တရုတ်နိုင်ငံ ချင်းဒေါင်တွင် ကိုဗစ်ကူးစက်မှုအသစ်ဖြစ်ပေါ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တရုတ်နိုင်ငံ ချင်းဒေါင်တွင် ကိုဗစ်ကူးစက်မှုအသစ်ဖြစ်ပေါ်

အောက်တိုဘာလ၁၂ရက် မနေ့ကတော့ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒုံပြည်နယ် ချင်းဒေါင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ဖြစ်ပေါ်ခဲ့တဲ့အတွက် စမ်းသပ်မှုတွေကို နေ့ချင်းညချင်းဆိုသလို ဆောင်ရွက်ခဲ့ပါတယ်။

ဆိပ်ကမ်းမြို့ ချင်းဒေါင်ဟာ လူဦးရေ၉သန်းရှိပြီး ကူးစက်မှုအနည်းငယ် တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ တရုတ်မှာ ကိုဗစ်ကိုထိန်းချုပ်နိုင်ပြီလို့ ထင်နေစဉ်မှာပဲ ခုလိုပြည်တွင်းကူးစက်မှုက တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ခုချိန်ထိတော့ ချင်းဒေါင်မှာ လူပေါင်း၂၇၇၀၀၀ကို ကျန်းမာရေးစစ်ဆေးပေးပြီး ဖြစ်ပါတယ်။ ကူးစက်မှုကတော့ (၉)ဦးတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ကိုဗစ်စစ်ဆေးမှုတွေကို မနေ့ကတစ်ညလုံးလုပ်ပေးနေတာ ဒီကနေ့မနက်အထိ လူတန်းကြီးမပြတ်သေးတာလည်း ဖြစ်ပါတယ်။

Source – AFP


Spread the love
  •  
  •  
  •  
  •  
  •  
  •