တမူးမြို့ ၄ မိုင်စစ်ဆေးရေးဂိတ်၌ တရားမဝင် ဝင်ရောက် လာသော အိန္ဒိယနိုင်ငံသား ၂ ဦးအား ဖမ်းဆီးရမိ
နေပြည်တော် ၊ ဇူလိုင် – ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ၄ မိုင်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်၊ ထွက်မှုများအားစစ်ဆေနေတာပါ။
ဇူလိုင် ၁၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ခမ်းပတ်မြို့မှ တမူးမြို့သို့မောင်းနှင်လာသော လိုင်စင်မဲ့မော်တော် ဆိုင်ကယ်နှစ်စီးအား ရပ်တန့်စစ်ဆေးရာ တရားမဝင် ဝင်ရောက်လာသော အိန္ဒိယနိုင်ငံသား ၂ ဦးကို တွီဗန်ကျေးရွာနေ မတင်ဇနိန့်(ဘ) ဦးဟောခိုလွန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားဥပဒေအရဆောင်ရွက်နိုင်ရေး တမူးခရိုင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
Credit – တပ်မတော်သတင်းမှန် ပြန်ကြားရေး
http://dsinfo.org/node/196