တရားဥပဒေစိုးမိုးဖို့အတွက် ရွေးကောက်ပွဲဝင်ရခြင်းဖြစ်တာကြောင့် မိမိကိုယ်တိုင်ကလည်း ဥပဒေတွေကို လေးစားလိုက်နာ ဖို့လိုတယ်လို့ ကိုယ်စားလှယ်လောင်းတွေကို ဒေါ်အောင်ဆန်းစုကြည် သတိပေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ကိုယ်စားလှယ်လောင်းတွေအနေနဲ့ တရားဥပဒေစိုးမိုးဖို့အတွက် ရွေးကောက်ပွဲဝင်ရခြင်းဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း သိထားရမှာဖြစ်ပြီး မိမိကိုယ်တိုင်ကလည်း ဥပဒေတွေကို လေးစားလိုက်နာဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။

ဩဂုတ်(၂၃)ရက်က နေပြည်တော်ရှိ MICC 2မှာပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ အခုလို သတိပေးလိုက်တာပါ။

“ စက်တင်ဘာ၈ရက်နေ့မှာကျွန်မတို့အောင်နိုင်ရေးလှုပ်ရှားမှုတွေစပါမယ်။ အောင်နိုင်ရေးဆိုတာဘာကို အောင်နိုင်ရမလဲဆိုတာ လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ မှန်ကန်တဲ့အောင်နိုင်ရေး၊ နိုင်ငံအတွက် အောင်နိုင်ရေးမျိုးဖြစ်ရပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်တာဟာ နိုင်ငံ့အကျိုးအတွက် အောင်နိုင်ရေးလုပ်တယ်ဆိုတဲ့ စိတ်နှလုံး သွင်းရမှာဖြစ်ပါတယ်။ နိုင်ငံအတွက် အကျိုးရှိမယ့်အောင်နိုင်ရေးမျိုး ဖြစ်ရပါမယ်။ နိုင်ငံ့အောင်နိုင်ရေးအတွက်လုပ်တယ်ဆိုတာကို သိထားရပါမယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တွေ့ဆုံပွဲကို ပါတီနာယကတွေဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းထိန်၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်၊ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •