တရုတ်မြန်မာနယ်စပ်က Covid positive ပြဿနာ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒီနေ့ပဲတရုတ်မြန်မာနယ်စပ်မှာ Covid positive တွေ့တဲ့သတင်းဖတ်ရပါတယ်။

▪️တရုတ်နယ်စပ်ရွှေလီမှာ မြန်မာဘက်ကနှစ်ယောက်မှာ Covid positive တွေ့တာဖြစ်ပြီး သူတို့မြန်မာဘက်ကနေ တရုတ်ဘက်ကို ဘယ်တုန်းကဝင်လာသလဲ စုံစမ်းနေတုန်းပဲတဲ့။

▪️အရေးကြီးတာက တရုတ်ဘက်က #ခိုးဝင်မြန်မာတွေကိုနယ်စပ်မှာမြေလှန်ရှာပါလိမ့်မယ်။

▪️တရုတ်ပြည်မှာအကြီးအကျယ်ဖြစ်နေတုန်းက မြန်မာနယ်စပ်ကို #အဲ့လိုသူတို့ဘက်ကစိစစ်ပေးခဲ့သင့်တယ်။

👉 အဲ့ဒီမှာဘာတွေ့လဲဆိုရင် ဘယ်သူမှကိုယ့်ဘက်ကိုစဉ်းပေးမှာမဟုတ်။ ကိုယ့်အတွက်ပဲကိုယ်ကြည့်ပြီး အင်အားကြီးတဲ့သူက အပေါ်စီးကနေတတ်တာကို သင်ခန်းစာယူရပါမယ်။ ကြိုးစားကြ၊ ပြုပြင်ကြပေါ့ဗျာ။

▪️မြန်မာမှာစတွေ့တယ်လည်းဆိုရော သူတို့ဘက်ကိုအသေတင်းကျပ်တော့တာပဲ။

▪️အခုဟာက အသေအချာစိစစ်မှာဖြစ်ပြီး ပိုမိုတင်းကျပ်ပါလိမ့်မယ်။

▪️ပထမလူနာဟာ အသက် ၃၂ နှစ်ရှိတဲ့အမျိုးသမီးဖြစ်ပြီး #ပြီးခဲ့တဲ့စနေနေ့က positive ဖြစ်ပေမယ့် ဘာရောဂါလက္ခဏာမှမပြပါတဲ့။ ဒါပေမယ့် တနင်္ဂနွေနေ့ကျမှ စပြီးရောဂါလက္ခဏာပြပါတယ်တဲ့။

▪️နောက်တစ်ယောက်ကလည်း အမျိုးသမီးဖြစ်ပြီး အသက် ၁၆ နှစ်ရှိသူဖြစ်ပါတယ်။

▪️တနင်္ဂနွေနေ့က ရွှေလီကပြည်သူ့ဆေးရုံကို ပို့လိုက်တယ်ပြောပါတယ်။

▪️မြန်မာနဲ့ထိစပ်နေတဲ့ ယူနန်ပြည်နယ်မှာ တနင်္ဂနွေနေ့အထိ positive ဖြစ်ပြီး ရောဂါလက္ခဏာမပြသူ ၅ ယောက်တွေ့ထားပါတယ်။

▪️ရွှေလီကပထမလူနာနေတဲ့နေရာကို Lock down လုပ်ထားပါတယ်တဲ့။

🇨🇳 တရုတ်အစိုးရဟာ ဝူဟန့်မှာ Covid အကြီးအကျယ်ဖြစ်ပြီး ငြိမ်သွာကတည်းက တရုတ်ပြည်ကို Covid ရန်ကလုံအောင်အသေအချာပြင်ဆင်ပါတယ်။

▪️သူ့ပြည်သူတွေမျက်နှာပဲကြည့်ပြီး ဘယ်အိမ်နီးချင်းမျက်နှာမှမကြည့်ပါ။

▪️အစောင့်တွေကလည်း သူတို့နိုင်ငံသားတွေဘက်ပဲသိပြီး သူတို့နိုင်ငံရဲ့သစ္စာကိုပဲအပြည့်အဝစောင့်သိပါတယ်။

▪️အစောင့်တာဝန်ကိုပေါ့ပေါ့ဆဆကိုင်တွယ်ခြင်း၊ ငွေမျက်နှာကြည့်ခြင်းလုံးဝမလုပ်ပါ။

▪️လိုအပ်ရင်ပစ်သတ်ဖို့ဝန်လေးလိမ့်မည်မဟုတ်ပါ။ Covid ဟာပေါ့လို့မရတာ။ အပြင်မီးကိုအတွင်းထဲထပ်အရောက်မခံဖို့ #အပြည့်အဝသတိရှိကြပါတယ်။

▪️သူတို့နိုင်ငံနဲ့ သုတို့ပြည်သူတွေအတွက် ဒီလိုလုပ်တာဟာ #သူ့နိုင်ငံအတွက်မှန်ကန်ပါတယ်။

▪️ဒါမျိုးကိုကျနော်တို့ဘက်ကအတုယူပြီး ပြန်လုပ်ဖို့လိုပါတယ်။

▪️တရုတ်ဟာမြန်မာနယ်စပ်သာမက ရုရှားစတဲ့နယ်စပ်တွေကိုလည်း တင်းတင်းကျပ်ကျပ်စစ်ဆေးအရေးယူခဲ့တာတွေရှိပါတယ်။

ပြန်ပြောပါမယ်။

👉 အဲ့ဒီမှာဘာတွေ့လဲဆိုရင် ဘယ်သူမှကိုယ့်ဘက်ကိုစဉ်းပေးမှာမဟုတ်။ ကိုယ့်အတွက်ပဲကိုယ်ကြည့်ပြီး အင်အားကြီးတဲ့သူက အပေါ်စီးကနေတတ်တာကို သင်ခန်းစာယူရပါမယ်။ ကြိုးစားကြ၊ ပြုပြင်ကြပေါ့ဗျာ။

ရွှေလီနယ်စပ်အခြေအနေဟာ တကယ့်ကိုလုပ်ရခက်ကိုင်ရခက်ကြီးဖြစ်နေပါပြီ။

“#ရွှေလီရောက်မြန်မာတွေအဆင်ပြေပါစေခင်ဗျား။”

Richard Myo Thant
15-September-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •