တရုတ်ပြည် မှာ bubonic ပလိပ်ရောဂါနဲ့ပတ်သက်ပြီး Third-level alert ထုတ်ပြန်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တရုတ်ပြည် မှာ bubonic ပလိပ်ရောဂါနဲ့ပတ်သက်ပြီး Third-level alert ထုတ်ပြန်

🇨🇳 တရုတ်ပြည်အတွင်းမွန်ဂိုးလီယားရှိ Bayan Nur မှာ bubonic ပလိပ်ရောဂါနဲ့ပတ်သက်ပြီး Third-level alert ထုတ်ပြန်။

 

▪️ bubonic ပလိပ်ရောဂါနဲ့ လူတစ်ယောက်သေဆုံးသွားလို့ဖြစ်ပါတယ်။

▪️ဗျူးဘိုးနစ် (byoo-bo-nuhk) လို့ အသံထွက်ပါတယ်။

▪️ဒါဟာ ဒီပလိပ်ရောဂါနဲ့ပတ်သက်ပြီး အတွင်းမွန်ဂိုးလီးယားဒေသမှာ တစ်လအတွင်း ဒုတိယအကြိမ်လူသေဆုံးမှုဖြစ်ပါတယ်။

▪️ bubonic ပလိပ်ရောဂါဟာ ဟိုးတစ်ချိန် Middle Ages ကာလတုန်းက Black Death လို့ အမည်တွင်ခဲ့တဲ့ရောဂါပါ။

▪️အဲ့ဒီ ပလိပ်ရောဂါဟာ အလွန်ကူးစက်လွယ်ပြီး အသက်အန္တရာယ်ရှိကာ ကြွက်တွေကနေ ရောဂါပြန့်နှံ့စေပါတယ်။

 

▪️အဲ့ဒီမြို့မှာ ဇွန်လ ၁၈ ရက်နေ့တုန်းက 🐀 ကြွက်သေ ၄ ကောင်မှာ ပလိပ်ရောဂါဖြစ်စေတဲ့ Yersinia pestis ဘက်တီးရီးယားကို တွေ့ရှိခဲ့ပါတယ်။

▪️Third-level alert ဆိုတာက ကျန်းမာရေးသတိပေးချက်အဆင့်လေးဆင့်မှာ ဒုတိယအနိမ့်ဆုံးအဆင့်ပါ။

▪️အခုသေဆုံးသွားသူနေခဲ့တဲ့နေရာကို lockdown လုပ်ပြီး အနီးကပ်နေခဲ့သူ ၇ ယောက်ကို quarantine ထားပါတယ်။

▪️အခုသေဆုံးသွားသူဟာ အစာလမ်းကြောင်းမှာဖြစ်တဲ့ ပလိပ်ရောဂါအမျိုးအစားဖြစ်ပြီး ဝမ်းလျှောတာ၊ ကိုယ်ပူချိန်အရမ်းတက်တာ၊ ဝမ်းဗိုက်အလွန်နာကျင်တာတွေ ခံစားရတယ်လို့ ဆိုပါတယ်။

အရင် တစ်လလောက်က အဲ့ဒီရောဂါတွေ့ရှိကြောင်းသတင်းကို အောက်ကလင့်မှာ ဖတ်ပါ။ 👇

https://www.facebook.com/100000543557502/posts/3595915110436572/?d=n

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
7-Aug-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •