“တရုတ်က တိုင်ဖွန်းမုန်တိုင်း ဗမ်ကို အတွက် သတိပေးကြေညာချက် အပြာရောင်အဆင့် အဖြစ်ပြန်လည်သတ်မှတ်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“တရုတ်က တိုင်ဖွန်းမုန်တိုင်း ဗမ်ကို အတွက်
သတိပေးကြေညာချက် အပြာရောင်အဆင့်
အဖြစ်ပြန်လည်သတ်မှတ်”

November 15, 2020

တရုတ်အမျိုးသားနက္ခတ်တာရာကြည့်
မျှော်စင်က တိုင်ဖွန်းမုန်တိုင်း ဗမ်ကိုအတွက်
အနိမ့်ဆုံးသတိပေးကြေညာချက်အပြာရောင်
အဆင့်အဖြစ်ပြန်လည်လည်သတ်မှတ်လိုက်ပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီးတောင်ပိုင်း
ကမ်းရိုးတန်းဒေသတွေမှာလေပြင်းတွေ
တိုက်ခတ်နိုင်တယ်လို့ မျှော်လင့်ထားပါတယ်။
ဒီနှစ်ရဲ့၂၂ခုမြောက်ဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်းဗမ်ကိုဟာ တနင်္ဂနွေနေ့ မနက်၅ နာရီက ဗီယက်နမ် အလယ်ပိုင်းကမ်းရိုးတန်းပင်လယ်ပြင်ကိုဗဟိုပြုတိုက်ခတ်ခဲ့ပြီး၊မုန်တိုင်းရဲ့မျက်စိ အနီးဝန်းကျင်မှာလေတိုက်နှုန်း တရာရီ၁၂၆ကီလိုမီတာအထိရှိခဲ့တယ် လို့အမျိုးသားမိုးလေဝသဌာနNMCရဲ့တိုင်းထွာချက်တွေအရသိရပါတယ်။

ဗီယက်နမ်အလယ်ပိုင်းကမ်းရိုးတန်းကုန်းတွင်းပိုင်းကိုမဝင်ရောက်ခင် တနာရီ၂၀ကီလိုမီတာအမြန်နှုန်းနဲ့ အနောက်မြောက်ဘက်ဆီကိုရွေ့လျှားသွားမယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။

တနင်္ဂနွေနေ့ မနက်ကနေ တနင်္လာနေ့မနက်ပိုင်းအထိ ထိုင်ဝမ်ရေလက်ကြား၊တောင်တရုတ်ပင်လယ်
ကျင်ဇောင်ရေလက်ကြား၊ဘေဘူးပင်လယ်ကွေ့ နဲ့ ဟိုင်နမ် ကျွန်းစုတွေမှာလေပြင်းမုန်တိုင်းတွေတိုက်ခတ်နိုင်တယ်လို့မျှော်လင့်ထားပါတယ်။ဟိုင်နမ်ရဲ့အရှေ့တောင်ပိုင်းဒေသမှာ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းမယ်လို့ NMCရဲ့ကြိုတင်ခန့်မှန်းချက်အရမျှော်လင့်ထား
ပါတယ်။တရုတ်ပြည်ဟာရာသီဥတုသတိပေးချက်စံနစ်ကိုအရောင်၄မျိုးနဲ့ခွဲခြားသတ်မှတ်ထားပါတယ်။အပြင်းထန်ဆုံးအဆင့်ကိုအနီရောင် သတ်မှတ်ပြီး၊လိမ္မော်၊အဝါ၊အပြာစသည်ဖြင့်အစဉ်လိုက်သတ်မှတ်ထားပါတယ်။

ဒီမုန်တိုင်းဟာဖိလစ်ပိုင်နိုင်ငံမှာပြင်းထန်စွာ
တိုက်ခတ်ခဲ့ပြီးဖြစ်ပါတယ်။ဒီနှစ်မှာတိုင်ဖွန်းမုန်တိုင်းဗမ်ကိုတိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံမှာသေဆုံးသူ ၆၇ယောက်အထိရှိခဲ့ပြီး၊လူ၁၂ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အမျိုးသားသဘာဝဘေးဒါဏ်စီမံခန့်ခွဲရေးအေဂျင်စီကတနင်္ဂနွေနေ့ကပြောခဲ့ပါတယ်။

Ref:CGTN


Spread the love
  •  
  •  
  •  
  •  
  •  
  •