တရုတ်အစိုးရဟာ ဟောင်ကောင်သားတွေကို ဗြိတိန်က ထုတ်ပေးထါးတဲ့ passport ကိုအသိအမှတ်မပြုတော့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တရုတ်အစိုးရဟာ ဟောင်ကောင်သားတွေကို ဗြိတိသျှအစိုးရက ထုတ်ပေးထါးတဲ့ passport ကိုအသိအမှတ်မပြုတော့

🇨🇳 တရုတ်အစိုးရဟာ 🇭🇰 ဟောင်ကောင်သားတွေရဲ့ BN (O) passport ကို #အသိအမှတ်မပြုတော့ဘူးလို့ ဆိုပါတယ်။

BN (O) passport ဆိုတာ British National (Overseas) passport ကို အတိုကောက် ခေါ်တာပါ။

၁၉၉၆ ခုနှစ်မတိုင်တုန်းက ဟောင်ကောင်သားတွေကို 🇬🇧 ဗြိတိသျှအစိုးရက BN(O) ပတ်စပို့တွေကို ပြည်ပရောက် ဗြိတိသျှနိုင်ငံသားတွေအနေနဲ့ ထုတ်ပေးခဲ့ပုံရပါတယ်။

ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေဖြစ်လာပြီးနောက်ပိုင်းမှာ တရုတ်အစိုးရရဲ့ကိုင်တွယ်ပုံက ပြည်သူ့အသံကို သေချာနားထောင်ဖို့ထက် ဟောင်ကောင်ရဲနဲ့ ခပ်ကြမ်းကြမ်းနှိမ်နင်းခဲ့တာ တွေ့ရပါတယ်။

ဟောင်ကောင်ဆန္ဒပြပွဲမီးဟာ အခုအခါ ထိုင်နိုင်ငံကို ကူးစက်ပြီး ထိုင်းဝန်ကြီးချုပ်နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဟောင်ကောင်ရှိ ဆန္ဒပြပွဲတွေ ပြဿနာက အကျယ်အကျယ်မငြိမ်းဖွယ်ဖြစ်လာတာရယ်၊ Covid ကိစ္စရယ်၊ အမေရိကန်ရဲ့ ဖိအားရယ် အကြောင်းတွေဆုံလာတဲ့အခါမှာ ဟောင်ကောင်လုံခြုံရေးဥပဒေကို တရုတ်အစိုးရက အတင်းအကျပ်ပြဌာန်းလာပါတယ်။

ဗြိတိသျှဟာ ဟောင်ကောင်ကို တရုတ်ကို လက်လွှဲပေးတဲ့ ၁၉၉၆ ခုနှစ်ကတည်းက အသုံးအနှုန်းပြဿနာ အတော်တက်ခဲ့တာကို ကျနော်မှတ်မိနေပါတယ်။

ဗြိတိသျှတို့က ဟောင်ကောင်ကိုလက်လွှဲပေးခြင်း (hand over) လို့သုံးပြီး တရုတ်တို့က ပြန်ပေးခြင်း (return) လို့ သုံးစေချင်ခဲ့ပါတယ်။

၁၉၈၄ မှာ တရုတ်ဝန်ကြီးချုပ် ကျောက်ကျိယန်နဲ့ ယူကေဝန်ကြီးချုပ် မာဂရက်သက်ချာတို့ #တစ်နိုင်ငံစနစ်နှစ်ခုမူ (one country, two systems) ကို နားလည်မှုစာချွန်ထိုးပါတယ်။

အဲ့ဒီစာချွန်လွှာကိစ္စကလည်း အငြင်းပွားစရာပါ။ ယူကေဘက်က အဲ့ဒီစာချွန်လွှာကို ကိုင်ပြောရင် တရုတ်ဘက်က ဒိတ်အောက်နေတဲ့ စာချွန်လွှာလို့ ပြောပါတယ်။

အခုကြတော့လည်း သူတို့က အဲ့ဒီစာချွန်လွှာကိုလိုက်နာပြီး ယူကေဘက်ကမလိုက်နာဘူးလို့ ပြောပြန်ပါတယ်။

ဗြိတိသျှတို့ဟာ ဟောင်ကောင်ကို တရုတ်ဆီလက်လွှဲပေးခဲ့အပြီးမှာလည်း #သူများသားသမီးကိုယ်မွေးခဲ့တာကိုပြန်လက်လွှဲပေးခဲ့ရသလို ဟောင်ကောင်သားတွေရဲ့ အကျိုးစီးပွားကို ဆက်လက်စောင့်ကြည့်ခဲ့ပါတယ်။

အဲ့ဒီမှာ အငြင်းပွားစရာတွေအများကြီးရှိလာပါတယ်။

ကိုယ်မွေးစားခဲ့တဲ့သားသမီးကို အမေရင်းကရိုက်တာလက်ပိုက်ကြည့်နေသင့်မသင့်ကိစ္စဖြစ်ပါတယ်။

တကယ်တော့ဆိုင်ပဲဆိုင်တယ်မပိုင်တော့ပါဘူး။

အဲ့ဒီတော့ ယူကေက ဟောင်ကောင်သားတွေကို အကယ်လို့တရုတ်ရဲ့ အုပ်ချုပ်မှုကို မကြိုက်ရင် ယူကေလာနေခွင့်ပေးဖို့ ကမ်းလှမ်းလာပါတယ်။

တကယ်ဆိုရင် ဟောင်ကောင်ကနေ ပညာတတ်နဲ့ငွေတတ်နိုင်သူတွေဟာ ယူကေကိုရွှေ့ပြောင်းအခြေချနိုင်ပါတယ်။

🇬🇧 ယူကေအစိုးရက အခုအခါ #အပြည့်အဝရွှေလက်ကမ်းကာကြိုနေပါတယ်။

🇬🇧 ယူကေနိုင်ငံဆိုတာ ဗြိတိန်ရယ်၊ မြောက်ပိုင်းအိုက်ယာလန်နိုင်ငံတို့ပါတဲ့ နိုင်ငံကိုခေါ်တာပါ။

ယူကေ ခေါ်လိုက် ဗြိတိန်ခေါ်လိုက် နာမည်နှစ်မျိုးနဲ့ လူသိများပါတယ်။ စကော့တလန်တို့ ဝေလနယ်တို့ကိစ္စပါထည့်ပြောရင် သမိုင်းကြောင်းရှည်မှာစိုးလို့ ထည့်မပြောတော့ပါ။

ယူကေကိုကူးပြောင်းလာနေဖို့ ဟောင်ကောင်သားတွေဟာ ဝင်ငွေအနည်းအများမကန့်သတ်တော့ဘူး၊ ငါးနှစ်နေပြီးရင် ယူကေနိုင်ငံသားအပြည့်အဝရမယ်ဆိုပြီး ရွှေလက်ကမ်းတာပါ။

ဒါမျိုးမြန်မာပြည်ကိုသာ သူတို့အုပ်ချုပ်ခဲ့ဖူးတဲ့အတွက် ဟောင်ကောင်နဲ့အတူတူ ရွှေလက်ကမ်းခဲ့ရင် ယူကေကိုရွှေ့ပြောင်းကြမယ့်သူတွေ မနည်းပါ။

🇬🇧 ယူကေအစိုးရရဲ့ ကမ်းလှမ်းမှုဟာ ထင်ထားတာထက်အများကြီးကောင်းမွန်ပါတယ်လို့ လူဝင်မှုကြီးကြပ်ရေးနားလည်သူတွေက ဆိုကြပါတယ်။

အခုအခါမှာ 🇨🇳 တရုတ်အစိုးရဟာ 🇭🇰 ဟောင်ကောင်သားတွေရဲ့ BN (O) passport ကို #အသိအမှတ်မပြုတော့ဘူးလို့ ဆိုရင် ဘယ်လိုပဲ ရွှေလက်ကမ်းကမ်း ဟောင်ကောင်သားတွေအတွက် မျှော်လင့်ချက်မဲ့သွားနိုင်ပါကြောင်း။

Richard Myo Thant
23-July-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •