တရုတ်ပြည်ကိုတင်သွင်းတဲ့ ရေခဲရိုက်ပုဇွန်ကွန်တိန်နာတွေမှာကိုရိုနာဗိုင်းရပ်စ်တွေ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

🍤 #တရုတ်ပြည်ထဲကိုပြည်ပကတင်သွင်းတဲ့ ရေခဲရိုက်ပုဇွန်ကွန်တိန်နာတွေမှာကိုရိုနာဗိုင်းရပ်စ်တွေ့တဲ့ကိစ္စ။

🇨🇳 တရုတ်ပြည်ကို #အီကွေဒေါနိုင်ငံကနေတင်ပို့တဲ့ အအေးခဲထားတဲ့ပုဇွန်ကွန်တိန်နာအတွင်းနဲ့ အထုပ်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ ရှိခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေက #အီကွေဒေါကုမ္ပဏီသုံးခုဆီကနေ အအေးခဲထားတဲ့ပုဇွန်တင်သွင်းကို ရပ်ဆိုင်းထားလိုက်ပါတယ်။

တရုတ်ပြည်ထဲသို့ ပြည်ပကတင်သွင်းတဲ့ အအေးခဲထားတဲ့အစားအစာတွေကနေ နမူနာယူစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

နမူနာပေါင်း 223000 ယူစစ်ဆေးခဲ့ရာမှာ နမူနာခြောက်ခုမှာ Covid-19 ရောဂါပိုးကို တွေ့ခဲ့တာ ဖြစ်ပါတယ်။

Covid-19 ရောဂါပိုးကို ကွန်တိန်နာတွေရဲ့အတွင်းမှာနဲ့ ထုပ်ပိုးထားတဲ့အထုပ်တွေအပေါ်မှာသာတွေ့ခဲ့ပြီး #အထုပ်အတွင်းနဲ့ပုဇွန်တွေပေါ်မှာမတွေ့ရပါဘူး။

တရုတ် အစားအသောက်ဘေးကင်းလုံခြုံရေးဌာန လက်ထောက်ဒါရိုက်တာအပြောအရ Covid-19 ဟာ #အစားကသောက်ကနေကူးစက်ဖို့အခွင့်အလမ်းအလွန်နည်းပေမယ့် စားသုံးသူတွေက #သတိထားသင့်ပါတယ်တဲ့။

တရုတ်ပြည်ပေကျင်းမြို့တော်ရှိ Xin Fa Di ကုန်စိမ်းစျေးမှာ Covid-19 လူနာရာနဲ့ချီပြီးတွေ့ပြီးကတည်းက ပြည်ပကတင်သွင်းတဲ့ အစားအစာတွေကို အသေအချာစစ်ဆေးနေတာဖြစ်ပါတယ်။

🔺 အခုလို အအေးခဲထားတဲ့ပုဇွန်အထုပ်တွေပေါ်မှာတွေ့ရခြင်းဟာ ကိုင်တွယ် ထုပ်ပိုးလုပ်ကိုင်သူတွေ့မှာ Covid-19 ရောဂါရှိလို့ ဖြစ်နိုင်ပါတယ်။

🔺 အစားအသောက်ပြင်ဆင်သူတွေဟာ ရောဂါလက္ခဏာမပြတဲ့ asymptomatic ရောဂါသယ်ဆောင်သူတွေဖြစ်ပြီး ချောင်ဆိုး၊ နှာချေတာ၊ အသက်ရှုထုတ်ရာကနေ ရောဂါပိုးပြန့်စေမှာ ဖြစ်ပါတယ်။

🔺 ဒါကြောင့် #စားသောက်ဆိုင်က အစားအသောက်ပြင်ဆင်သူတွေ၊ စားပွဲထိုးတွေ အနေနဲ့ mask တပ်တာ၊ လက်ဆေးတာ၊ ခပ်ခွာခွာနေတာစတဲ့ မူကို #အသေအချာလိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။

🔺 အခုအချိန်အထိအစားအသောက်ကနေ Covid-19 ကူးတဲ့အခွင့်အလမ်းအလွန်နည်းပြီး အဲ့လိုဖြစ်တဲ့သတင်းမကြားရသေးပါ။

🔺 သို့သော် အသားငါးဟင်းသီးဟင်းရွက်တွေကို သန့်စင်ပြီး အသေအချာကျက်အောင်ချက်ပြုတ်သင့်ပါကြောင်း။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
11-July-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •