တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကုန်သွယ်ရေးရေးဌာနမှ နှာခေါင်းစည်း (၄)သိန်းလာရောက်လှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပန်ဆိုင်း     စက်တင်ဘာ   ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နယ်စပ်ဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ ကုန်သွယ်ရေးဌာန က ကျန်းမာရေးအထောက်အကူပြု နှာခေါင်းစည်းများကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်ခန့် က မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ် ပန်ဆိုင်း(ကြူကုတ်)-ဝမ်တိန်တံတား၌ လာရောက် ပေးအပ်လှူဒါန်းသည်။

အဆိုပါနှာခေါင်းစည်းများကို မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အတွက် နှာခေါင်းစည်း(၁)သိန်း၊  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအတွက် နှာခေါင်းစည်း (၂) သိန်းနှင့် မွေးမြူရေးနှင့် ကုသရေးဝန်ကြီးဌာနအတွက် နှာခေါင်းစည်း (၁)သိန်းတို့ကို   လာရောက်ပေးအပ်လှူခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊တယ်ဟုန်ပြည်နယ်ခွဲ၊ ပြည်ပဆက်ဆံရေးဌာန၊ ပြည်ပဆက်ဆံရေး ဌာနမှူး မစ္စတာလီချီကွေးနှင့် တာဝန်ရှိသူတို့က ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို    လာရောက်ပေးအပ်လှူးဒါန်းခဲ့ရာ ဝန်ကြီးဌာနကိုယ်စား (၁၀၅)မိုင် ကုန်သွယ်ရေးဌာန၊ တာဝန်ခံညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း၊ မူဆယ်ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါက်တာသန်းနိုင်နှင့် ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြည်သူ့ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာတီခွန်ဆန်ဒွန်း တို့က အသီးသီးလက်ခံသည်။

ဆက်လက်ပြီး လာရောက်ပေးအပ်လှူဒါန်းသည့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို သက်ဆိုင်ရာ(ရုံးချုပ်)များနှင့် ဌာနအသီးသီးသို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

သန်းမိုးခိုင်  (ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •