တရုတ်ပြည် အနောက်ပိုင်း Xinjiang ပြည်နယ်ရဲ့မြို့တော် Urumqi ကို အရေးပေါ် Lock Down ချလိုက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

🇨🇳 တရုတ်ပြည် အနောက်ပိုင်း Xinjiang ပြည်နယ်ရဲ့မြို့တော် Urumqi ကို မပြောမဆိုနဲ့ အသွားအလာကန့်သတ်မှုတွေလုပ်ချ လိုက်ပါတယ်။

▪️ရက်ပေါင်း 149 ရက် Covid-19 ကင်းစင်နေခဲ့ပြီးမှ Covid-19 #လူနာခြောက်ယောက်နဲ့ #ရောဂါပိုးတွေ့ပြီးရောဂါလက္ခဏာမပြတဲ့ asymptomatic လူနာပေါင်း 11 ယောက်တွေ့ခဲ့လို့ ဖြစ်ပါတယ်။

🚉 လူပေါင်း 3.5 သန်းနေတဲ့ အဲ့ဒီမြို့ရဲ့ ရထားလိုင်းကို ကြာသပတေးနေ့ညနေက ပိတ်ချလိုက်ပါတယ်။

🛬 လေဆိပ်ခရီးသည်အဝင်အထွက်လည်း ကန့်သတ်လိုက်ပါတယ်။

🛒 လူတွေကတော့ ထုံးစံအတိုင်း panic buying (ပစ္စည်းအလုအယက်ပြေးဝယ်ကြတယ်)။

 

Xinjiang ကွန်မြူနစ်ပါတီကော်မတီက ယနေ့သောကြာနေ့မှာ ပြောတာကတော့….

▪️ကူးစက်နိုင်တဲ့လမ်းကြောင်းအားလုံးကိုဖြတ်တောက်ပစ်မယ်။

▪️ဆေးရုံတွေရှိ fever clinic တွေမှာ အသေအချာစစ်ဆေးမယ်။

▪️လူစုလူဝေးကို လူထုအကြား ကျေးရွာတွေအထိ အသေအချာ #ပိုပြီးထိန်းချုပ်ပါမယ်တဲ့။

🚨 Xinjiang ပြည်နယ်မှာ Covid-19 အကြီးအကျယ်စဖြစ်နေပြီလို့ သံသယစရှိတာက စီးပွားရေးသမားတစ်ယောက်က Urumqi မြို့ကနေ Zhejiang မြို့ကို ရောက်နေပါတယ်။

သူ့ကိုXinjiang ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက Test လုပ်ဖို့ ဖုံးဆက်ပြောလာကနေ လူတွေသံသယစဝင်လာတာ ဖြစ်ပါတယ်။

👉 သူ့ကို Test လုပ်တော့ asymptomatic case ဖြစ်နေပါတယ်။

Xinjiang ကျန်းမာရေးကောင်စီက ကြာသပတေးနေ့ နေ့လည်မှာ ကြေညာရာမှာ ပြီးခဲ့တဲ့အပတ်သောကြာနေ့က အသက် 24 နှစ်ရှိ လက်လီဆိုင်အရောင်းစာရေး အမျိုးသမီးမှာ #လည်ချောင်းနာလာလို့ ဆေးရုံပို့ရာက Covid-19 case ဖြစ်နေတာတွေ့ရတယ်တဲ့။

#ဆိုင်မှာစျေးရောင်းသူဖြစ်နေတော့ကူးစက်ပြန့်ပွားမှုများသွားနိုင်ပါတယ်။

#သူမနဲ့အနီးကပ်နေသူ သုံးယောက်မှာလည်း ပိုးတွေ့ပါတယ်။ လက္ခဏာတော့မပြပါဘူး။

အဲ့ဒီကနေ Xinjiang မှာ ရောဂါလက္ခဏာပြသူ 5 ယောက်နဲ့ asymptomatic case 8 ယောက်ထပ်တွေ့ပါတယ်။

▪️အခုလို ရုတ်တရက် lockdown ချလိုက်တာက လူတွေစျေးလုဝယ်ကြ၊ ခရီးသွားတွေ ဘူတာမှာ အများကြီးပိတ်မိနေတာတွေ ဖြစ်စေခဲ့ပါတယ်။

 

👉 ဒီ Xinjiang ကိစ္စဟာ #သင်ခန်းစာယူရမယ့်ကိစ္စဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ တရုတ်ပြည် Xinjiang နဲ့ ကပ်နေတဲ့ ကာဇက်စတန် နိုင်ငံမှာ Covid-19 ရော အမည်မသိ နမိုးနီးယားရော ဖြစ်နေတယ်လို့ သတင်းထွက်နေခဲ့တာပါ။

အခုအထိ ကာဇက်စတန်နိုင်ငံမှာ Covid လူနာ 66895 ယောက်ရှိနေပါပြီ။

#အိမ်နီးချင်းနိုင်ငံမှာ Covid အကြီးအကျယ်ဖြစ်နေချိန်မှာ တရုတ်ပြည် Xinjiang ပြည်နယ်အတွက် စိုးရိမ်ခဲ့ကြပါတယ်။

အခုတော့ အားလုံးစိုးရိမ်သလို Xinjiang မှာ Covid ပြန်စနေပါပြီ။

“Covid-19 အတွက် #သတိဆိုတာပိုတယ်လို့မရှိပါ။”

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

(

Richard Myo Thant
17-July-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •