တရုတ်နိုင်ငံမှ ဝယ်ယူမှုများကြောင့် နှမ်းစျေးများ အနည်းငယ်တက်လာ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တရုတ်နိုင်ငံမှ ဝယ်ယူမှုများကြောင့် နှမ်းစျေးများ အနည်းငယ်တက်လာ

တရုတ်နိုင်ငံမှ ဝယ်ယူမှုများကြောင့် နှမ်းစျေးများ အနည်းငယ်တက်လာကြောင်း မန္တလေး ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။

” နှမ်းလေးနည်းနည်းစျေးပြန်တက်လာတယ်။ ဒါကတော့ တရုတ်ဝယ်လိုအားကြောင့်ပါ။ တရုတ်ဝယ်ယူမှုကတော့ သူတို့ဘက်က စျေးကွက်လည်း ရှိနေသေးတယ်။ ဒါတောင် ငွေစျေးနှုန်းကျနေလို့ပေါ့။ ငွေစျေးနှုန်းတက်ခဲ့ရင်တော့ နည်းနည်းပိုတက်နိုင်တဲ့အနေအထားရှိပါတယ်။ ငွေစျေးကျတာကိုမှ သူတို့ဘက်က ဝယ်လိုအားရှိတဲ့အတွက် နည်းနည်းတက်တာပေါ့။ မြန်မာငွေစျေးက မာနေတဲ့အပြင် သူတို့ဘက်ကလည်း ဝယ်လိုအားရှိတာကြောင့် စျေးလေးနည်းနည်းတက်တာပါ။ တကယ်တမ်း ငွေစျေးမာရင် ပစ္စည်းက ကျတတ်တဲ့သဘာဝပါ။ နှမ်းကတော့ နယ်စုံထွက်ပါတယ်။ အခုရက်ပိုင်းထွက်တာကတော့ ရွှေဘို၊ ကျောက်ဆည်မှာ နှမ်းအသစ်လေးတွေ ထွက်နေပါတယ်။ ” ဟု မန္တလေးကုန်စည်ဒိုင် ဒုတိယ ဥက္ကဌ ဦးချွန်က ပြောသည်။

နှမ်းကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ အများဆုံး စိုက်ပျိုး ကြပြီး အရင်က နှမ်းတွေကို ပြည်တွင်း မှာ အများအပြားစားသုံးကြသော်လည်း ခေတ်ကာလ ပြောင်းလဲမှုအရ နှမ်းဆီအစား စားအုံးဆီ အစားထိုးသုံးစွဲလာလို့ ပြည်တွင်းစားသုံးမှု လျော့နည်းသွားကြောင်း သိရသည်။

ထိပ်ထားနိုင်


Spread the love
  •  
  •  
  •  
  •  
  •  
  •