တရားလိုဘက်မှ ​ငွေကျပ်သိန်းတစ်ရာ​​ပေးရန်တောင်းဆို

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တရားလိုဘက်မှ ​ငွေကျပ်သိန်းတစ်ရာ​​ပေးရန်တောင်းဆို

မင်းရာဇာအပါအဝင် သုံးဦးအမှုတွင် တရားလိုဘက်မှ ငွေကျပ်သိန်းတစ်ရာပေးရန်တောင်းဆိုကြောင်း ယနေ့ ဇွန်၁၁ရက် ရုံးထုတ်စစ်ဆေးမှုအပြီး မင်းရာဇာက သတင်းထောက်များကိုပြောကြားသည်။

ယနေ့ ဇွန်၁၁ရက်က မြောက်ဥက္ကလာပမြို့နယ်တရားရုံးသို့ လေးကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့အပြီး၊ လာမည့် ဇွန် ၂၅သို့ပြန်လည်ချိန်းဆိုခဲ့ကြောင်းသိရသည်။

သရုပ်ဆောင်မင်းရာဇာအပါအဝင် လေးဦးအား အိမ်အကူအမျိုးသမီးငယ်၏ မိခင်က မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

အိမ်အကူအမျိုးသမီးငယ်၏ မိခင်ဖြစ်သူမှာ လွန်ခဲ့သည့်ရက်အနည်းငယ်က facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သရုပ်ဆောင်မင်းရာဇာ၏ ဇနီးတင်ထားသည့် လူမှုရေးဖောက်ပြန်မှု အသံဖိုင်ကို ကြားသိရသဖြင့် သမီးဖြစ်သူထံ သွားရောက်မေးမြန်းခဲ့ကြောင်း သိရသည်။

ထိုသို့မေးမြန်းရာ ရွှေပေါက္ကံရှိနေအိမ်သို့ သရုပ်ဆောင်မင်းရာဇာနှင့် ၎င်း၏ဇနီးတို့ ရောက်ရှိလာပြီး ဘောင်းဘီ ချွတ်ကာ အက်စစ်ဖြင့် ပက်ခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ရက်ခန့်ကလည်း မင်းရာဇာ၏ယောက္ခမဖြစ်သူက ဦးခေါင်းကိုတူဖြင့် ထုသည့်အတွက် သွေးထွက်ဒဏ်ရာများ ရရှိသည်ဟု ပြောကြားခြင်းကြောင့် အမှုဖွင့် တိုင်ကြားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

အမှုနဲ့ပတ်သက်ပြီး ရွှေပေါက္ကံရဲစခန်းက သရုပ်ဆောင်မင်းရာဇာအပါအဝင် လေးဦးကို (ပ)၅၀၅၊ ရာဇသတ်ကြီးပုဒ်မ-၃၂၄/၃၂၅/၃၅၄နှင့်၁၁၄ စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားတာလည်းဖြစ်ပါတယ်။

ထို့ပြင် သရုပ်ဆောင် မင်းရာဇာမှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့့် အရှေ့ပိုင်းခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •