တရားဟောဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကို မရမ်းကုန်းမြို့နယ် တရားရုံးကထောင်ဒဏ် ၃လစီ ချမှတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တရားဟောဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကို
မရမ်းကုန်းမြို့နယ် တရားရုံးကထောင်ဒဏ် ၃လ
ချမှတ်

============================

ဒီကနေ့သြဂုတ်လ ၆ ရက်နေ့ ရုံးချိန်းမှာ မရမ်းကုန်းမြို့နယ်တရားရုံးက တရားဟောဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကိုအလုပ်နဲ့ ထောင်ဒဏ် ၃လ စီ ချမှတ်လိုက်တာပါ။

 

သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅) နဲ့တရားစွဲဆိုထားတဲ့ စောဒေးဗစ်(ခ)ဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းမြို့နယ်တရားရုံး ၌ ရာဇဝတ်ကြီး အမှုအမှတ်(၆၈၅/၂၀၂၀)အရ အမှုနှင့်ပတ်သက်၍ လက်ခံစစ်ဆေး ဆောင်ရွက်ခဲ့ပြီး ဇူလိုင်လ(၂)ရက်‌ နေ့က အမှုအား စွဲချက်တင် အမိန့်ချမှတ်ခဲ့ပြီး‌နောက် ဇူလိုင်လ(၇)ရက်‌‌နှင့်( ၉ )ရက် နေ့များတွင် ထပ်မံရုံးချိန်း‌များခေါ်ယူ‌၍ အမှုကိုစစ်ဆေးခဲ့ပါတယ်။

 

ဇူလိုင်လ(၁၄)ရက်နေ့၌ တရားခံပြ သက်သေ (၃)ဦးအား စစ်ဆေးခဲ့ပြီး ဇူလိုင်လ (၁၆)ရက်နေ့တွင်လည်း (၁၃) ကြိမ်မြောက် ရုံးချိန်းအဖြစ် အမှုမှကျန်ရှိသော တရားခံပြသက်သေ (၃) ဦးကို ရုံးချိန်းခေါ်ယူပြီး အမှုကို ဆက်လက် စစ်ဆေးခဲ့ပါတယ်။

ဒီအမှုဟာ မှုခင်း စီမံခန့်ခွဲမှုအစီအစဥ်အရ အလျင်အမြန်ဆောင်ရွက်ရမယ့် ရာဇဝတ်ကြီးအမှုအဖြင့် သတ်မှတ်ထားတာကြောင့် ရက်ပေါင်း (၉၀) အတွင်း အပြီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •