“တရုတ်ပြည်က သမ္မတထရမ့်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ​ဟောင်း မိုက်ပွန်ပီအို အပေါ် အရေးယူ ပိတ်ဆို့မှုတွေချမှတ်”  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“တရုတ်ပြည်က မိုက်ပွန်ပီအို အပေါ် အရေးယူ
ပိတ်ဆို့မှုတွေချမှတ်”

January 21,2021

တရုတ်ပြည်က အရင် သမ္မတထရမ့်ရဲ့ အစိုးရအဖွဲ့ထဲက နိုင်ငံခြား​ရေးဝန်ကြီး မိုက်ပွန်ပီအို အပါအဝင် သမ္မတဟောင်းရဲ့အစိုးရအဖွဲ့ဝင်များနဲ့ အရာရှိ
၂ဒါဇင်ကျော်ကို တိုင်းပြည်ရဲ့အချုပ်အခြာ
အာဏာကိုချိုးဖောက်တဲ့အတွက် တရုတ်ပြည်
က အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားတယ်လို့
တရုတ်ပြည်နိုင်ငံခြားရေးဝန်ကြီးဌာနက
ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
ဂျိုးဘိုင်ဒင် ဝါရှင်တန်မှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုစဉ်မှာ ဒီဆေါင်ရွက်ချက်
ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
အစိုးရသစ်နဲ့ကဏ္ဍသစ်တရပ် ဖွင့်လှစ်လိုက်ခြင်းမှာ တရုတ်ပြည် အပေါ်
တင်းတင်းမာမာဆက်ရှိနေမယ်လို့ မျှော်လင့်ထားပေမဲ့ ထရမ့်ရဲ့ သဘောထားကွဲပြားစေခဲ့တဲ့ “အမေရိကန်ပဌမ”
ချဉ်းကပ်မှုအလွန်မှာ အမေရိကန်ဟာ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်မယ်လို့မျှော်လင့်ထားပါတယ်။
“လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ တရုတ်ပြည်အပေါ်ထားတဲ့အမုန်းတရား၊မာနနဲ့အာဃာတတွေကနေ သူတို့ရဲ့နိုင်ငံရေးကိုယ်ကျိုးစီးပွါးကိုအလေးထားတဲ့ တရုတ်ဆန့်ကျင်ရေးနိုင်ငံရေးသမားတွေ
အမေရိကန်ပြည်ထောင်စုမှာပေါ်ထွက်လာခဲ့ပြီး၊သူတို့ဟာ တရုတ်ပြည်သူတွေ နဲ့ အမေရိကန်ပြည်သူတွေရဲ့အကျိုးစီးပွါးကိုလုံးဝအလေးမထားခဲ့ကြပါဘူး။သူတို့ဟာ
ရူးကြောင်ကြောင်လုပ်ရပ်တွေကိုပဲ တသီတတန်းကြီးစီစဉ်ဆောင်ရွက်ခဲ့ကြတယ်။”
လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

” အဲဒီဆေါင်ရွက်ချက်တွေဟာ တရုတ်ပြည်ရဲ့ပြည်တွင်းရေးကိစ္စတွေမှာစိုးရိမ်ဖွယ်ရာဝင်ရောက်စွက်ဖက်တယ်။တရုတ်ပြည်သူတွေရဲ့အကျိုးစီးပွါးတွေကိုဟန့်တားနှောင့်ယှက်တယ်။တရုတ်ပြည်သူတွေကို ရန်လိုဆန့်ကျင်တယ်။တရုတ်ပြည်နဲ့အမေရိကန်ပြည်ထောင်စုရဲ့ ဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့တယ်လို့ ထပ်မံဖော်ပြထား ပါတယ်။
“တရုတ်ပြည်ဟာ သူ့နိုင်ငံရဲ့ အချုပ်အခြာ
အာဏာကိုဆိုးဆိုးဝါးဝါးချိုးဖောက်ခဲ့တဲ့သူ၂၈
ဦးကို ပိတ်ဆို့အရေးယူမှုတွေပြစ်ဒါဏ်ချမှတ်ဖို့
ဆုံးဖြတ်လိုက်ပါတယ်။သူတို့ဟာ တရုတ်ပြည်
နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာ အထက်ဖော်ပြပါ
အမေရိကန်ပြည်ထောင်စုရဲ့ကျူးလွန်မှုမျိုးတွေနဲ့ ပတ်သက်ပြီးတာဝန်ရှိတယ်။”လို့
နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုပါတယ်။

မိုက်ပွန်ပီအိုအပြင် ပိတ်ဆို့အရေးယူမှုချမှတ်ခံရတဲ့သူတွေမှာထရမ့်ရဲ့ ကုန်သွယ်ရေးအကြံပေး ပီတာနာဗာရို၊အမျိုးသားလုံခြုံရေးအကြံပေး
ရောဘတ် အိုဘရိုင်ယန်၊အရှေ့အာရှ နဲ့ ပစ္စိဖိတ်
ရေးရာအတွက်လက်ထောက်အတွင်းရေးမှူး
ဒေးဗစ် စတီးဝဲ(လ်)၊ကျန်းမာရေးအတွင်းရေးမှူး အဲလက် အက်ဇာ၊
ကမ္ဘာ့ကုလသမဂ္ဂ သံတမန် ကယ်လီ ခရပ်ဖ်(တ်)
တို့လည်း အခြားသူတွေကြားထဲမှာ ပါဝင်နေပါတယ်။
ဘီဂျင်းက အရင်ထရမ့်ရဲ့အမျိုးသားလုံခြုံရေးအကြံပေး
ဂျွန်ဘိုလ်တန် နဲ့ အရင် အကြံပေးအရာရှိ စတိဗ်
ဘန်နွန် ကိုလည်း ပိတ်ဆို့အရေးယူထားပါတယ်။
အဲ့ဒီ အရာရှိတွေနဲ့မိသားစုအဖွဲ့ဝင်တွေကို
တရုတ်ပြည်မကြီး၊ဟောင်ကောင်၊မကာအို တို့ကို ဝင်ရောက်ခွင့်တားမြစ်ပိတ်ပင်ထားတယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
“သူတို့တတွေ နဲ့ သူတို့နဲ့ပတ်သက်ဆက်နွယ်နေတဲ့ကုမ္ပဏီတွေလူမှုအဖွဲ့အစည်းတွေကို တရုတ်ပြည်နဲ့စီးပွါးရေးလုပ်ကိုင်ဆောင်ရွက်ခွင့်ကို ပိတ်ပင်တားမြစ်ထားပါတယ်။”လို့
နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်ပြောပါတယ်။
စီးပွါးရေး နဲ့ နိုင်ငံရေး မူဝါဒတွေကို ဦးဆောင်ဖို့ ဂျိုးဘိုင်ဒင်ရွေးချယ်ထားတဲ့သူတွေဟာ တရုတ်
ရဲ့ကုန်သွယ်ရေးအနိုင်ကျင့်မှုတွေကို တိုက်ဖျက်
တွန်းလှန်တဲ့ဝါရှင်တန်ရဲ့ကြိုးပမ်းဆောင်ရွက်ချက်တွေကိုအာ့းလျှော့အောင်မလုပ်ဖို့ လက်မှတ်ရေးထိုးထားပြီးဖြစ်သလို လွန်ခဲ့တဲ့၄နှစ်​ကျော်က
တရုတ်ပြည်ရဲ့ကုန်ပစ္စည်းတွေအပေါ် ဒေါ်လာ
ဘီလျှံနဲ့ချီပြီးပြစ်ဒါဏ်ချမှတ်တဲ့အနေနဲ့ ကုန်
သွယ်ခွန်ကောက်ခံပြီး ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲ
ခဲ့တဲ့ ထရမ့်ရဲ့ဆောင်ရွက်ချက်တွေအပေါ်မှာဘုံသဘောတူညီမှုရှိကြပါတယ်။
“တရုတ်ပြည်အစိုးရဟာ တရုတ်ပြည်ရဲ့
နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေး နဲ့
တိုးတက်ဖွံ့ဖြိုးရေးအကျိုးစီးပွါးတွေကို ကာကွယ်ဖို့ သံဓိဌာန် ချမှတ်ထားတယ်။”လို့
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ကြေညာ
ချက်မှာဖော်ပြထားပါတယ်။
ဘိုင်ဒင်ရဲ့ဘဏ္ဍာရေးဌာနအတွက်ရွေး
ချယ်ထားတဲ့ ဂျဲနက် ယဲလင်(န်) နဲ့ နိုင်ငံတော်
သမ္မတရုံးအတွက်ရွေးချယ်ဖို့လျာထားခြင်း
ခံရသူ အန်ထော်နီ ဘလင်ကင်(န်)က အမေရိကန် ကုမ္ပဏီတွေ နဲ့ အလုပ်သမားတွေကို ဘီဂျင်းနဲ့ပိုပြီး ယှဉ်ပြိုင်
နိုင်ဖို့အတွက် အရင်းအနှီးတွေ ပိုမိုပြီးထုတ်ပေးရန် အစိုးရအဖွဲ့သစ်ရဲ့ကတိပြုပြောဆိုချက်တွေကို
ရည်ညွှန်းပြောဆိုထားပြီးဖြစ်ပါတယ်။

Ref:(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •