တရုတ်ပြည်ဟာ သူ့တရုတ်ပြည်တွင်းမှာ နိုင်ငံခြား ကုမ္ပဏီတွေကို သံတမန်ရေးလက်နက်အဖြစ် သက်ဆိုင်ရာနိုင်ငံတွေကို ဖိအားပေးဖို့နဲ့ အပြစ်ဒဏ်ခတ်ရာမှာ အသုံးချခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါတယ်။
အခုတလော ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ တရုတ်ပြည်ဟာ သူဖော်တဲ့ဆေးရဲ့အရသာ သူပြန်ခံစားနေရပြီလို့ ဆိုကြပါတယ်။
🇮🇳 အိန္ဒိယမှာ နယ်စပ်ကိစ္စနဲ့ စစ်သား အယောက် 20 ကျဆုံးခဲ့မှုကြောင့် လူထုကြီးဒေါသထွက်နေကြပါတယ်။
🔥 အိန္ဒိယလူထုဟာ တရုတ်ပြည်လုပ်ပစ္စည်းတွေကို မီးရှို့ခြင်း သပိတ်မှောက်ခြင်းတွေ ပြုလုပ်နေကြပါတယ်။
လူထုက တရုတ်ဆော့ဝဲလ်တွေကို ဖျက်ထုတ်ပစ်တာတွေလုပ်သလို အစိုးရတယ်လီဖုန်းကုမ္ပဏီတွေကလည်း တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ ZTE တို့ Huawei တို့ဆီက ပစ္စည်းတွေ မဝယ်တော့ပါဘူး။
ပုဂ္ဂလိက ကုမ္ပဏီတွေကလည်း အဲ့လိုလုပ်ပြီး 5G network ကိစ္စတွေရပ်တန့်မယ်လို့ ဆိုနေပါတယ်။
🇬🇧 ယူကေနိုင်ငံမှာဆိုရင် ဟောင်ကောင်ကိစ္စဖြစ်ကတည်းက ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆန်ကို Huawei ရဲ့ 5G network ကို ဘန်းဖို့ဖိအားတွေ ပေးနေကြပါတယ်။
TikTok ဟာလည်း တရုတ်ကိုဓားရိုးကမ်းနေတာဖြစ်နိုင်တယ်ဆိုပြီး အသေအချာစောင့်ကြည့်ခိုင်းနေပါတယ်။
တကယ်တော့လည်း ကမ္ဘာလူတွေ TikTok မှာ ဘာလုပ်လုပ်တရုတ်ကသိနေတာပဲ။
အစိုးရဝန်ထမ်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ တရုတ်ကုမ္ပဏီတွေနဲ့ relationship ပိုနက်နက်နဲနဲလုပ်ဖို့ဆိုတာ သင့်တော်ပါ့မလားလို့ တွေးလာကြပြီဖြစ်ပါတယ်တဲ့။ relationship ပိုနက်နဲလာလေ ဖိအားပိုများလာလေ အဖက်ဖက်ကဖြစ်မှာ စိုးရိမ်နေကြလို့ဖြစ်ပါတယ်တဲ့။ Oxford University ရဲ့ ဒါရိုက်တာ Rana Mitter ကပြောတာဖြစ်ပါတယ်။
တရုတ်ပြည်ရဲ့ ဆတ်ဆတ်ထိမခံ သံတမန်ရေးပုံစံရယ် အိန္ဒိယနဲ့ စစ်ရေးငြိစွန်းမှုဟာ ရေရှည်အကျိုးသက်ရောက်မှုတွေဖြစ်လာမယ်လို့ German Marshall Fund မှ Andrew Small ကပြောဆိုပါကြောင်း။
https://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant
Richard Myo Thant
24-June-2019