“တရုတ်ပြည်ရဲ့သြဇာတိက္ကမကြီးတဲ့ နည်းပညာဆိုင်ရာသူဌေးကြီး ဂျက်မားပျောက်ဆုံးနေ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“တရုတ်ပြည်ရဲ့သြဇာတိက္ကမကြီးတဲ့ နည်းပညာဆိုင်ရာသူဌေးကြီး ဂျက်မားပျောက်ဆုံးနေ”

January 5, 2020

အလီဘာဘာ ကုမ္ပဏီကိုတည်ထောင်ခဲ့တဲ့
တရုတ်ပြည်က သြဇာတိက္ကမကြီးမားတဲ့
သူဌေးကြီး ဂျက်မားဟာ လွန်ခဲ့တဲ့၂လအတွင်း
ကပျောက်ဆုံးသွားခဲ့သလို သူပါဝင်တဲ့ ရုပ်မြင်သံကြားရဲ့နောက်ဆုံး ဇာတ်ဝင်ခန်းမှာ
တရားသူကြီးအဖြစ်ပေါ်ထွက်လာရမှာကိုလဲ
တွေ့မြင်ရတော့ခြင်းမရှိတော့တဲ့အတွက်
သူ့ရဲ့ပြန့်ကျဲနေတဲ့စီးပွါးရေးအင်ပါယာကြီးကို
တရုတ်အာဏာပိုင်တွေရဲ့ သြဇာသုံးနှိပ်ကွပ်
နေမှုတွေကြောင့် ဂျက်မား ဘယ်ရောက်သွား
သလဲဆိုတဲ့တွေးခေါ်တွက်ချက်မှုတွေ လူမှုသတင်းမီဒီယာတွေကြားမှာထွက်ပေါ်လာခဲ့ပါတယ်။

ရှန်ဟိုင်းမြို့မှာကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့အောက်တိုဘာလူထုဆွေးနွေးပွဲပြီးကတည်းက အများပြည်သူရှေ့မှောက်မှာကျင်းပတဲ့အခမ်းအနားတခုမှာ ဂျက်မားပေါ်ထွက်လာတာမရှိတော့ပါဘူး။
ရှန်ဟိုင်းဆွေးနွေးပွဲမှာပြောဆိုခဲ့တဲ့မိန့်ခွန်းတခု
ဟာသူ့ကို အာဏာပိုင်တွေ နဲ့ပဋိပက္ခဖြစ်စေတဲ့လမ်းကြောင်းပေါ်ရောက်
သွားစေပြီး သူက တရုတ်ပြည်ရဲ့အာဏာကျင့်သုံးပုံစံနစ်ကိုအပြင်းအထန်ဝေဖန်ပြောဆိုခဲ့ပါတယ်။

အဲ့ဒီအကျိုးဆက်က Alibaba’s Ant Group
ရဲ့ ငွေကြေးနည်းပညာဆိုင်ရာရုံးခွဲတခု
ဖြစ်တဲ့ဒေါ်လာ၃၇ဘီလျှံတန်ကြေးရှိ IPOကို ရပ်ဆိုင်းခံခဲ့ရပါတယ်။
အာဖရိကရဲ့စီးပွါးရေးသူရဲကောင်းများလို့
ခေါ်တဲ့စွန့်ဦးတီထွင်သူစီးပွါးရေးလုပ်ငန်းရှင်တွေအတွက်game show တခုက နိုဝင်ဘာလရဲ့နောက်ဆုံးဇာတ်ဝင်ခန်းမှာ တရားသူကြီးတယောက်အဖြစ် ဂျက်မား ကိုအစားထိုးခဲ့တယ်လို့ The Financial Times သတင်းစာကသတင်းဖော်ပြခဲ့ပါတယ်။
အလီဘာဘာရဲ့ပြောရေးဆိုခွင့်ရှိသူ
အမျိုးသမီးက ရိုက်တာကို တနင်္လာနေ့ကပြောဆိုရာမှာ ဒီပြောင်းလဲမှု
ဟာ အစီအစဥ်တကျဆောင်ရွက်နေတဲ့ ပဋိပက္ခ
တခုဖြစ်တယ်လို့ပြောဆိုခဲ့ပြီးနောက်ထပ်
အသေးစိတ်ဝေဖန်ပြောဆိုဖို့ငြင်းဆန်ခဲ့
ပါတယ်။
အများပြည်သူမြင်ကွင်းက ဂျက်မား
ပျောက်ကွယ်နေတာနဲ့ပတ်သက်ပြီး တရုတ်ပြည်မှာအသုံးပြုခွင့်ပိတ်ပင်ထားတဲ့
တွစ်တာပေါ်မှာ တွက်ချက်ခန့်မှန်းပြောဆိုရေးသားတာတွေပေါ်ထွက်နေစဉ်မှာ တရုတ်ပြည်မကြီးက
ဆိုရှယ်မီဒီယာတွေပေါ်မှာ သိသာထင်ရှားတဲ့ ဒီကိစ္စကိုဦးတည်ပြောဆိုတာမျိုးတခုမှမတွေ့ရပါဘူး။တရုတ်ပြည်မှာ ထိခိုက်လွယ်တဲ့သတင်းမျိုးတွေကိုတားမြစ်
ပိတ်ဆို့ ဆင်ဆာလုပ်ထားလေ့ရှိပါတယ်။
အောက်တိုဘာလက ဂျက်မားရဲ့မိန့်ခွန်း
ပြောဆိုပြီးကတည်းကတရုတ်စည်းမျဉ်းဥပဒေထိန်းသိမ်းသူတွေဟာ ဂျက်မားရဲ့ စီးပွါးရေးလုပ်ငန်းကိုပစ်မှတ်ထားလာခဲ့ကြပါတယ်။အလီဘာဘာအတွင်းထဲမှာတဦးထည်းလက်ဝါးကြီးအုပ်မှု စုံစမ်းစစ်ဆေးရေးကိုစတင်ဆောင်ရွက်လာခဲ့ပြီး Ant ရဲ့ငွေကြေးချေးငှါးခြင်းနဲ့ အရင်းအနှီးလိုအပ်ချက်တွေကိုဖြည့်ဆီးပေးရန် အခြားသောဦးပိုင်ကုမ္ပဏီတခုဖန်တီးခြင်း
အပါအဝင်အခြားသောငွေကြေးဆိုင်ရာစီးပွါး
ရေးလုပ်ငန်းတွေကိုကိုင်လှုပ်ပြီး ယိုင်နဲ့အောင်
လုပ်ဆောင်ခဲ့ပါတယ်။
“သူ့ကို ထောင််ထောင် ထောင်ထောင်မလုပ်ပဲ ကျိုးကျိုးနွံနွံနေဖို့ပြောလိုက်ပြီလို့ကျွန်တော်ထင်တယ်။”လို့
ဘီဂျင်းအခြေစိုက် နည်းပညာအတိုင်ပင်ခံ
လုပ်ငန်းBDA Chinaရဲ့ဥက္ကဌ
ဒွန်ကန် ကလပ်(ခ်) က ပြောဆိုပါတယ်။”ဒါဟာအတော်လေးထူးခြားတဲ့အခြေအနေတခုပါ။Antနဲ့
အတိုင်းအတာတရပ်အထိပိုပြီးဆက်စပ်နေပြီး
ငွေကြေးဆိုင်ရာစည်းမျဥ်းဥပဒေပေါ်မှာ အထိ
အခိုက်မခံနိုင်တဲ့အကဲဆတ်မှုတွေပါဝင်တယ်။”
လို့သူကပြောဆိုပါတယ်။
အလီဘာဘာရဲ့ ဟောင်ကောင်မှာစာရင်း
ပေါက်တဲ့ရှယ်ယာတွေဟာ တနင်္လာနေ့မှာ
၂.၁၅ ရာခိုင်နှုန်းအထိတန်ဖိုး ကျဆင်းသွားခဲ့ပါတယ်။

Ref:(REUTERS)


Spread the love
  •  
  •  
  •  
  •  
  •  
  •