ခံ NLD အစိုးရကာလ)

(30.9.2019)
ပြင်ပကြွေးမြီပေါင်း = (၁၀•၀၀၃) ဘီလီယံ။

ပထမလွှတ်တော်မတိုင်မှီကာလနှင့်
ပထမလွတ်တော် ကာလမှာ ပြင်ပကြွေးမြီပေါင်း = (၉•၅၈၁) ဘီလီယံ ဒေါ်လာ
ဖြစ်ပြီး…………

ဒုတိယလွှတ်တော်ကာလ ရွေးချယ်ခံ NLD အစိုးရကာလမှာ ပြင်ပကြွေးမြီ =(ဝ•၄၄၂) ဘီလီယံ ဒေါ်လာ သာရှိနေပါတယ်။

မိမိအမှတ်မမှားဘူးဆိုလျှင် (20.2.2020) လွှတ်တော်မှာ ဘဏ္ဍာရေး ဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးမှ မကွေးတိုင်းမှလွှတ်တော်ကိုယ်စားလှယ်၏မေးခြင်းကို ဖြေဆိုခဲ့ခြင်း ဟု မှတ်မိပါတယ်။ ထို့အပြင်…….

ယခုအခါရပ်ဆိုင်းထားရသော မြင်းခြံသံမဏိစက်ရုံ၏ ကြွေးမြီ……..

– တရုပ်နိုင်ငံ(CDB) ဘဏ်မှချေးယူထား သည့် ငွေ ယူရို = (၁၁၁၇) သန်း(၁•၁၁၇)ဘီလီယံ။
ယခုအချိန်အထိ တိုးရင်းပေါင်းယူရို = (၁•၆၂၅) ဘီလီယံ။
နေ့စဉ် တိုး ရင်းပေါင်း (၃၁၅၂၇၁•၁၂) ယူရို၊
ကျပ်ငွေ သိန်းပေါင်း (၄၉၈၀)၊ပေးရပြီး
(2018 – 2019) ဘဏ္ဍာရေးနှစ်မှစတင်ပေးဆပ်နေရပါတယ်။
(2032 – 2033 ) နှစ်အထိ ပေးဆပ်ရပါမယ်။

 

စတင်ချေးယူသည့်စာချုပ်က…..
(14.7.2010 )….. တပ်မတော်အစိုးရကာလ…မှာစာချုပ်ခဲ့ပြီး ချေးငွေပမာဏ ယူရို
(၁၀၈၁•၈၃၀ ) သန်းမှ —-
ချေးငွေပမာဏ ယူရိုသန်းပေါင်း = (၁၀၄၂•၂၇၉) သန်း၊ ဖြစ်ပါတယ်။

ဒါက ပြင်ပကြွေးမြီ =(၁၀•၀၀၃) ဘီလီယံနဲ့မဆိုင်ပါ၊
ထို ဝန်ကြီးဌာန၏ သီးခြားချေးယူ ထားသောငွေ ဖြစ်ပါတယ်။

(၂၀၁၅) ရွေးချယ်ခံ NLD အစိုးရ စတင်တည်ဆဲဖြစ်သည့်အချိန်မှ စတင်ပြီး နိုင်ငံတော်က အရူံးခံ ဆောင်ရွက်နေရသည့် စက်ရုံများကို တစ်ဖြေးဖြေး ပိတ်သိမ်းလာခဲ့တာကို တွေ့ရပါတယ်။

ယခင်ကာလများက ကုန်သွယ် လယ်ယာပိုင် စပါးဂိုထောင်ကြီးများရှိခဲ့သော်လည်း…
၂၀၁၅ ရွေးချယ်ခံ NLD အစိုးရတာဝန်ယူစဉ်မှာ ဝန်ကြီးဌာနပိုင် စပါးဂိုထောင်ကြီးများသည် နိုင်ငံပိုင် များမဟုတ်တော့ပါဘဲ အခြားအဖွဲ့ အစည်းများဆီကို ရောက်ရှိနေပြီးဖြစ်ပါတယ်။

ထိုဂိုထောင်အများစုမှာ စပါးများထည့်သိုလှောင်လို့မရအောင် ပျက်စီးနေကြ ခြင်း
ပြန်လည်ငှားထားခြင်းစသည်တို့ကိုလည်းတွေ့နေရပါတယ်။

ဦးသိန်းစိန် အုပ်ချုပ်စဉ်ကာလကို ပြည်သူအများမှန်းဆကြည့်လို့ရပါတယ်။

အရန်ဆန် ၊အရန် ရိက္ခာဆိုသည်က ဒီဘက်ခေတ်ကာလမှ စတင် အသက်ဝင်ဘို့
ကြိုးစားလာတာဖြစ်ပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
(18.5.2020)။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •