တရုတ်ကာကွယ်ဆေး SinoVac ၂၀၂၁ နှစ်ဆန်းပိုင်းမှာရပါမယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇨🇳 တရုတ်ကာကွယ်ဆေး SinoVac ဟာ ၂၀၂၁ နှစ်ဆန်းပိုင်းမှာရပါမယ်။

SinoVac ကို သဘောကျတာတစ်ခုက CEO ဖြစ်သူ Yin Weidong က 🇺🇸 အမေရိကန် FDA က #အသိအမှတ်ပြုလက်မှတ်ရအောင်လျှောက်မယ်လို့ ကတိပြုခဲ့ခြင်းပါ။

💉 SinoVac သာ 🇺🇸 FDA က #အသိအမှတ်ပြုလက်မှတ်ရရင်ထိုးရဲပါတယ်။

🇺🇸 FDA ကဒီရက်ပိုင်း #လူတွေအန္တရာယ်ကင်းပြီး #ဆေးအာနိသင်တကယ်ထက်မြက်အောင် ပိုမိုတင်းကျပ်တဲ့ စည်းကမ်းထုတ်ဖွယ်ရှိပါတယ်။

Yin Weidong က ပြောတာက သူတို့ SinoVac ရဲ့ကာကွယ်ဆေးဟာ တတိယအဆင့် Phase 3 trial စမ်းသပ်မှု #အောင်မြင်စွာမပြီးဆုံးသေးပါဘူးတဲ့။

SinoVac ရဲ့ကာကွယ်ဆေးအမည်က CoronaVac ဖြစ်ပါတယ်။

Phase 3 trial စမ်းသပ်မှုကို လူပေါင်း ၂၄၀၀၀ ကျော်နဲ့ ဘရာဇီး၊ တူရကီနဲ့ အင်ဒိုနီးရှားမှာစမ်းသပ်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ မကြာခင်စမ်းသပ်မှာဖြစ်ပြီး ချီလီမှာလည်းစမ်းသပ်နိုင်ပါတယ်။

အဲ့ဒီနေရာတွေက လူဦးရေထူထပ်ပြီး ကူးစက်နှုန်းများကာ သုသေသနနည်းပညာလည်းအကန့်အသတ်ရှိကြလို့ အဲ့ဒီနေရာတွေမှာ စမ်းသပ်တာပါတဲ့။

အဲ့ဒီစမ်းသပ်တဲ့နိုင်ငံတွေကို ဦးစားပေးဖြန့်ဖြူးပါမယ်တဲ့။

ပေကျင်းမြို့တောင်ဘက်မှာ SinoVac ကာကွယ်ဆေးစက်ရုံအသစ်ရှိပြီး အဲ့စက်ရုံကမေ တစ်နှစ်ကို ကာကွယ်ဆေး သန်းဝက် ထုတ်ဖို့ကြိုးစားနေပါတယ်။

အခုတင် စက်ရုံဟာ ကာကွယ်ဆေးကို နေ့မအားညမအားထုတ်လုပ်နေပြီး Phase 3 စမ်းသပ်မှုအောင်မြင်ရင် ထုတ်ရောင်းဖို့ ပြင်ဆင်နေပါတယ်။

SinoVac အနေနဲ့ လာမယ့် ဖေဖဝါရီနဲ့ မတ်လအမှီ ကာကွယ်ဆေး အလုံးရေ သန်းရာချီထုတ်ဖို့ ပြင်ဆင်နေပါတယ်။

အခုအချိန် တရုတ်ပြည်က ကလေးတွေနဲ့ အသက်ကြီးသူတွေမှာ လူထောင်နဲ့ချီပြီး စတင်ထိုးနှံပေးနေပါပြီတဲ့။

အဲ့ဒီဆေးကို တရုတ်ပြည်မှာ (Emergency use) အရေးပေါ်သုံးခွင့်ပြုထားပါတယ်။

အရင်တုန်းက တရုတ်ကကာကွယ်ဆေးတွေဟာ အမေရိကန်၊ ဥရောပ၊ ဂျပန်နဲ့ ဩစတေးလျနိုင်ငံတို့ရဲ့ #မှတ်ပုံတင်စစ်ဆေးမှုအဆင့်အတန်းကိုမအောင်မြင်ခဲ့ပါဘူး။

အခု Covid-19 ကာကွယ်ဆေး Phase 3 အောင်မြင်ပြီး နိုင်ငံတကာအသိအမှတ်ပြုအဆင့်အတန်းမီပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Richard Myo Thant
25-September-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •