တရုတ်ငါးဖမ်းသင်္ဘော ၃၀၀ နီးပါး အီကွေဒေါကမ်းလွန်တွင် ရောက်ရှိနေသဖြင့်နိုင်ငံတကာရေပြင်မှ အီကွေဒေါရေပြင်ထဲ ငါးဝင်မဖမ်းရေးအတွက် အမြင့်ဆုံးတပ်လှန့်ထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

တရုတ်ငါးဖမ်းသင်္ဘော ၃၀၀ နီးပါး အီကွေဒေါကမ်းလွန်တွင် ရောက်ရှိနေသဖြင့်နိုင်ငံတကာရေပြင်မှ အီကွေဒေါရေပြင်ထဲ ငါးဝင်မဖမ်းရေးအတွက် အမြင့်ဆုံးတပ်လှန့်ထား

“တောင်အမေရိက ကမ်းရိုးတန်းကတရုတ်ငါးဖမ်းသင်္ဘော၃၀၀ကြောင့်အစားအသောက်ရှားပါးလာမှာကိုစိုးရိမ်ပူပန်နေ”

October 1,2020 ,VOA News

( 2020 သြဂုတ်လ ၇ရက်နေ့က ပစ္စဖိတ် သမုဒ္ဒ ရာထဲတွင် ဂလာပါဂို့(စ်) ကျွန်းစုများရဲ့ သီးသန့်စီးပွါးရေးဇုံကို နယ်နိမိတ် ပိုင်းခြား သတ်မှတ်ထားတဲ့ နိုင်ငံတကာရေပိုင်နက်မှာ တရုတ်အလံလွှင့်ထူထားတဲ့ ငါးဖမ်းသင်္ဘောအုပ်စုအများအပြားတွေ့ရှိရပြီးတဲ့နောက်မှာ အီကွေဒေါ
ရေတပ်သင်္ဘောများက တရုတ် ငါးဖမ်းမော်တော်တစီးကိုဝိုင်းပတ် ပိတ်ဆို့ထားလိုက်ပါတယ်။)

အကြမ်းဖျင်းအရေအတွက် ၃၀၀လောက်ရှိတဲ့ တရုတ်ငါးဖမ်းသင်္ဘောအုပ်စုဟာ ဂလာပါဂို့(စ်)
ကျွန်းစုများရဲ့အဝေးကို ထွက်ခွါသွားပြီး၊အခုဆို ပီရူးကမ်းလွန်နိုင်ငံတကာရေပြင်မှာလှုပ်ရှားနေကြ တယ်လို့ အီကွေဒေါရေတပ်ကအတည်ပြုပြောဆိုပါတယ်။
အီကွေဒေါ ရေကြောင်းစစ်ဆင်ရေးရဲ့စစ်ဦးစီးမှူး ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီယယ် ဂင်းနက်(ဇ်)က တရုတ်သင်္ဘောတွေ ပီရူးစီးပွါးရေးဇုံအပြင်ဘက် ကမ်းလွန်ရေပြင်မှာရှိနေကြတယ်လို့ ဒီအပတ်မှာ ပြောကြား
ခဲ့ပါတယ်။
ယခင်နှစ်တွေနဲ့နှိုင်းစာရင် ဒီနှစ်မှာ
တရုတ်ငါးဖမ်းသင်္ဘောတွေကိုအရေအတွက်ပိုမိုများပြားစွာတွေ့ရတယ်လို့သူကထပ်ပြောပါတယ်။
ဒီလေါက်အရေအတွက်များပြားတဲ့မော်တော်တွေနဲ့ ငါးတွေဖမ်းယူနေကြရင် တချို့ငါးမျိုးစိတ်တွေ မျိုးတုန်း ပျောက်ကွယ်မဲ့အန္တရယ်နဲ့ ရင်ဆိုင်နေရပြီလို့
ဂင်းနက်(ဇ်)ကသတိပေးပြောဆိုပါတယ်။

(2020 သြဂုတ်လ၇ရက်နေ့ကပစ္စဖိတ်သမုဒ္ဒ ရာထဲတွင် ဂလာပါဂို့(စ်)ကျွန်းစုများရဲ့ သီးသန့်စီးပွါးရေးဇုံကို
နယ်နိမိတ်ပိုင်းခြားသတ်မှတ်ထားတဲ့ နိုင်ငံတကာ စင်္ကြံလမ်းမှာ တရုတ်အလံလွှင့်ထူထားတဲ့ တရုတ်ငါးဖမ်းသင်္ဘောအများအပြားကိုစစ်ဆေးတွေ့ရှိရပြီးတဲ့နောက်မှာ အီကွေဒေါရေတပ်အရာရှိတယောက်က ရေဒါကို
ကြည့်ရှုနေပါတယ်)

တရုတ်တွေရဲ့ရန်လိုတဲ့ အလွန်အမင်းကျူးကျော်ငါးဖမ်းနေမှုတွေဟာကမ်းရိုးတန်းတိုင်းပြည်တွေရဲ့အချုပ်အချာအာဏာပိုင်စိုးမှုကိုခြိမ်းခြောက်နေရုံသာမကတကမ္ဘာလုံ းဆိုင်ရာစားနပ်ရိက္ခာဖူလုံမှုနဲ့အဏ္ဏဇီဝပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးနေစေတယ်လို့ ကျွမ်းကျင်သူတွေက VOAကိုပြောပါတယ်။

“တောင်အမေရိကတိုင်းပြည်တွေက ကန့်ကွက်ပြောဆိုမှုများ” ပစ္စဖိတ်ကမ်းရိုးတန်းတလျှောက်ပင်လယ်ပြင်မှာ တရုတ်ငါးဖမ်းသင်္ဘောတွေအများအပြား
မတန်တဆငါးတွေဖမ်းယူနေကြတာကြောင့်
တောင်အမေရိကတိုင်းပြည်အတော်မျာများမှာ
လွန်ခဲ့တဲ့နှစ်လကျော်လောက်ကတည်းက
စိုးရိမ်မှုတွေစတင်ဖြစ်ပေါ်လာခဲ့ကြပါတယ်။
ဇွန်လမှာအရွယ်အစားကြီးမားတဲ့ တရုတ်
ငါးဖမ်းဆွဲပိုက်ချ သင်္ဘောကြီးတွေ အစီး၃၄၀ခန့် အီကွေဒေါနိုင်ငံအနီးကရေပြင်ထဲကိုဝင်ရောက်လာခဲ့ကြပါတယ်။
ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်အဖြစ်
သတ်မှတ်ထားတဲ့နေရာတခုဖြစ်ပြီးထူးခြားတဲ့ သတ္တဝါ မျိုးစိတ်ပေါင်းများစွာရှင်သန်
နေထိုင်ကျက်စားရာဖြစ်တဲ့ ဂလာပါဂို့(စ်)
ကျွန်းစုတွေကို ထိခိုက်ပျက်စီးမှုတွေရှိလာနိုင်
တဲ့အတွက် ကန့်ကွက်ဆန့်ကျင်မှုတွေစတင်
ဖြစ်ပေါ်လာခဲ့ပါတယ်။
တရုတ်သင်္ဘောတွေဟာ ဂြိုလ်တု
အခြေခံ အလိုအလျှောက် သင်္ဘော အမျိုးအစားခွဲခြားသတ်မှတ်ပေးနိုင်တဲ့စံနစ်တွေကိုပိတ်ထားပြီး၊ အီကွေဒေါ သီးသန့်စီးပွါးရေးဇုံရေပိုင်နက်ထဲကိုလည်း
မကြာခန ဝင်ရောက်လာတတ်ကြတယ်လို့
စွတ်စွဲပြောဆိုတာခံထားကြရပါတယ် လို့
သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ
သိရပါတယ်။ ဒါပေမဲ့ ရေတပ်ဗိုလ်ချုပ်ကြီး
ဂင်းနက်(ဇ်)ကတော့ ဂလာပါဂို့(စ်) ကျွန်းစုတွေအနီးမှာ စစ်ရေးတာဝန်ထမ်းဆောင်နေစဉ်အတွင်း
ဘယ်ငါးဖမ်းသင်္ဘောမှ အီကွေဒေါ ရေပြင်ပိုင်နက်ထဲကို ကျူးကျော် ဝင်ရောက်လာတာမရှိဘူးလို့ ပြောပါတယ်။
ပီရူးနဲ့အီကွေဒေါနိုင်ငံရဲ့ စီးပွါးရေးဟာ
ပယ်လယ်ထွက်အစားအစာတွေအပေါ်မှာအများကြီးမှီခိုနေရပါတယ်။
၂၀၁၈ ခုနှစ်မှာ အဲ့ဒီနှစ်နိုင်ငံဟာ ငါး မက်ထရစ်တန်ချိန် ၄.၅သန်းခန့်ဖမ်းဆီးရမိခဲ့
ပြီးအမေရိကန်ပြည်ထောင်စုကဖမ်းဆီးရမိခဲ့တဲ့ပမာဏလောက်ရှိပါတယ်။ဒါပေမဲ့ အဲ့ဒီတနှစ်ထဲမှာ တရုတ်ပြည်က ဖမ်းဆီးခဲ့တဲ့
ပ မာဏရဲ့ ၂၅ရာခိုင်နှုန်းသာရှိတယ်လို့
ကမ္ဘာ့ဘဏ်ရဲ့ရဲ့စာရင်းဇယားစစ်တမ်းတွေ
အရသိရပါတယ်။

 

(၂၀၂၀ မေလ ၄ရက်နေ့က အာဂျင်တီးနားသီးသန့်စီးပွါးရေးဇုံ ရေပိုင်နက်
အတွင်း ခိုးဝင်ငါးဖမ်းခဲ့တဲ့တရုတ်နိုင်ငံအလံ
လွှင့်ထူထားတဲ့ ငါးဖမ်းသင်္ဘောတစီးကို
ဖမ်းဆီးပြီးနောက် အာဂျင်တီးနီးယားရေတပ်
ကင်းလှည့်သင်္ဘောကစောင့်ကြပ်ပြီးခေါ်ဆောင်လာတဲ့ပုံဖြစ်ပါတယ်။)

ပီရူးနဲ့အီကွေဒေါနှစ်နိုင်ငံလုံးက ကြီးမားတဲ့တရုတ်ငါးဖမ်းသင်္ဘောတွေဟာ
သူတို့ရဲ့အစားအစာရင်းမြစ်ကိုထိခိုက်အောင်
ခြိမ်းခြောက်နေတယ်လို့ပြောပါတယ်။တရုတ်နိုင်ငံဟာကမ္ဘာပေါ်မှာပင်လယ်အစားအစာစားသုံးမှု အများဆုံးနိုင်ငံဖြစ်ပါတယ်။
တရုတ်ပြည်ရဲ့ငါးစားသုံးမှု ပမာဏဟာ
တကမ္ဘာလုံးကစားသုံးမှုပမာဏရဲ့ သုံးပုံတပုံ
ရှိပြီး၊နှစ်စဉ်စားသုံးမှုပမာဏ ၆ ရာခိုင်နှုန်း
တိုးနေပါတယ်။
လေ့လာသုံးသပ်သူတွေက “တရုတ်တွေရဲ့ တရားမဝင်၊ သတင်းမပို့၊စည်းကမ်းမလိုက်နာတဲ့ ငါးဖမ်းမှုတွေဟာ အခြားနိုင်ငံတွေရဲ့အချုပ်အခြာ အာဏာပိုင်စိုးမှုကို ခြိမ်းခြောက်နေတဲ့အပြင် တကမ္ဘာလုံးဆိုင်ရာ အစားအစာ ဖူလုံစေမှု ကွင်းဆက်ကို အန္တရယ်ပေးနေတယ်”
လို့ဆိုပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ မှာအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်နိုင်ငံရဲ့ ငါးဖမ်းတဲ့အလေ့အထတွေကို ရွေးထုတ်ပြီးပြောဆိုခဲ့ပါတယ်။တန်ချိန်သန်းပေါင်းများစွာရှိတဲ့ အမှိုက်တွေ၊ပလတ်စတစ်တွေကို သမုဒ္ဒ ရာထဲစွန့်ပစ်နေတာတွေ၊တခြားနိုင်ငံတွေရဲ့ရေပိုင်နက်ထဲမှာ တရားမဝင်ငါးခိုးဖမ်းနေတာတွေကို ထရန့်ကထောက်ပြပြောဆိုခဲ့ပါတယ်။

သမုဒ္ဒ ရာနဲ့ငါးလုပ်ငန်းအတွက်’ ဗြိတိန်နဲ့ကိုလံဘီယာအသက်မွေးမှုတက္ကသိုလ်’ရှိ ငါးလုပ်ငန်းစီးပွါးရေးသုတေသနယူနစ်မှာတာဝန်ထမ်းဆောင်တဲ့ ဒါရိုက်တာ ရာရှစ်ဆူမေလာ က VOA ကိုပြောပြတာကတော့”တရုပ်ပြည်အနီးအနားကရေပြင်တွေမှာ ငါးတွေကုန်ခမ်းလျှော့နည်းလာပြီဖြစ်လို့ တရုတ်တွေဟာတခြားစားကျက်အသစ်တွေကိုပဲရှာဖွေကြရတော့တယ်” လို့ဖြစ်ပါတယ်။

တရုတ်ပြည်မှာငါးကိုအလွန်ကြိုက်နှစ်သက်
စွာ စားသုံးကြပါတယ်။ဒါ့ကြောင့် တရားမဝင်၊သတင်းမပို့၊စည်းကမ်းမလိုက်နာတဲ့ငါးဖမ်းမှုတွေ ဖြစ်ပေါ်လာရပါတယ်။အာ့တာတွေကိုတားဆီးဖို့တရုတ်ပြည်မှာထိရောက်တဲ့မူဝါဒတွေချမှတ်ထားတာလည်းမရှိပါဘူး လို့ ရာရှစ်က ပြောပါတယ်။လန်ဒန်အခြေစိုက် ‘နိုင်ငံရပ်ခြားဖွံ့ဖြိုးတိုးတက်မှုသိပ္ပံ’ကမှတ်တမ်းတင်ထားချက်အရ တရုတ်ငါးဖမ်းသင်္ဘော၁၇၀၀၀ရှိနေတဲ့အတွက် သူတို့ကိုကမ္ဘာအနှံ့မှာစောင့်ကြည့်နေဖို့ရာမဖြစ်နိုင်ဘူးလို့ဆိုပါတယ်။

ဝါရှင်တန်တက္ကသိုလ်မှာ တရုတ်နိုငံခြားရေးနဲ့ သဘာဝပတ်ဝန်းကျင်အရေးမူဝါဒတွေကိုအထူးပြုလေ့လာနေတဲ့အဖွဲ့ဝင်ပါမောက္ခ တာဘစ်ထာ မယ်လိုရီ က “ဖွံဖြိုးဆဲတိုင်းပြည်ငယ်လေးတွေအတွက်သူတို့
ရဲ့ကမ်းရိုးတန်းရေပြင်တွေကို လုံခြုံအောင်စောင့်ကြပ်
ကြည့်ရှုဖို့ကခက်ခဲပါတယ်”လို့ VOA ကိုပြောပါတယ်။
တရုတ်ဟာ သူတို့ရဲ့ကမ်းရိုးတန်းရေပြင်တွေကိုကောင်းစွာစောင့်မကြည့်နိုင်တဲ့နိုင်ငံတွေထဲကို ငါးဝင်ဖမ်း
တယ်လို့သူမကပြောပါတယ်။

( တရုတ်ငါးဖမ်းသင်္ဘောတွေ ၂၀၁၈ခုနှစ်
ဧပြီလ၁၄ရက်နေ့က မော်ရီးနီးယားပြည်နယ်
နိုအာဒီဘူ ကမ်းရိုးတန်းအလွန်မှာဆိုက်ကပ်ထားပုံဖြစ်ပါတယ်)

ကမ်းရိုးတန်းစောင့်သင်္ဘောတွေနဲ့ အဲ့ဒီ
သင်္ဘောတွေအတွက်သုံးရမဲ့လောင်စာဆီ
အတွက် ကုန်ကျစားရိတ်ကြောင့် ဖွံ့ဖြိုးဆဲ
နိုင်ငံတွေအတွက်သူတို့ရဲ့ကမ်းရိုးတန်းရေပြင်ကို လုံခြုံအောင် မစောင့်ကြည့်နိုင်တော့ဘူးလို့
သူမကပြောပါတယ်။
အောက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဌ ၊အီဒါဟိုပြည်နယ် ရီပတ်ဘလီကန်တဦးဖြစ်တဲ့ အမေရိကန်ဆီးနိတ်လွှတ်တော်အမတ် ဂျင်(မ်) ရစ်(ခ်ျ)
က နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့
တရုတ်တွေ အလွန်အမင်း ငါးဖမ်းယူနေတာ
တွေကိုရပ်တန့်အောင်ဖိအားပေးဖို့လိုတယ်လို့
ပြောပါတယ်။

တရုတ်တွေရဲ့အလွန်အမင်းတရားမဝင်
ငါးခိုးဖမ်းနေတာတွေဟာ ကမ်းရိုးတန်း လက်တင် အမေရိကတိုင်းပြည် တွေရဲ့ နယ်မြေ ပိုင်စိုးမှုတည်တံ့ခိုင်မြဲရေးကို ချိုးဖောက် နေပြီး ၊ကာလကြာရှည် လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေဖြစ်လာစေတယ်လို့ ရစ်(ခ်ျ)ကပြောလိုက်ပါတယ်။
တရုတ်ကတော့ ငါးခိုးဖမ်းတာနဲ့ပတ်သက်ပြီး လုံးဝသည်းမခံတဲ့မူဝါဒကိုကျင့်သုံးမယ်လို့ကတိပေးပါတယ်။ဂလာပါဂို့(စ်) အနီးအနားမှာငါးဖမ်းတာတွေယာယီရပ်ဆိုင်းထားဖို့လည်းအဆိုပြုခဲ့ပါတယ်။

တရုတ်စိုက်ပျိုးရေးနဲ့ကျေးလက်ရေးရာ ဝန်ကြီး ဌာနအဆိုအရ အရှေ့ပစ္စဖိတ်သမုဒ္ဒ ရာ နဲ့အတ္တလန်တိတ်သမုဒ္ဒ ရာ အနောက်တောင်ဘက် ပင်လယ်ပြင်တွေမှာ
တရုတ်ငါးဖမ်းသင်္ဘောတွေအားလုံး ၃လကြာ
ငါးဖမ်းခွင့်ယာယီရပ်ဆိုင်းထားရန် တားမြစ်ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။ဒီတားမြစ်မှုဟာ ဇူလိုင်လ ၁ရက်နေ့က စတင်ပါတယ်။

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •