တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံသို့ COVID-19 ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံသို့ COVID-19 ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်

 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအစိုးရဌာနများသို့ COVID-19 ရောဂါ ကာကွယ်ရေးပစ္စည်းများလှူဒါန်းပေးအပ်ခြင်းအခမ်းအနားကို အောက်တိုဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနား၌ မြန်မာနို်င်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်ထံ နှာခေါင်းစည်း ၄ သောင်းခွဲ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

အထက်ပါနှာခေါင်းစည်းများကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနစသည့် ဌာနများသို့ လှူဒါန်းပေးအပ်သွားမည်ဖြစ်ပါသည်။

Credit – Chinese Embassy,Yangon

 


Spread the love
  •  
  •  
  •  
  •  
  •  
  •