တရုတ်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တရုတ်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ

ပေကျင်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ယခုနှစ်နွေရာသီတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်ရေကြီးရေလျှံမှုများ ဆက်လက်ရှိနိုင် သောကြောင့် ကူညီထောက်ပံ့ကယ်ဆယ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများက ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

 

ဇွန်လမှစ၍ နိုင်ငံအတွင်းရှိ မြစ်ချောင်းပေါင်း ၄၃၃ ခုတွင် မြစ်ရေကြီးမှုသတိပေးချက် ထုတ်ပြန်ခဲ့သည်။

ယခုနှစ် ယန်ဇီမြစ်ဝှမ်းတစ်လျှောက်တွင် ပျမ်းမျှမိုးရေချိန်ပမာဏသည် ၁၉၆၁ ခုနှစ်မှစ၍ ကာလတစ်လျှောက် အမြင့်ဆုံးဖြစ်ရာ အခြားနှစ်များထက် ၅၁ ရာခိုင်နှုန်းပိုများခဲ့ကြောင်း တရုတ်နိုင်ငံ အရေးပေါ် စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ကျန့်ကော်ကွမ်းက ဆိုသည်။

 

ဇူလိုင် ၁၃ ရက် နံနက် ၇ နာရီအထိ ပြည်နယ် ၂၇ ခုရှိဒေသများတွင် ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၃၈.၇၃ သန်းအပေါ် သက်ရောက်မှုရှိခဲ့ပြီး သေဆုံးသူ သို့မဟုတ် ပျောက်ဆုံးနေသူ ၁၄၁ ဦး၊ အရေးပေါ်နေရာရွှေ့ပြောင်းပေးထားသူ ၂.၂၄ သန်း ကျော် ရှိကြောင်းသိရသည်။

 

နေအိမ်အဆောက်အဦပေါင်း ၂၉,၀၀၀ လုံးခန့် ပျက်စီးခဲ့ပြီး တရုတ်ယွမ်ငွေ ၈၆.၁၆ ဘီလီယံ ဆုံးရှုံနစ်နာမှုရှိခဲ့ကြောင်း သိရသည်။

(Xinhua)


Spread the love
  •  
  •  
  •  
  •  
  •  
  •