“တရုတ်ဂျက်တိုက်လေယာဉ်များ ထိုင်ဝမ်ကျွန်းလေကြောင်းပိုင်နက်အတွင်း ဝင် ရောက်ခဲ့ပြီးနောက် အမေရိကန်က ထိုင်ဝမ်ကိုကူညီမယ် လို့ထပ်လောင်းပြောဆို”  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“တရုတ်ပြည်က ထိုင်ဝမ်ကျွန်းလေကြောင်းပိုင်နက်အတွင်းဂျက်တိုက်လေယာဉ်များစေလွှတ်ခဲ့ပြီးနောက်
အမေရိကန်က ထိုင်ဝမ်ကိုထောက်ပံ့ကူညီမယ်
လို့ထပ်လောင်းပြောဆိုခဲ့”

January 25,2021

တရုတ်ပြည်ဟာ ထိုင်ဝမ်ကျွန်းအနီး သူ့ရဲ့စစ်လေယာဉ်တွေကိုစေလွှတ်ကာ ဒီမိုကရက်တစ်အစိုးရကိုခြိမ်းခြောက်တဲ့
လုပ်ရပ်ကိုအထင်အရှားလုပ်ခဲ့ပြီး အမေရိကန်
သမ္မတအသစ်ရဲ့ဆုံးဖြတ်ချက်ကိုစမ်းသပ်ခဲ့တာ
ကြောင့် အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်ကို ကူညီထောက်ပံ့သွားမယ်လို့ ထပ်မံ
အတည်ပြုပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး
ဝန်ကြီးဌာနက “ဒါဟာထိုင်ဝမ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာတရုတ်ပြည်ကဆက်လက်လုပ်ဆောင်နေတဲ့ကျူးကျော်ရန်စ
တဲ့ပုံစံပါပဲ”လို့ ပြောဆိုလိုက်ပါတယ်။
ထိုင်ဝမ်အပေါ် စစ်ရေး၊သံတမန်ရေး နဲ့စီးပွါး
ရေးဖိအားပေးမှုတွေရပ်ဆိုင်းပြီး၊အဲ့ဒီ့အစား
ဒီမိုကရေစီနည်းလမ်းတကျရွေးချယ်တင်
မြှောက်ထားတဲ့ ထိုင်ဝမ်ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့
အဓိပ္ပါယ်ရှိရှိတွေ့ဆုံဆွေးနွေးဖို့ ဘီဂျင်းကို
ကျွန်တော်တို့တိုက်တွန်းပါတယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်
ရှိသူ နက်ဒ် ပရိုက်(စ်)က ထုတ်ပြန်ချက်မှာ
ပြောဆိုထားပါတယ်။
ထိုင်ဝမ်နိုင်ငံရဲ့ကာကွယ်ရေးဝန်ကြီးဌာနက
တရုတ်ပြည်ဟာစနေနေ့မှာ ကျွန်းရဲ့အနောက်တောင်ဘက်မှာရှိတဲ့ သူ့ရဲ့လေကြောင်းကာကွယ်ရေးသတ်မှတ်ထားတဲ့ဇုံအတွင်းကိုနယူကလီးယားလက်နက်တွေ
သယ်ဆောင်နိုင်စွမ်းရှိတဲ့ ဗုံးကြဲလေယာဉ် ၈စီး
နဲ့ ဂျက်တိုက်လေယာဉ်၄စီးကိုစေလွှတ်ခဲ့တယ် လို့ ပြောပါတယ်။တရုတ်ပြည်ဟာ တနင်္ဂနွေနေ့
မှာ အဲ့ဒီနေရာကိုပဲ ပုံသဏ္ဍန်အမျိုးမျိုးနဲ့စစ်လေယာဉ်၁၆စီး
နောက်ထပ်စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောဆိုပါတယ်။ထိုင်ဝမ်က တိုက်လေယာဉ်များချက်ချင်းပဲတက်ရောက်ပျံသန်းသွားခဲ့ပြီးထိုလုပ်ရပ်ကိုစောင့်ကြည့်ဖို့
လေကြောင်းကာကွယ်ရေးဒုံးပျံစံနစ်တွေတပ်ဖြန့်ချထားလိုက်ပြီလို့ ရေဒီယိုနဲ့သတိပေးကြေညာခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကပြောဆိုပါတယ်။
တနင်္ဂနွေနေ့က တရုတ်ပြည်ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး အလျှင်စလိုတုန့်ပြန်ဝေဖန်ချက်မပေးခဲ့ပါဘူး။
ထိုင်ဝမ်ဟာတရုတ်ပြည်ရဲ့ပိုင်နက် တစိတ်တပိုင်းဖြစ်တယ်ဆိုတဲ့ ဘီဂျင်းရဲ့တောင်းဆိုချက်ကို ထိုင်ဝမ်သမ္မတ
Tsai Ing-wenရဲ့အစိုးရက အလျှော့ပေးလိုက်လျှောစေဖို့အတွက် ဖိအားပေးဖို့ရည်ရွယ်ပြီး တရုတ်ပြည်ဟာ
ထိုင်ဝမ်လေကြောင်းပိုင်နက်ကို ကျူးကျော်ဝင်ရောက်နှောင့်ယှက်တာမျိုး
ကာလကြာရှည်ဆောင်ရွက်လာခဲ့တာဖြစ် ပါတယ်။
သမ္မတဂျိုးဘိုင်ဒင် သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် ထပ်ကြပ်မကွာနောက်ကလိုက်လာတဲ့ အဖြစ်
အပျက်တွေကတော့ လူ့အခွင့်အရေးနဲ့ပတ်သက်တာတွေ၊ကုန်သွယ်ရေးအငြင်းပွါးမှုတွေအပြင်၊ကိုရိုနာဗိုင်းရပ်(စ်)
ကပ်ရောဂါနဲ့ပတ်သက်ပြီး တရုတ်ပြည်ရဲ့ကနဦးတုန့်ပြန်ချက်တွေနဲ့ပတ်သက်တဲ့ပြဿနာတွေ တသီတတန်းကြီးအပြင်ထိုင်ဝမ်ကျွန်းရဲ့ပြဿနာတွေကိုပါ အလေးအနက်ထား ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဂျိုးဘိုင်ဒင်ရဲ့ အစိုးရလက်ထက်မှာ လူထုတွေ့ဆုံဆွေးနွေးမှုတွေပိုမိုလုပ်ဆောင်လာဖို့ဦးစားပေးလာပေမဲ့ ထရမ့်လက်ထက်ကဆောင်ရွက်ခဲ့တဲ့ တရုတ်ပြည်အပေါ်ဖိအားပေးမှုတွေကို လျှော့ချဖို့အရိပ်အယောင် နည်းနည်းလေးမှမပြသခဲ့ပါဘူး။

စနေနေ့ကဆောင်ရွက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ
ဝါရှင်တန်ဟာ ထိုင်ဝမ်နဲ့ နက်ရှိုင်းလေးနက်တဲ့ဆက်ဆံရေးကို ဆက်လက်တည်ဆောက်သွားပြီး၊ထိုင်ဝမ်အပေါ် တရုတ်ပြည်ရဲ့ခြိမ်းခြောက်မှုတွေကနေ အကာအကွယ်ပေးသွားဖို့အခိုင်အမာပြောဆို
ခဲ့ပါတယ်။နှစ်ဘက်ကြားထဲဖြစ်ပွါးနေတဲ့ပြဿနာကို
ငြိမ်းချမ်းတဲ့ဆုံးဖြတ်ချက်တွေချမှတ်သွားနိုင်
ဖို့အထောက်အကူပေးသွားမယ်လို့ဆိုပါတယ်။
ထိုင်ဝမ်ကိုထောက်ခံတဲ့လက္ခဏါတရပ် အနေနဲ့ ကျွန်းရဲ့ဝါရှင်တန်ဆိုင်ရာသံအမတ်
Hsiao Bi-khim ကို ဘိုင်ဒင်ရဲ့သမ္မတအဖြစ်
ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဧည့်သည်တော်အဖြစ်
ဘိတ်ကြားခဲ့တာဖြစ်ပါတယ်။
တရုတ်ပြည်ကို နောက်ဆုံးဝေဖန်ချက်ပေးသွားရာမှာ ထရမ့်ရဲ့
ထွက်ခွါသွားတဲ့ကုလသမဂ္ဂဆိုင်ရာသံအမတ်
က တရုတ်ပြည်ဟာ ထိုင်ဝမ်ကိုဖယ်ရှားထားပြီး
အထီးကျန်ဖြစ်အောင်ဆောင်ရွက်နေတာတွေကို ကမ္ဘာကြီးကဆန့်ကျင်ကြဖို့အချိန်တန်ပြီ
လို့တွစ်တာမှာရေးသားခဲ့တာကို ဘီဂျင်း က ပြင်းထန်စွာတုန့်ပြန်ဝေဖန်ခဲ့ပါတယ်။သံအမတ်
ကယ်လီခရပ်(ဖ်)ဟာ ထိုင်ဝမ်ကိုပိတ်ပင်တားမြစ်ထားတဲ့ ကုလသမဂ္ဂ
အထွေထွေညီလာခံမှာရှိနေတဲ့သူမရဲ့ဓာတ်ပုံကို
ပါ တွစ်တာမှာဖော်ပြထားပါတယ်။သူမက
နယူးရော့ခ် ကထိုင်ဝမ်ကိုယ်စားလှယ်တဦး
ဖြစ်တဲ့ သံအမတ် ဂျိမ်းစ် လီ လက်ဆောင်ပေးထားတဲ့ထိုင်ဝမ်ထုတ် လက်ကိုင်အိတ် တလုံးကိုကိုင်ဆောင်ထားပါတယ်။
ထိုင်ဝမ် နဲ့တရုတ်ပြည်ဟာ ၁၉၄၉ခုနှစ်မှာ
ဖြစ်ပွါးခဲ့တဲ့ပြည်တွင်းစစ်မှာတသီးတခြားစီ
ကွဲပြားသွားခဲ့ကြပြီး တရုတ်ပြည်က လိုအပ်လာရင်အင်အားသုံးပြီးသူ့ရဲ့ထိန်းချုပ်မှုအောက်မှာပြန်ထားဖို့ဆုံးဖြတ်ထားပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ ထိုင်ပေဟာ
ဘီဂျင်းနဲ့သက်ဆိုင်တာကို ၁၉၇၉ခုနှစ်မှာ
သံတမန်နည်းလမ်းအရ အသိအမှတ်ပြုထား
ခဲ့ပြီး ထိုင်ဝမ်ဟာ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပြီး ၊ဝါရှင်တန်က နိုင်ငံရေးပါတီနှစ်ရပ်လုံးကထောက်ပံ့မှုကိုရယူနေတဲ့ ဒီမိုကရေစီစံနစ်ကျင့်သုံးနေတဲ့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရကျွန်းနိုင်ငံတခုအဖြစ်တရားဝင်အာမခံချက်ပေးဖို့လိုအပ်ပါတယ်။
Tsaiဟာ ထိုင်ဝမ်ကျွန်းရဲ့ကာကွယ်ရေးကို
အမေရိကန်နိုင်ငံက ဘီလျှံပေါင်းများစွာ တန်ကြေးရှိတဲ့ လက်နက်တွေကို ဝယ်ယူပြီး အထောက်အပံ့ပေးထားပါတယ်။အဆင့်မြှင့်ထားတဲ့F-16ဂျက်လေယာဉ်တွေ၊
လက်နက်တပ်ဆင်ထားတဲ့ဒရုန်းလေယာဉ်တွေ၊
ဒုံးပျံစံနစ်တွေနဲ့ သင်္ဘောတွေ နဲ့ကုန်းပေါ်ကပစ်မှတ်တွေကို နှစ်မျိုးစလုံး ပစ်ခတ်နိုင်တဲ့ ဟာပွန်း မစ်ဆိုင်းဒုံးကျည်တွေပါဝင်ပါတယ်။သူမဟာထိုင်ဝမ်ရဲ့ပြည်တွင်းဖြစ်လက်နက်
စက်ရုံတွေကိုလည်းအဆင့်မြှင့်တင်ပေးထားပါတယ်။တရုတ်စစ်တပ်ရဲ့အမြဲတမ်းတိုးမြင့်လာ
နေတဲ့ရေတပ်အင်အားကိုတန်ပြန်ဖို့ ရေငုတ်သင်္ဘောအသစ်တွေတည်ဆောက်နေတဲ့အစီအစဉ်တခုကိုလည်းစတင်ဆောင်ရွက်နေပါတယ်။
ထိုင်ဝမ်အပေါ်စီးပွါးရေး နဲ့နိုင်ငံရေးဆိုင်ရာ ဖြားယောင်းသွေးဆောင်မှုတွေဟာအလုပ်မဖြစ်တာကြောင့် တရုတ်ပြည်ဟာ စစ်ရေးဆိုင်ရာခြိမ်းခြောက်မှုတွေတိုးမြှင့်
ဆောင်ရွက်လာတာဖြစ်ပါတယ်။

ဂျက်တိုက်လေယာဉ်တွေ၊ကင်းထောက်လေယာဉ်တွေကို လူဦးရေ၂၄သန်းနေထိုင်ကြတဲ့ကျွန်းလေးဆီစေလွှတ်ပျံသန်းပြီး စစ်ကစားပြနေပါတယ်။
ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ပြီး တရုတ်ပြည်ရဲ့အရှေ့တောင်ဘက် ကမ်းရိုးတန်းအလွန်၁၆၀ ကီလိုမီတာ (မိုင်၁၀၀)အကွာအဝေးမှာထိုင်ဝမ်ကျွန်းနိုင်ငံဟာ
တည်ရှိနေတာဖြစ်ပါတယ်။

Ref:(AP)


Spread the love
  •  
  •  
  •  
  •  
  •  
  •