တရုတ် မှာသဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်ပြီး လမ်းအတော်များများပြိုကျ
🌨️ 🇨🇳 တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Shaanxi ပြည်နယ် Yulin မြို့မှာ မိုးအကြီးအကျယ်ရွာတဲ့အတွက် 💥#သဘာဝဓာတ်ငွေ့ပိုက်လိုင်းထပေါက်ပြီး မြေပြိုကာ လမ်းအတော်များများပြိုကျခဲ့တယ်လို့ဆိုပါတယ်။
▪️မနေ့က ဩဂတ်လ ၅ ရက်နေ့ ညနေပိုင်းကဖြစ်ခဲ့ပုံရပါတယ်။
▪️အခုအထိ လူ ၆၀၀ ကို ဘေးလွတ်ရာကိုရွှေ့ပြောင်းထားပါတယ်။
▪️အသေးစိတ်ကိုမသိရသေးပါ။
🇨🇳 တရုတ်ပြည်မှာ မိုးကြီးပြီးမြေပြိုမှုတွေဖြစ်ရင် သွယ်တန်းထားတဲ့ ဂတ်စ်ပိုက်လိုင်းတွေ ထပေါက်တာဖြစ်တတ်ပါတယ်။
▪️အဲ့ဒီ Yulin မြို့မှာပဲ ၂၀၁၇ နှစ်ဆန်းပိုင်းမှာ ဂတ်စ်ပိုက်လိုင်းထပေါက်လို့ အိမ်သာတစ်လုံးပြိုကျကာ လူတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရဖူးပါတယ်။
▪️၂၀၁၇ ဇူလိုင်လမှာပဲ Guizhouမှာ သဘာဝဓာတ်ငွေ့လိုင်းထပေါက်ခဲ့လို့ လူ ၈ ယောက်သေဆုံးပြီး ၃၅ ယောက် ဒဏ်ရာရဖူးပါတယ်။
▪️၂၀၁၆ ခုနှစ်အတွင်း တရုတ်ပြည်အလယ်ပိုင်းက ဓာတ်အားပေးစက်ရုံရှိ ဂတ်စ်ပိုက်လိုင်းထပေါက်ခဲ့လို့ လူ ၂၁ ယောက်သေဆုံးခဲ့ဖူးပါတယ်။
▪️၂၀၁၅ ခုနှစ် Tianjin ဆိပ်ကမ်းရှိ ဂိုထောင် ပေါက်ကွဲမှုမှာ လူပေါင်း ၁၇၃ ယောက်သေဆုံးကာ ၈ ယောက်ပျေက်ဆုံးပြီး ၇၉၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
💥 ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာက ဓာတ်မြေဩဇာလုပ်ရာမှာသုံးတဲ့ အမိုနီယမ်နိုက်ထရိတ် တန် ၈၀၀ ရယ်၊ ပိုတက်ဆီယမ်နိုက်ထရိတ် တန် ၅၀၀ ရယ်၊ ဆိုဒီယမ်ဆိုင်ယာနိုက်ရယ်၊ ကယ်ဆီယမ်ကာဘိုက်ရယ် အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းအမျိုးပေါင်း ၄၀ လောက် စုစုပေါင်း တန် ၃၀၀၀ လောက်သိုလှောင်ထားရာမှ ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။
▪️ပထမမီးလောင်လို့ရောက်ရှိလာတဲ့ မီးသတ်သမားတွေဟာ ဓာတုပစ္စည်းတွေရှိတာမသိပဲ 💦ရေနဲ့ပက်ဖျန်းခဲ့ရာက ပိုပြီးမီးလောင်ပေါက်ကွဲမှုကို ဖြစ်စေခဲ့ပါတယ်။
▪️ဒီနေရာမှာ ဗဟုသုတအဖြစ် ထည့်သွင်းပြောလိုတာက အဲ့ဒီဓာတုပစ္စည်းတွေကို သိုလှောင်ရင် အန္တရာယ်ကင်းအောင်ထိန်းသိမ်းမှုစနစ်၊ လူနေအိမ်တွေနဲ့ဝေးကွာမှုစံသတ်မှတ်ချက်နဲ့ သတ်မှတ်ပမာဏ legal limits ဆိုတာရှိပါတယ်။
▪️ဓာတ်ငွေ့ပိုက်လိုင်းနဲ့ စွမ်းအင်စနစ်တွေမှာလည်း ကျနော်တို့တရုတ်ကို explosion proof ပစ္စည်းတွေရောင်းတုန်းက တရုတ်ရဲ့ NEPSI certificate ကိုယူရပါတယ်။
💥 ၂၀၁၃ ခုနှစ်တုန်းက Qingdao oil pipeline ပေါက်ကွဲမှုဟာ နာမည်ကြီးပါတယ်။
Qingdao ချင်းတောင်ကို ကျနော်သွားတုန်းက အဲ့ဒီအကြောင်းကိုပြောဖြစ်ပါတယ်။
▪️ပိုက်လိုင်းကကွဲပြီးတော့ လမ်းပေါ်ကို ဆီတွေ ၁၅ မိနစ်လောက်ယိုဖိတ်ကုန်ပါတယ်။ နောက်တော့ပင်လယ်ထဲကိုပါယိုဖိတ်ကုန်ပါတယ်။
▪️နာရီအတော်ကြာ အလုပ်သမားတွေ သန့်ရှင်းရေးလုပ်နေစဉ်မှာ နှစ်နေရာက မီးထလောင်ပြီးပေါက်ကွဲပါတယ်။
▪️ဆီတွေကိုမီးလောင်တာမှပင်လယ်ပြင်ပေါ်ဖိတ်နေတဲ့ဆီကွက်ကြီးကိုပါမီးလောင်ခမနေ့ကလည်း လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်က ပေါက်ကွဲမှုဟာ လူအနည်းဆုံး ၁၃၅ ယောက်သေဆုံးပြီး ၅၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
လူထုဒေါသနဲ့ အပြစ်တင်မှုတွေပြင်းထန်နေပြီး စုံစမ်းစစ်ဆေးမှုတွေစတင်နေပြီဖြစ်ပါကြောင်း။
https://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant
Richard Myo Thant
6-Aug-2020